Facebook မွာလူမွားၿပီး စကားေျပာခဲ့မိရာမွ ခ်စ္ႀကိဳက္သြားခဲ့ၾကတဲ့ အသက္ ၆၂ ႏွစ္အ႐ြယ္အမ်ိဳးသမီးနဲ႔ ၂၆ ႏွစ္အ႐ြယ္ေကာင္ေလး

အမ်ိဳးသမီးတစ္ဦးဟာ သူမထက္အသက္ ၃၇ ႏွစ္ငယ္တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ Facebook ေပၚမွာ လူမွားၿပီးစကားေျပာခဲ့ရာမွ အဆိုပါေကာင္ေလးႏွင့္ ခင္မင္ရင္းႏွီးသြားခဲ့ၿပီး ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ အဂၤလန္ႏိုင္ငံ Kent ေဒသမွ အဆိုပါအမ်ိဳးသမီးရဲ႕နာမည္ကေတာ့ Isabell Dibble ျဖစ္ၿပီး အသက္ ၆၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ပါတယ္။

Isabell ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလမွာ အသက္ ၂၆ ႏွစ္အ႐ြယ္ Bayram Boussada ဆိုတဲ့ အမ်ိဳးသားကို Facebook မွာ စ add ခဲ့ၿပီး သူငယ္ခ်င္းျဖစ္သြားခဲ့ၾကပါတယ္။ အစပိုင္းမွာေတာ့ Isabell ဟာ Bayram ကို သူမ တူနီးရွားမွာ အားလပ္ရက္ခရီးသြားခဲ့စဥ္က လူတစ္ေယာက္နဲ႔ အထင္မွားၿပီး စကားသြားေျပာခဲ့ပါတယ္။Bayram ကလည္း Isabell အေနနဲ႔ လူမွားေနတာျဖစ္ေၾကာင္း စကားအျပန္အလွန္ ေျပာဆိုၾကရင္း ေနာက္ပိုင္းမွာေတာ့ တစ္ဦးနဲ႔တစ္ဦး ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ လူခ်င္းေတြ႕ဆုံခဲ့ၾကၿပီး ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ Bayram ဟာ Isabell ကို လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ သူတို႔ႏွစ္ဦးဟာ Bayram ေနထိုင္တဲ့တူနီးရွားမွာ လက္ထပ္ခဲ့ၾကပါတယ္။

Isabell က သူမရဲ႕အေၾကာင္းကို ျပန္လည္ေျပာျပရာမွာေတာ့ ” ကြၽန္မ နဲ႔ Bayram ဟာ Facebook မွာ စတင္ေတြ႕ဆုံခဲ့ၾကပါတယ္။ ကြၽန္မက Bayram ကို လူမွားၿပီး စကားသြားေျပာခဲ့ေပမယ့္ Bayram ကလည္း လူမွားေနတာျဖစ္ေၾကာင္း ျပန္လည္ေျပာဆိုၾကရင္း ခင္မင္ရင္းႏွီးသြားခဲ့ၿပီး ေနာက္ရက္ေတြမွာေတာ့ ေန႔တိုင္းစကားေတြေျပာျဖစ္ခဲ့ၾကပါတယ္။ တခါတေလ မနက္ ၃ နာရီထိေတာင္ စကားေတြေျပာျဖစ္ခဲ့ၾကပါတယ္။ အသက္ကြာျခားမႈေၾကာင့္ ကြၽန္မ သူ႔ကိုသံသယ ျဖစ္စရာေတြရွိေပမယ့္ သူ႔အေနနဲ႔ ကြၽန္မကိုပိုက္ဆံေတာင္းတာမ်ိဳးလည္းမရွိသလို ဘာမွေတာင္းဆိုတာေတြ မရွိခဲ့ဘူး။ သူက ကြၽန္မသူ႔ဆီသြားေနမွာလား ဒါမွမဟုတ္ သူက ကြၽန္မဆီကိုလာေနရမွာလားဆိုတာ သူ႔အတြက္အ‌‌ေရးႀကီးမေနခဲ့ဘူး။ ကြၽန္မက အဂၤလန္မွာရွိတဲ့ မိသားစုကိုမခြဲႏိုင္တာေၾကာင့္ အဂၤလန္မွာပဲ ေနခ်င္ ခဲ့ပါတယ္ ” လို႔ သူမက ေျပာျပသြားခဲ့ပါတယ္။သူတို႔ဟာ အဂၤလန္မွာေနထိုင္ဖို႔ စီစဥ္ထားခဲ့ၾကေပမယ့္ ကို႐ိုနာဗိုင္းရပ္ကပ္ေဘးေၾကာင့္ ေလေၾကာင္းလိုင္းမ်ား ကန္႔သတ္ထားရာမွ လတ္တေလာမွာေတာ့ တူနီးရွားမွာပဲ ဆက္လက္ေနထိုင္ေနၾကပါတယ္။

Credit Beesportsnews

UNICODE

အမျိုးသမီးတစ်ဦးဟာ သူမထက်အသက် ၃၇ နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ Facebook ပေါ်မှာ လူမှားပြီးစကားပြောခဲ့ရာမှ အဆိုပါကောင်လေးနှင့် ခင်မင်ရင်းနှီးသွားခဲ့ပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ Kent ဒေသမှ အဆိုပါအမျိုးသမီးရဲ့နာမည်ကတော့ Isabell Dibble ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

Isabell ဟာ ပြီးခဲ့တဲ့နှစ် မေလမှာ အသက် ၂၆ နှစ်အရွယ် Bayram Boussada ဆိုတဲ့ အမျိုးသားကို Facebook မှာ စ add ခဲ့ပြီး သူငယ်ချင်းဖြစ်သွားခဲ့ကြပါတယ်။ အစပိုင်းမှာတော့ Isabell ဟာ Bayram ကို သူမ တူနီးရှားမှာ အားလပ်ရက်ခရီးသွားခဲ့စဉ်က လူတစ်ယောက်နဲ့ အထင်မှားပြီး စကားသွားပြောခဲ့ပါတယ်။Bayram ကလည်း Isabell အနေနဲ့ လူမှားနေတာဖြစ်ကြောင်း စကားအပြန်အလှန် ပြောဆိုကြရင်း နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် လူချင်းတွေ့ဆုံခဲ့ကြပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ Bayram ဟာ Isabell ကို လက်ထပ်ခွင့်တောင်းခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ သူတို့နှစ်ဦးဟာ Bayram နေထိုင်တဲ့တူနီးရှားမှာ လက်ထပ်ခဲ့ကြပါတယ်။

Isabell က သူမရဲ့အကြောင်းကို ပြန်လည်ပြောပြရာမှာတော့ ” ကျွန်မ နဲ့ Bayram ဟာ Facebook မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ကျွန်မက Bayram ကို လူမှားပြီး စကားသွားပြောခဲ့ပေမယ့် Bayram ကလည်း လူမှားနေတာဖြစ်ကြောင်း ပြန်လည်ပြောဆိုကြရင်း ခင်မင်ရင်းနှီးသွားခဲ့ပြီး နောက်ရက်တွေမှာတော့ နေ့တိုင်းစကားတွေပြောဖြစ်ခဲ့ကြပါတယ်။ တခါတလေ မနက် ၃ နာရီထိတောင် စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ အသက်ကွာခြားမှုကြောင့် ကျွန်မ သူ့ကိုသံသယ ဖြစ်စရာတွေရှိပေမယ့် သူ့အနေနဲ့ ကျွန်မကိုပိုက်ဆံတောင်းတာမျိုးလည်းမရှိသလို ဘာမှတောင်းဆိုတာတွေ မရှိခဲ့ဘူး။ သူက ကျွန်မသူ့ဆီသွားနေမှာလား ဒါမှမဟုတ် သူက ကျွန်မဆီကိုလာနေရမှာလားဆိုတာ သူ့အတွက်အ‌‌ရေးကြီးမနေခဲ့ဘူး။ ကျွန်မက အင်္ဂလန်မှာရှိတဲ့ မိသားစုကိုမခွဲနိုင်တာကြောင့် အင်္ဂလန်မှာပဲ နေချင် ခဲ့ပါတယ် ” လို့ သူမက ပြောပြသွားခဲ့ပါတယ်။သူတို့ဟာ အင်္ဂလန်မှာနေထိုင်ဖို့ စီစဉ်ထားခဲ့ကြပေမယ့် ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် လေကြောင်းလိုင်းများ ကန့်သတ်ထားရာမှ လတ်တလောမှာတော့ တူနီးရှားမှာပဲ ဆက်လက်နေထိုင်နေကြပါတယ်။

Credit Beesportsnews

Leave a Comment