ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ထူးအိမ်သင်ရဲ့ အင်တာဗျူးအမေးအဖြေတစ်ခု




Source : Marn Thit
Credit Cele Gabar

UNICODE

ထူးအိမ်သင် က သူချစ်ရတဲ့ အနုပညာတွေကို စွန့်ခွာပြီး လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့တာ ကြာခဲ့ပြီဖြစ်ပေမယ့် သူဖန်တီးသီဆိုခဲ့တဲ့ တေးသီချင်းတွေကတော့ ခုချိန်ထိ လူကြီးလူငယ်မရွေး ပရိသတ်အားလုံးရဲ့ရင်ထဲမှာတော့ ရှင်သန်နေဆဲပါပဲ ။ သူဖန်တီးသီဆိုခဲ့တဲ့တေးသီချင်းကောင်းတွေကတော့ ခုချိန်ထိ ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များနေဆဲပဲဖြစ်ပါတယ် ။

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ တေးသံရှင်ထူးအိမ်သင်ရဲ့ ရှားရှားပါးပါး အင်တာဗျူး လေးတစ်ခုဟာ ပရိသတ်တွေကြားမှာရေပန်းစားနေပါတယ် ။ မေးသမျှမေးခွန်းတိုင်းကို လိုရင်းတိုရှင်းနဲ့ စိတ်ထဲရှိတဲ့အတိုင်းဖြေဆိုထားတာဖြစ်ပြီး အင်တာဗျူးဖြေဆိုလေ့မရှိတဲ့ သူ့ရဲ့ ရှားရှားပါးပါး အင်တာဗျူးလေးတစ်ခုလို့လည်းသိရပါတယ် ။ ဒီအင်တာဗျူး လေးကို အနုပညာရှင်တွေကလည်း ပြန်လည်မျှဝေထားတာတွေ့ရပါတယ် ။

ကိုငှက်လို့ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ထူးအိမ်သင်တစ်ယောက်ကတော့ လူသေပေမယ့် ဘယ်တော့မှ နာမည်မသေမယ့် အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးပြောပြစရာလိုမယ်မထင်တော့ပါဘူး ။ပရိသတ်ကြီးအတွက်လည်း ကိုငှက်ရဲ့ အင်တာဗျူးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Marn Thit
Credit Cele Gabar

Leave a Comment