တရုတ္ျပည္မွာ လူ (၁၁) သန္းကုိ ဆယ္ရက္နဲ႔ ကုိဗစ္ စစ္ျပလိုက္ျခင္းရဲ႕ ေနာက္ကြယ္

ကုိွဗစ္လူနာအသစ္ေတြ ျပန္ေတြ႕အၿပီး ဝူဟန္က ၁၀ ရက္ အတြင္း လူ ၁၁ သန္းကုိ ကုိဗစ္ စစ္မယ္ဆိုေတာ့ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာက မယုံၾကဘူး တ႐ုတ္ႀကီး ၿဖီးဖ်န္းတယ္ပဲ အားလုံး ထင္ၾကတာ။အေမရိကန္ေတာင္ လူတစ္သန္းရွိရင္ တစ္ရက္ကို ၄၅၀၀၀ နီးပါးပဲစစ္ႏိုင္တာ ၁၀ ရက္မတိုင္ခင္ စစ္ၿပီးသြားေတာ့ အားလုံးက ဟာေတြ ဟင္ေတြ ျဖစ္လို႔ လုပ္ျပသြားတဲ့အကြက္က မိုက္တယ္။ ေရာဂါလကၡဏာမရွိတဲ့ လူေတြကို ၁၀ ေယာက္တစ္စု စုလိုက္တယ္ အဲ့တစ္ဖြဲ႕လုံးက နမူနာယူထားတဲ့ sample ေတြအားလုံးကို တစ္စုတည္းေပါင္းၿပီး ၁၀ ေယာက္အတြက္ Test တစ္ခုစာပဲ အကုန္ခံၿပီးစစ္တယ္။

ေငြေရာ အခ်ိန္ေရာ သက္သာသြားတယ္ အဲ့ဒီ အသုတ္မွာ Positive တစ္ေယာက္ထြက္မွ တစ္ေယာက္ခ်င္းဆီ ျပန္စစ္တယ္။ Negative ဆိုရင္ ဆယ္ေယာက္တစ္ဖြဲ႕လုံး ပိုးမရွိဘူးလို႔ အေျဖကို ယူတယ္ ဒါကို Sample Pooling လုပ္တယ္လို႔ ေခၚပါတယ္ နည္းပညာအရ ေဘာင္ဝင္တန္းဝင္ပါပဲ။တ႐ုတ္ျပည္ကို ဒီက ဆန္ေတြ တန္ခ်ီပို႔ေတာ့ နယ္စပ္မွာ ၁၂ ဘီးကားေပၚက ဆန္အိတ္ေတြကားေပၚက မခ်ခင္ တစ္အိတ္ခ်င္းဆီကို ဆူးခြၽန္လို ေဂၚေလးနဲ႔ထိုးၿပီး တ႐ုတ္ကုန္သည္ေတြ စိတ္ႀကိဳက္စစ္ဝယ္တာ သြားသတိရတယ္ ကားေပၚက ဆန္အိတ္အားလုံးကို ဖြင့္မစစ္ႏိုင္ေတာ့ လက္တစ္ဆုတ္စာေတာင္ မရွိတဲ့ဆန္ကို အိတ္အမ်ားႀကီးဆီက ေ႐ြးက် ထိုးေကာ္စစ္ ဝယ္သလိုေပါ့

မႀကိဳက္ရင္ ဆန္ကား တစ္ကားလုံး အပါယ္ခံရေရာ အခုလဲ ေပသီးေခါက္ေတာ္တဲ့ေနရာမွာ တ႐ုတ္ဟာ တ႐ုတ္ပါပဲ ရက္တစ္ရာစစ္ရမဲ့ ပမာဏကို ကမာၻကို ဆယ္ရက္အတြင္း သိမ္းႀကဳံးစစ္ျပသြားတာ ပိုးကလည္း သူ႔အိမ္က ငယ္ေမြးၿခံေပါက္ကိုးေျပာခ်င္တာက ဒီမွာ Q ဝင္ေနတဲ့ ျပည္ေတာ္ျပန္ေတြကိုလဲ တ႐ုတ္လိုစစ္ေပးသင့္ၿပီ။ အခုေတာ့ သက္ဆိုင္ရာက ဆုံးျဖတ္ပိုင္ခြင့္ရွိသူေတြ အခ်ိန္မွီ သိပါေစလို႔ပဲ ဆုေတာင္း႐ုံေပါ့

Credit Aung Myin Kyaw Kyar

UNICODE 

ကိုှဗစ်လူနာအသစ်တွေ ပြန်တွေ့အပြီး ဝူဟန်က ၁၀ ရက် အတွင်း လူ ၁၁ သန်းကို ကိုဗစ် စစ်မယ်ဆိုတော့ အမေရိကန် အပါအဝင် နိုင်ငံတကာက မယုံကြဘူး တရုတ်ကြီး ဖြီးဖျန်းတယ်ပဲ အားလုံး ထင်ကြတာ။အမေရိကန်တောင် လူတစ်သန်းရှိရင် တစ်ရက်ကို ၄၅၀၀၀ နီးပါးပဲစစ်နိုင်တာ ၁၀ ရက်မတိုင်ခင် စစ်ပြီးသွားတော့ အားလုံးက ဟာတွေ ဟင်တွေ ဖြစ်လို့ လုပ်ပြသွားတဲ့အကွက်က မိုက်တယ်။ ရောဂါလက္ခဏာမရှိတဲ့ လူတွေကို ၁၀ ယောက်တစ်စု စုလိုက်တယ် အဲ့တစ်ဖွဲ့လုံးက နမူနာယူထားတဲ့ sample တွေအားလုံးကို တစ်စုတည်းပေါင်းပြီး ၁၀ ယောက်အတွက် Test တစ်ခုစာပဲ အကုန်ခံပြီးစစ်တယ်။

ငွေရော အချိန်ရော သက်သာသွားတယ် အဲ့ဒီ အသုတ်မှာ Positive တစ်ယောက်ထွက်မှ တစ်ယောက်ချင်းဆီ ပြန်စစ်တယ်။ Negative ဆိုရင် ဆယ်ယောက်တစ်ဖွဲ့လုံး ပိုးမရှိဘူးလို့ အဖြေကို ယူတယ် ဒါကို Sample Pooling လုပ်တယ်လို့ ခေါ်ပါတယ် နည်းပညာအရ ဘောင်ဝင်တန်းဝင်ပါပဲ။တရုတ်ပြည်ကို ဒီက ဆန်တွေ တန်ချီပို့တော့ နယ်စပ်မှာ ၁၂ ဘီးကားပေါ်က ဆန်အိတ်တွေကားပေါ်က မချခင် တစ်အိတ်ချင်းဆီကို ဆူးချွန်လို ဂေါ်လေးနဲ့ထိုးပြီး တရုတ်ကုန်သည်တွေ စိတ်ကြိုက်စစ်ဝယ်တာ သွားသတိရတယ် ကားပေါ်က ဆန်အိတ်အားလုံးကို ဖွင့်မစစ်နိုင်တော့ လက်တစ်ဆုတ်စာတောင် မရှိတဲ့ဆန်ကို အိတ်အများကြီးဆီက ရွေးကျ ထိုးကော်စစ် ဝယ်သလိုပေါ့

မကြိုက်ရင် ဆန်ကား တစ်ကားလုံး အပါယ်ခံရရော အခုလဲ ပေသီးခေါက်တော်တဲ့နေရာမှာ တရုတ်ဟာ တရုတ်ပါပဲ ရက်တစ်ရာစစ်ရမဲ့ ပမာဏကို ကမ္ဘာကို ဆယ်ရက်အတွင်း သိမ်းကြုံးစစ်ပြသွားတာ ပိုးကလည်း သူ့အိမ်က ငယ်မွေးခြံပေါက်ကိုးပြောချင်တာက ဒီမှာ Q ဝင်နေတဲ့ ပြည်တော်ပြန်တွေကိုလဲ တရုတ်လိုစစ်ပေးသင့်ပြီ။ အခုတော့ သက်ဆိုင်ရာက ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ အချိန်မှီ သိပါစေလို့ပဲ ဆုတောင်းရုံပေါ့

Credit Aung Myin Kyaw Kyar

Leave a Comment