အတုေတြ မထည့္ခင္ထဲက ခ်စ္ဖို႔ေကာင္းတာပါလို႔ ေျပာလာတဲ့ ေနျခည္ဦး

ပရိသတ္ႀကီးေရ .. ဆယ္ေက်ာ္သက္မိန္းကေလးေတြရဲ႕ Idol လို႔ေတာင္ေျပာလို႔ရတဲ့ ဗ်ဴးတီးဘေလာ့ဂါ ေနျခည္ဦးကေတာ့ မိန္းကေလးေတြရဲ႕ အလွပေတြအတြက္ေရွ႕ေဆာင္လမ္းျပ ေပးေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ ဗ်ဴးတီးဘေလာ့ဂါအျဖစ္ ပရိသတ္ေတြ စတင္သတိထားမိလာတဲ့ ခ်ီခ်ီကေတာ့ အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးလာၿပီး မင္းသမီးတစ္ေယာက ္အျဖစ္ပါရပ္တည္လာၿပီျဖစ္ပါတယ္ ။ ေနျခည္တစ္ေယာက္ မၾကာေသးမီက ပရိသတ္ေတြကို ႀကီးမားတဲ့ သူမရဲ႕ ေျပာင္းလဲမႈတစ္ခုကို ခ်ျပခဲ့ပါတယ္


ပထမဆုံးအႀကိမ္ မ်က္ရစ္နဲ႔ ႏွာေခါင္းခြဲစိတ္မႈျပဳလုပ္ခဲ့ၿပီး မၾကာေသးမီကေတာ့ ရင္သားခြဲစိတ္မႈနဲ႔ ေမး႐ိုးခြဲစိတ္ျပဳျပင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္ ။ အခုလို ခြဲစိတ္ျပဳျပင္မႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ေဝဖန္တိုက္ခိုက္မႈေတြကိုလည္း အမ်ားအျပားခံခဲ့ရပါေသးတယ္ ။ ဒါေပမယ့္ခ်ီခ်ီ ကေတာ့ သူမရဲ႕ခြဲစိတ္မႈေတြကို သူမလို လွခ်င္သူေတြအတြက္ အေတြ႕ႀကဳံေလးေတြ ကို ဗီဒီယိုေလးေတြနဲ႔အတူ ျပန္လည္မွ်ေဝေပးခဲ့ၿပီး ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပခဲ့သူပါ ။ မခြဲစိတ္မီက ႐ုပ္ရည္နဲ႔ အရမ္းကိုကြဲျပားျခားနားသြားတဲ့အတြက္ သူမကို ေဝဖန္မႈေတြအရမ္းကို ျပင္းထန္ခဲ့တာပါ ။

အခုလို ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး လတ္တေလာမွာေတာ့ ေနျခည္တစ္ေယာက္ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ” အတုေတြ မထည့္ခင္ ကတည္းက ခ်စ္စရာေကာင္းတာပါကြာ အရမ္းႀကီးေတာ့ မေျပာၾကပါနဲ႔ ” ဆိုတဲ့စာသားေလးနဲ႔အတူ မခြဲစိတ္မီနဲ႔ လက္ရွိပုံရိပ္အခ်ိဳ႕ကို ယွဥ္ျပခဲ့ပါတယ္ ။ အႏုပညာရွင္အခ်ိဳ႕နဲ႔ ပရိသတ္အခ်ိဳ႕ကေတာ့ အတြင္းစိတ္ေလးကေတာ့ လွၿပီးသားမို႔ အရင္ကတည္းက ခ်စ္တာလို႔ အားေပးစကားေလးေတြ မွတ္ခ်က္ေရးသားထားၾကပါတယ္ ။

Source : Nay Chi Oo
Credit Cele Gabar

UNICODE

ပရိသတ်ကြီးရေ .. ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ Idol လို့တောင်ပြောလို့ရတဲ့ ဗျူးတီးဘလော့ဂါ နေခြည်ဦးကတော့ မိန်းကလေးတွေရဲ့ အလှပတွေအတွက်ရှေ့ဆောင်လမ်းပြ ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဗျူးတီးဘလော့ဂါအဖြစ် ပရိသတ်တွေ စတင်သတိထားမိလာတဲ့ ချီချီကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး မင်းသမီးတစ်ယောက ်အဖြစ်ပါရပ်တည်လာပြီဖြစ်ပါတယ် ။ နေခြည်တစ်ယောက် မကြာသေးမီက ပရိသတ်တွေကို ကြီးမားတဲ့ သူမရဲ့ ပြောင်းလဲမှုတစ်ခုကို ချပြခဲ့ပါတယ်

ပထမဆုံးအကြိမ် မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့ပြီး မကြာသေးမီကတော့ ရင်သားခွဲစိတ်မှုနဲ့ မေးရိုးခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ အခုလို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း အများအပြားခံခဲ့ရပါသေးတယ် ။ ဒါပေမယ့်ချီချီ ကတော့ သူမရဲ့ခွဲစိတ်မှုတွေကို သူမလို လှချင်သူတွေအတွက် အတွေ့ကြုံလေးတွေ ကို ဗီဒီယိုလေးတွေနဲ့အတူ ပြန်လည်မျှဝေပေးခဲ့ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့သူပါ ။ မခွဲစိတ်မီက ရုပ်ရည်နဲ့ အရမ်းကိုကွဲပြားခြားနားသွားတဲ့အတွက် သူမကို ဝေဖန်မှုတွေအရမ်းကို ပြင်းထန်ခဲ့တာပါ ။

အခုလို ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး လတ်တလောမှာတော့ နေခြည်တစ်ယောက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ” အတုတွေ မထည့်ခင် ကတည်းက ချစ်စရာကောင်းတာပါကွာ အရမ်းကြီးတော့ မပြောကြပါနဲ့ ” ဆိုတဲ့စာသားလေးနဲ့အတူ မခွဲစိတ်မီနဲ့ လက်ရှိပုံရိပ်အချို့ကို ယှဉ်ပြခဲ့ပါတယ် ။ အနုပညာရှင်အချို့နဲ့ ပရိသတ်အချို့ကတော့ အတွင်းစိတ်လေးကတော့ လှပြီးသားမို့ အရင်ကတည်းက ချစ်တာလို့ အားပေးစကားလေးတွေ မှတ်ချက်ရေးသားထားကြပါတယ် ။

Source : Nay Chi Oo
Credit Cele Gabar

Leave a Comment