ျမန္မာ့လက္ေရြးစင္ ေဘာလုံးသမား ေမာင္ေမာင္လြင္ကို ကာမလိမ္လည္မႈျဖင့္ အမႈဖြင့္ထား

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးသမား ေမာင္ေမာင္လြင္ကို လိမ္လည္လက္ထပ္မႈ(ပုဒ္မ ၄၁၇)နဲ႔ တရားစြဲထားပါတယ္…အခုကြၽန္မမွာ သူနဲ႔ရတဲ့ကိုယ္ဝန္ကို လြယ္ထားရေပမဲ့ ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး သူ႔ဘက္က လာေဆြးေႏြးတာမ်ိဳး လုံးဝမရွိပါဘူး…လို႔ေျပာလာပါတယ္ကာမ လိမ္လည္မႈ ဆိုတာဘာလဲ။ ရည္းစားထားရတာ အႏၲရာယ္ရွိေနသလား။…လိမ္လည္ၿပီး ကာမရယူမႈနဲ႔ တရားစြဲတာေတြ ခပ္စိပ္စိပ္ၾကားလာေနရတယ္။ အဲသလိုၾကားလာရတာနဲ႔အမွ် ဂိုဏ္းႏွစ္ဂိုဏ္းသိသိသာသာ ကြဲလာတယ္။ ဒီပုဒ္မနဲ႔တရားစြဲတာကိုေထာက္ခံသူဂိုဏ္းနဲ႔ ကန႔္ကြက္သူဂိုဏ္း။“မိန္းကေလးတေယာက္ကို ယူပါမယ္ေျပာၿပီးအတူအိပ္၊ ၿပီးေတာ့ မယူဘဲထားခဲ့တာ တရားသလား။” “ဖိုနဲ႔မ သေဘာတူအိပ္တုန္းကအိပ္ၿပီး ေနာင္မွ တရားစြဲတာ ျဖစ္သင့္သလား။”

“မိန္းကေလးေတြကို ေယာက္်ားေလးေတြက ေက်ာရ႐ုံအေပ်ာ္ႀကံတာ မိန္းကေလးေတြဘက္က မနစ္နာဘူးလား။” “နစ္နာတယ္ထင္ရင္ အစကတည္းက အတူမအိပ္နဲ႔ေပါ့။” “ယူမယ္ထင္လို႔ အတူအိပ္တာေပါ့။ မယူမွန္းသိရင္ ဘယ္သူကအိပ္မွာလဲ။“မိန္းကေလးေတြကို အခြင့္အေရးယူၿပီး တာဝန္မယူခ်င္တဲ့လူေတြကို ခြင့္ျပဳရမွာလား။” “ကိုယ့္ရည္းစားနဲ႔ကိုယ္ ႏွစ္ေယာက္သေဘာတူ အတူအိပ္မိတာနဲ႔ ေထာင္က်ရေတာ့မွာလား။” ဒီလိုအျငင္းပြားမႈေတြက တျဖည္းျဖည္းက်ယ္သထက္က်ယ္လာတယ္။ ဘာ့ေၾကာင့္ ဒီေလာက္အျငင္းပြားစရာျဖစ္ေနရတာလဲ။ လိမ္လည္ၿပီးကာမရယူမႈဆိုတာဘာလဲ။

“ျမန္မာႏိုင္ငံမွာ ကာမလိမ္လည္မႈနဲ႔ပတ္သက္ၿပီး သီးျခားျပ႒ာန္းထားတဲ့ ဥပေဒ မရွိပါဘူး။ ဒါေပမယ့္အမ်ိဳးသမီးတေယာက္ကို ယုံၾကည္ေအာင္ေျပာဆိုၿပီးေတာ့ သူနဲ႔အတူကာမဆက္ဆံၿပီးမွ မယူေတာ့ဘူးဆိုလို႔ရွိရင္ ရာဇသတ္ႀကီးက ျပ႒ာန္းထားတဲ့ ပုဒ္မ ၄၁၇ နဲ႔စြဲတာေတြ ကြၽန္မတို႔ေတြ႕ရပါတယ္။”

Credit to Original

UNICODE

မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို လိမ်လည်လက်ထပ်မှု(ပုဒ်မ ၄၁၇)နဲ့ တရားစွဲထားပါတယ်…အခုကျွန်မမှာ သူနဲ့ရတဲ့ကိုယ်ဝန်ကို လွယ်ထားရပေမဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး သူ့ဘက်က လာဆွေးနွေးတာမျိုး လုံးဝမရှိပါဘူး…လို့ပြောလာပါတယ်ကာမ လိမ်လည်မှု ဆိုတာဘာလဲ။ ရည်းစားထားရတာ အန္တရာယ်ရှိနေသလား။…လိမ်လည်ပြီး ကာမရယူမှုနဲ့ တရားစွဲတာတွေ ခပ်စိပ်စိပ်ကြားလာနေရတယ်။ အဲသလိုကြားလာရတာနဲ့အမျှ ဂိုဏ်းနှစ်ဂိုဏ်းသိသိသာသာ ကွဲလာတယ်။ ဒီပုဒ်မနဲ့တရားစွဲတာကိုထောက်ခံသူဂိုဏ်းနဲ့ ကန့်ကွက်သူဂိုဏ်း။“မိန်းကလေးတယောက်ကို ယူပါမယ်ပြောပြီးအတူအိပ်၊ ပြီးတော့ မယူဘဲထားခဲ့တာ တရားသလား။” “ဖိုနဲ့မ သဘောတူအိပ်တုန်းကအိပ်ပြီး နောင်မှ တရားစွဲတာ ဖြစ်သင့်သလား။”

“မိန်းကလေးတွေကို ယောက်ျားလေးတွေက ကျောရရုံအပျော်ကြံတာ မိန်းကလေးတွေဘက်က မနစ်နာဘူးလား။” “နစ်နာတယ်ထင်ရင် အစကတည်းက အတူမအိပ်နဲ့ပေါ့။” “ယူမယ်ထင်လို့ အတူအိပ်တာပေါ့။ မယူမှန်းသိရင် ဘယ်သူကအိပ်မှာလဲ။“မိန်းကလေးတွေကို အခွင့်အရေးယူပြီး တာဝန်မယူချင်တဲ့လူတွေကို ခွင့်ပြုရမှာလား။” “ကိုယ့်ရည်းစားနဲ့ကိုယ် နှစ်ယောက်သဘောတူ အတူအိပ်မိတာနဲ့ ထောင်ကျရတော့မှာလား။” ဒီလိုအငြင်းပွားမှုတွေက တဖြည်းဖြည်းကျယ်သထက်ကျယ်လာတယ်။ ဘာ့ကြောင့် ဒီလောက်အငြင်းပွားစရာဖြစ်နေရတာလဲ။ လိမ်လည်ပြီးကာမရယူမှုဆိုတာဘာလဲ။

“မြန်မာနိုင်ငံမှာ ကာမလိမ်လည်မှုနဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိပါဘူး။ ဒါပေမယ့်အမျိုးသမီးတယောက်ကို ယုံကြည်အောင်ပြောဆိုပြီးတော့ သူနဲ့အတူကာမဆက်ဆံပြီးမှ မယူတော့ဘူးဆိုလို့ရှိရင် ရာဇသတ်ကြီးက ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၁၇ နဲ့စွဲတာတွေ ကျွန်မတို့တွေ့ရပါတယ်။”

Credit to Original

Leave a Comment