ကိုဗစ္ကာကြယ္ေရးစည္းကမ္းေတြ မလိုက္နာတဲ့ ပုဂၢလိကေက်ာင္းေတြနဲ႔ ဘကေက်ာင္းေတြကို အေရးယူမည္

ဇူလိုင္လ(၂၁)ရက္ေန႔မွာ အေျခခံပညာေက်ာင္းေတြ အထက္တန္းအဆင့္ကစဖြင့္ေတာ့မွာပါ။အေျခခံပညာေက်ာင္းေတြျပန္ဖြင့္တဲ့အခါမွာ ပညာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာမႈမရွိတဲ့ ပုဂၢလိကေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြကို ေရာဂါထိန္းခ်ဳပ္ေရး ဥပေဒနဲ႔ အေရးယူမယ္လို႔ ပညာေရးဝန္ႀကီးဌာနမွ သိရပါတယ္။ ဇူလိုင္လ(၂၁)ရက္ေန႔ကစၿပီး အေျခခံပညာေက်ာင္းေတြကို အထက္တန္းအဆင့္က စတင္ဖြင့္လွစ္မွာျဖစ္ၿပီး လိုက္နာရမယ့္ စည္းကမ္းခ်က္မ်ားကို အေသးစိတ္ထုတ္ျပန္မယ္လို႔ သိရပါတယ္။ ဒီစည္းကမ္းခ်က္ေတြက အေျခခံပညာေက်ာင္းေတြသာမက ပုဂၢလိကေက်ာင္းေတြအပါအဝင္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြပါ လိုက္နာေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

“ ဇူလိုင္(၂၁)ရက္မွာ ႀကိဳတင္ျပင္ဆင္တာေတြအကုန္လုံးၿပီးသြားတဲ့အတြက္ အထက္တန္းအဆင့္ေတြကိုဖြင့္တာပါ။ ပုံစံ (၄)မ်ိဳးေလာက္နဲ႔ ေက်ာင္းအလိုက္သူ႔ အစီအစဥ္နဲ႔သူသြားမယ္။ အထက္တန္းအဆင့္ေတြဖြင့္ၿပီး (၂)ပတ္ျပည့္လို႔ (၃)ပတ္ေျမာက္မွာ အလယ္တန္းအဆင့္ေတြကိုဖြင့္မယ္။ ၿပီးမွာ မူလတန္းအဆင့္ကိုဖြင့္မွာဆိုေတာ့ (၃)သုတ္ခြဲၿပီးဖြင့္မွာပါ။ အဲဒီလိုေက်ာင္းေတြျပန္ဖြင့္တဲ့ အခါမွာလည္း ခ်မွတ္ထားတဲ့ စည္းကမ္းေတြက ပုဂၢိလေက်ာင္းေတြေရာ၊ ဘကေက်ာင္းေတြေရာ လိုက္နာရမွာျဖစ္ၿပီး စည္းကမ္းပ်က္ကြက္မႈေတြရွိရင္ေတာ့ အေရးယူမႈေတြလည္းရွိပါတယ္” လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။

ယခင္မူလက အေျခခံပညာေက်ာင္းေတြကို မူလတန္းအဆင့္ကစတင္ဖြင့္လွစ္ဖို႔ စီစဥ္ထားၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ လမ္းၫႊန္ခ်က္နဲ႔ အထက္တန္းအဆင့္ကေန စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ ဇူလိုင္လ (၁)ရက္ေန႔မွာ ေက်ာင္းေတြဖြင့္ဖို႔ အေျခခံပညာေက်ာင္းေတြမွာေတာ့ စာသင္ခုံေတြကို သတ္မွတ္အကြာအေဝးတိုင္းျပင္ဆင္ျခင္း၊ ေက်ာင္းအဝင္နဲ႔ စာသင္ခန္းအဝင္ေေတြမွာ လက္ေဆးဖို႔အတြက္ေဆာင္႐ြက္ျခင္းေတြအပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရးမွာ အေျခခံက်တဲ့ အခ်က္ေတြကို ျပင္ဆင္ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

ေက်ာင္းေတြျပန္ဖြင့္ဖို႔အတြက္ ပညာေရးဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးတို႔က စီမံခ်က္ေတြထုတ္ထားၿပီျဖစ္ၿပီး COVID 19ေရာဂါထိန္းခ်ဳပ္ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီနဲ႔ ႏိုင္ငံေတာ္သမၼတ႐ုံးကို တင္ျပၿပီး ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

Credit Duwun

UNICODE

ဇူလိုင်လ(၂၁)ရက်နေ့မှာ အခြေခံပညာကျောင်းတွေ အထက်တန်းအဆင့်ကစဖွင့်တော့မှာပါ။အခြေခံပညာကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ရောဂါထိန်းချုပ်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။ ဇူလိုင်လ(၂၁)ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေကို အထက်တန်းအဆင့်က စတင်ဖွင့်လှစ်မှာဖြစ်ပြီး လိုက်နာရမယ့် စည်းကမ်းချက်များကို အသေးစိတ်ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဒီစည်းကမ်းချက်တွေက အခြေခံပညာကျောင်းတွေသာမက ပုဂ္ဂလိကကျောင်းတွေအပါအဝင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေပါ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။

“ ဇူလိုင်(၂၁)ရက်မှာ ကြိုတင်ပြင်ဆင်တာတွေအကုန်လုံးပြီးသွားတဲ့အတွက် အထက်တန်းအဆင့်တွေကိုဖွင့်တာပါ။ ပုံစံ (၄)မျိုးလောက်နဲ့ ကျောင်းအလိုက်သူ့ အစီအစဉ်နဲ့သူသွားမယ်။ အထက်တန်းအဆင့်တွေဖွင့်ပြီး (၂)ပတ်ပြည့်လို့ (၃)ပတ်မြောက်မှာ အလယ်တန်းအဆင့်တွေကိုဖွင့်မယ်။ ပြီးမှာ မူလတန်းအဆင့်ကိုဖွင့်မှာဆိုတော့ (၃)သုတ်ခွဲပြီးဖွင့်မှာပါ။ အဲဒီလိုကျောင်းတွေပြန်ဖွင့်တဲ့ အခါမှာလည်း ချမှတ်ထားတဲ့ စည်းကမ်းတွေက ပုဂ္ဂိလကျောင်းတွေရော၊ ဘကကျောင်းတွေရော လိုက်နာရမှာဖြစ်ပြီး စည်းကမ်းပျက်ကွက်မှုတွေရှိရင်တော့ အရေးယူမှုတွေလည်းရှိပါတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက ပြောပါတယ်။

ယခင်မူလက အခြေခံပညာကျောင်းတွေကို မူလတန်းအဆင့်ကစတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့ အထက်တန်းအဆင့်ကနေ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ (၁)ရက်နေ့မှာ ကျောင်းတွေဖွင့်ဖို့ အခြေခံပညာကျောင်းတွေမှာတော့ စာသင်ခုံတွေကို သတ်မှတ်အကွာအဝေးတိုင်းပြင်ဆင်ခြင်း၊ ကျောင်းအဝင်နဲ့ စာသင်ခန်းအဝင်ေတွေမှာ လက်ဆေးဖို့အတွက်ဆောင်ရွက်ခြင်းတွေအပါအဝင် ရောဂါထိန်းချုပ်ရေးမှာ အခြေခံကျတဲ့ အချက်တွေကို ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့က စီမံချက်တွေထုတ်ထားပြီဖြစ်ပြီး COVID 19ရောဂါထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Credit Duwun

Leave a Comment