စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ခ်င္တယ္ဆိုတဲ့ ထူးေအာင္

စီးပြားေရးနဲ႔ ပတ္သက္တာေတြ ေလ့လာေနပါတယ္တဲ့။သ႐ုပ္ေဆာင္ ထူးေအာင္ကေတာ့ စာဖတ္တာပ်င္းတဲ့သူ ဆိုေပမယ့္ သူဝါသနာပါတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ အေၾကာင္းကို စာေပေတြကေနတဆင့္ ေလ့လာေနတဲ့အေၾကာင္းေျပာျပလာပါတယ္။သ႐ုပ္ေဆာင္ ထူးေအာင္ဟာ လတ္တေလာမွာ စီးပြားေရးနဲ႔ ပတ္သက္တဲ့ စာေပေတြ ေလ့လာေနတယ္လို႔ ဆိုပါတယ္။ စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ခ်င္တယ္လို႔လည္း သူ႔ရဲ႕ ဆႏၵကို Duwun ကို ေျဖဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္က စာဖတ္ရတာ ေတာ္ေတာ္ ပ်င္းတဲ့သူပါ။ အခုေနာက္ပိုင္းေတာ့ စာ ေတာ္ေတာ္မ်ားမ်ား ဖတ္ျဖစ္လာပါတယ္။ ဒါေပမယ့္ စီးပြားေရးနဲ႔ သက္ဆိုင္တဲ့ စာအုပ္ေတြပဲ ဖတ္တာမ်ားတယ္။ စီးပြားေရးအလုပ္ကို ဝါသနာပါတယ္။ ကြၽန္ေတာ္ အ႐ြယ္တစ္ခု ေရာက္လာတဲ့အခ်ိန္က်ရင္ စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္ အေနနဲ႔ ျဖတ္သန္းသြားဖို႔ ရည္႐ြယ္ထားတာဆိုေတာ့ ဒါေလးေတြကိုလည္း လိုက္ေလ့လာေနပါတယ္” ဆိုၿပီးေတာ့ Shwe Series မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ထူးေအာင္ဟာ ေမလ(၂၂) ရက္ေန႔တုန္းက သူ႔ရဲ႕ ေမြးေန႔ အလႉအျဖစ္ နာေရးကူညီမႈအသင္း(ရန္ကုန္) မွာ ေန႔လည္စာ အာဟာရ အလႉျပဳခဲ့ပါတယ္။ အဲဒီေနာက္ သူ တစ္ဦးတည္းအလႉအျဖစ္ ေငြက်ပ္(၁၀)သိန္း၊ သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြရဲ႕ အလႉအျဖစ္ ေငြက်ပ္(၂ သိန္း ၈ ေသာင္း) က်ပ္တို႔ကို လႉဒါန္းခဲ့ေသးတယ္လို႔ သိရပါတယ္။ သူဟာ နာေရးကူညီမႈအသင္းမွာလည္း လုပ္အားေပး တစ္ေယာက္အေနနဲ႔ ပါဝင္ေနတာကိုလည္း ေတြ႕ရပါတယ္။

ထူးေအာင္ကိုေတာ့ Model တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူဟာ ႐ုပ္သံဇာတ္လမ္းတြဲေတြ ႐ိုက္ကူးရင္း သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း အဆက္မျပတ္ ႐ိုက္ကူးေနရတာကိုလည္းေတြ႕ရပါတယ္။ သူဟာ တက္သစ္စ လူငယ္သ႐ုပ္ေဆာင္ေတြထဲမွာမွ အႏုပညာအလုပ္ေတြလည္း ပိုလုပ္လာရသူျဖစ္သလို ပရိသတ္အခိုင္အမာ ရရွိေနတဲ့ သ႐ုပ္ေဆာင္သစ္ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

Credit Cele YatKwat

UNICODE

စီးပွားရေးနဲ့ ပတ်သက်တာတွေ လေ့လာနေပါတယ်တဲ့။သရုပ်ဆောင် ထူးအောင်ကတော့ စာဖတ်တာပျင်းတဲ့သူ ဆိုပေမယ့် သူဝါသနာပါတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အကြောင်းကို စာပေတွေကနေတဆင့် လေ့လာနေတဲ့အကြောင်းပြောပြလာပါတယ်။သရုပ်ဆောင် ထူးအောင်ဟာ လတ်တလောမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ စာပေတွေ လေ့လာနေတယ်လို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်လို့လည်း သူ့ရဲ့ ဆန္ဒကို Duwun ကို ဖြေဆိုခဲ့ပါတယ်။

“ကျွန်တော်က စာဖတ်ရတာ တော်တော် ပျင်းတဲ့သူပါ။ အခုနောက်ပိုင်းတော့ စာ တော်တော်များများ ဖတ်ဖြစ်လာပါတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေပဲ ဖတ်တာများတယ်။ စီးပွားရေးအလုပ်ကို ဝါသနာပါတယ်။ ကျွန်တော် အရွယ်တစ်ခု ရောက်လာတဲ့အချိန်ကျရင် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတာဆိုတော့ ဒါလေးတွေကိုလည်း လိုက်လေ့လာနေပါတယ်” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ထူးအောင်ဟာ မေလ(၂၂) ရက်နေ့တုန်းက သူ့ရဲ့ မွေးနေ့ အလှူအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ နေ့လည်စာ အာဟာရ အလှူပြုခဲ့ပါတယ်။ အဲဒီနောက် သူ တစ်ဦးတည်းအလှူအဖြစ် ငွေကျပ်(၁၀)သိန်း၊ သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အလှူအဖြစ် ငွေကျပ်(၂ သိန်း ၈ သောင်း) ကျပ်တို့ကို လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ သူဟာ နာရေးကူညီမှုအသင်းမှာလည်း လုပ်အားပေး တစ်ယောက်အနေနဲ့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်သရုပ်ဆောင်တွေထဲမှာမှ အနုပညာအလုပ်တွေလည်း ပိုလုပ်လာရသူဖြစ်သလို ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Credit Cele YatKwat

Leave a Comment