“မဆယ်လီသားတစ်လီ” သီချင်းလေးနဲ့ ချစ်စရာကောင်းအောင်ကထားတဲ့ ရွှေနှစ်ရွှေစုံတွဲလေးရဲ့ ဗီဒီယိုဖိုင်




Credit Themoon
Source:Shwe Mhone Yati

UNICODE

ရွှေနှစ်ရွှေစုံတွဲလေးတစ်တွဲဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ ပရိသတ်အချစ်တော်စုံတွဲလေးတွေထဲက တစ်တွဲအပါအဝင်ပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံလေးဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး အရိပ်တကြည့်ကြည့်နဲ့အပျောက်မခံအောင် ဂရုစိုက်ကြတဲ့သူတွေလို့ဆိုလည်းမမှားပါဘူး ။ အနုပညာအလုပ်တွေကိုလည်း နှစ်ယောက်အတူတူတွဲဖက်လုပ်ကိုင်နေကြပြီး လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။

ရွှေထူးဟာ အဆိုတော်အလုပ်တွေအပြင် သရုပ်ဆောင်အလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်နေပြီး ဇနီးဖြစ်သူရွှေမှုံရတီကလည်း အဆိုတော်တစ်ယောက်အဖြစ်ခင်ပွန်းဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေကို တွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူရွှေထူးနဲ့အတူ ရိုမန့်တစ်ဆန်ဆန် ကထားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုကို သူမရဲ့လူမူကွန်ရက်စာမျက်နှာမှာတင်ထားခဲ့ပါတယ်။

အဆိုပါဗီဒီယိုဖိုင်လေးကိုတော့”မမကဆယ်လီပါ “ဆိုတဲ့စာသားလေးနဲ့အတူရေးသားဖော်ပြထားတာဖြစ်ပါတယ်။ မဆယ်လီသားတစ်လီ သီချင်းလေးနဲ့ ချစ်စရာကောင်းအောင်ကထားတဲ့ ရွှေနှစ်ရွှေစုံတွဲလေးရဲ့ဗီဒီယိုလေးကိုပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….

Credit Themoon
Source:Shwe Mhone Yati

Leave a Comment