“ရှေးဘဝက ဘုရားရှေ့မှာ စာကလေးတွေကို လှောင်အိမ်ထဲထည့်ကာ ရောင်းခဲ့ရလို့ ဒီဘဝမှာ အိမ်အပြင်မထွက်ရတာလို့ ဆိုလိုက်တဲ့ ဇေရဲထက်”

ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကျော်မင်းသားချောဇေရဲထက်ကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဇေရဲထက်ကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အောင်မြင်မှုတွေကို အခုထိ ထိန်းသိမ်းထားနိုင်တဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ အားပေးနေတဲ့ ပရိသတ်တွေကို ဝါသနာပါရာ ဟင်းချက်နည်းလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။

အိမ်မှာနေရင်း ချက်ပြုတ်ထားတဲ့ ဟင်းလျာပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဇေရဲထက်က”ငါအရင်ဘဝက စာကလေးတွေကို လှောင်ချိုင့်ထဲထည့်ပြီး ဘုရားရှေ့မှာ ရောင်းတဲ့ လူများဖြစ်ခဲ့လားမသိဘူး။ အိမ်ထဲကနေ(အလုပ်ကလွဲ)မထွက်ရတာထွက်လို့ရရ့် စိတ်ရှုပ်လို့ အပြင်မသွားတော့ အိမ်ထဲနေတာဟာ အတိတ်က ဘုရားရှေ့မှာ စာကလေးတွေကို လှောင်ချိုင့်ထဲရောင်းတဲ့ လူဖြစ်ကို ဖြစ်ခဲ့ရမယ်” လို့ဆိုကာ သူရဲ့ အတွေးလေးတစ်ခုကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဇေရဲထက်ရဲ့ ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်တွေကလည်း ဇေရဲထက်ကိုအားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

Soure…. Zay Ye Htet’s Facebook
Credit CeleConnections

UNICODE

Leave a Comment