ကေနာင္မင္းသားႀကီးရဲ႕ ေရျမႇဳပ္ဗုံး ဘာ့ေၾကာင့္ အေကာင္ထည္မေပၚခဲ့သလဲဆိုတာ

ခရစ္ႏွစ္ ၁၈၆၆ မွာ ကေနာင္မင္းသားႀကီးလုပ္ႀကံခံရပါတယ္—။သူလုပ္ႀကံမခံရမီ ၁၈၅၄ ကတည္းကစက္႐ုံေတြေဆာက္ဖို႔၊ႏိုင္ငံေတာ္အဆင့္ျမႇင့္ဖို႔ေတြစလုပ္ခဲ့တာ—။ေနျပည္ေတာ္ကို မႏၲေလးေျပာင္းေတာ့လည္း
ကေနာင္မင္းသားႀကီးက သေဘာတူခ်င္ပုံမရပါဘူး–။သူ႔စိတ္ထဲမွာ ေနျပည္ေတာ္ေျပာင္းဖို႔ထက္ႏိုင္ငံေတာ္အင္အားေတာင့္တင္းေအာင္လုပ္ေဆာင္ခ်င္မွာပါ—။ရတနာပုံစက္႐ုံေတြကိုေတာ့ ၁၈၅၈မွာ စၿပီးေဆာက္တယ္လို႔ ခန္႔မွန္းမိပါတယ္–။အုပ္ခ်ဳပ္ေရးပိုင္းဘက္ကနန္းေတာ္ေတြေဆာက္ပါတယ္–။ကေနာင္မင္းသားႀကီးက စက္႐ုံေတြအပိုင္းတာဝန္ယူတယ္လို႔ ယူဆပါတယ္–။ျမန္မာအစိုးရက ကုမၸဏီေတြအမ်ားႀကီးနဲ႔လည္းစာခ်ဳပ္ေတြခ်ဳပ္တယ္–။စက္ပစၥည္းေတြ၊ကိရိယာေတြ၊အေျမာက္လက္နက္ေတြမွာပါတယ္–။စက္႐ုံေတြလည္ပတ္ၿပီး ႏိုင္ငံေတာ္ကိုအဆင့္ျမႇင့္ပါတယ္–။စိတ္မေကာင္း၊ဝမ္းနည္းစရာကအရွိန္ရေနတုန္းမွာ ကေနာင္မင္းသားႀကီးလုပ္ႀကံခံလိုက္ရပါတယ္–။

ၿဗိတိသွ်ေတြရဲ႕ သပ္လ်ိဴတဲ့စနက္ေတြအမ်ားႀကီးပါဝင္ ေနမွာပါ—။ေဆာက္လုပ္ခဲ့တဲ့စက္႐ုံေတြထဲကမွမလည္ပတ္လိုက္၊မသုံးလိုက္ရတဲ့စက္႐ုံႀကီးတစ္႐ုံရွိခဲ့ပါတယ္—။အဲဒီစက္႐ုံႀကီးကေတာ့ စစ္ကိုင္းၿမိဳ႕စစ္ကိုင္းဘက္ကမ္းေ႐ႊေတာင္ဦးေမာ္အရပ္မွာ ေဆာက္ခဲ့တဲ့သံရည္က်ိဳစက္(သံဖို႐ုံ)ႀကီးပါ—။ဒီစက္ႀကီးေနရာကို၁၈၇၄ခု ဇြန္လမွာအုတ္ျမစ္စခ်ပါတယ္–စက္႐ုံအတြက္လိုအပ္တဲ့စက္ေတြ၊ပစၥည္းေတြ၊ပညာရွင္ေတြရဖို႔ကို ၁၈၇၀ထဲကေနေဒါက္တာကလီမံဝီလ်ံကို စာခ်ဳပ္ခ်ဳပ္ၿပီးတာဝန္ေပးထားပါတယ္—။စာခ်ဳပ္ပါအခ်က္အရမွာေတာ့ ကလီမံဝီလ်ံကစက္ႀကီးကို အဖိုးေငြ သုံးသိန္းရွစ္ေသာင္းနဲ႔အၿပီးတိုင္ဝယ္ယူတင္ပို႔ရမွာပါ—။

ဒါေပမယ့္ ၁၈၇၂ ဒီဇင္ဘာ ၁၇ရက္ေန႔မွသံဖိုစက္ႀကီးရဲ႕ ေအာက္ခံကိရိယာ တန္ ၅၀ကိုပထမဆုံးအႀကိမ္အျဖစ္ လီဗာပူးၿမိဳ႕ကေနမွတင္ပို႔ပါတယ္—။၁၈၇၈အထိကို စက္ေတြ၊ပစၥည္းကိရိယာေတြအစုံမရေသးပါဘူး—။ကတိပ်က္လို႔မို႔ ျမန္မာအစိုးရနဲ႔ ကလီမံဝီလ်ံေျပာဆိုေျဖရွင္းၾကပါတယ္—။ကလီမံဝီလ်ံက ျမန္မာဘုရင္ထံကေနေငြရရန္က်န္တယ္လို႔ လိမ္ပါတယ္—။ျမန္မာအစိုးရစိတ္ထဲမွာ စက္ႀကီးၿပီးဖို႔က အဓိကျဖစ္ေနေတာ့
၁၈၇၅မွာ ေငြေျခာက္ေသာင္းႏွစ္ေထာင္ေက်ာ္ ထပ္ေပးလိုက္ပါတယ္–။အဲ့လိုထပ္ေပးၿပီးတာကို ကလီမံဝီလ်ံကရန္ကုန္မွာ ေရာက္ေနတဲ့စက္ေတြကို ေနျပည္ေတာ္မပို႔ေသးပါဘူး—။ဒီ အရႈပ္အရွင္းကို ၿဗိတိသွ်အေရးပိုင္ အိပ္ခ္်တီဒန္ကင္းကေျဖရွင္းေပးတာပါ–။

အမႈၾကားနာေနတုန္းမွာကို ကလီမံဝီလ်ံကအဂၤလန္ကိုထြက္သြားပါတယ္–။သူ႔အစား သူ႔ညီေဟာင္ဝတ္ဝီလ်ံကကိုယ္စားေဆာင္႐ြက္ပါတယ္–။၁၈၇၈ဇူလိုင္မွာ အမႈၿပီးပါတယ္–။စက္ပစၥည္းေတြေရာက္ပါတယ္–။အကုန္လုံးေတာ့ မေရာက္ရွိခဲ့ပါဘူး–။ေနာက္ပိုင္းမင္းတုန္းမင္းႀကီးလည္းနတ္႐ြာစံတယ္—။ငွားထားတဲ့ပညာရွင္ေတြလည္း ျပန္ကုန္ပါတယ္–။ဒီစက္႐ုံႀကီးမၿပီးစီးေအာင္ ေနာက္ကြယ္ကေနၿဗိတိသွ်ေတြက အမ်ိဳးမ်ိဳးေႏွာင့္ယွက္ေနတာပါ–။ဒီစက္႐ုံႀကီးၿပီးတာနဲ႔ လုပ္ေဆာင္ႏိုင္မွာေတြကေတာ့အမ်ားႀကီးပါ–။ျမန္မာအစိုးရက စက္႐ုံႀကီးအတြက္လိုအပ္တဲ့သံနဲ႔ေက်ာက္မီးေသြးကိုရဖို႔ရာကို ပုပၸါးေတာင္နဲ႔စစ္ကိုင္းသံဖို႐ုံဆက္သြယ္တဲ့
မီးရထားလမ္းေဖာက္ဖို႔ လုပ္ေဆာင္ခဲ့ပါေသးတယ္–။

အဲ့ဒီအစီအစဥ္ကလည္း မင္းေျပာင္းမင္းလႊဲနဲ႔အေကာင္အထည္ မေပၚခဲ့ပါဘူး–။ၿပီးေတာ့ အဲ့ဒီစက္႐ုံႀကီးဟာ ေက်ာက္မီးေသြးတစ္ေန႔ တန္တစ္ရာေတာင္ ကုန္မယ့္ စက္႐ုံႀကီးပါ—။ဘယ္ေလာက္ေတာင္လုပ္ႏိုင္မလဲဆိုတာတန္တစ္ရာနဲ႔ကို အေျဖေပၚေနပါၿပီ—။(သီေပါမင္းပါေတာ္မူေတာ့ စက္႐ုံေနရာမွာစက္ပစၥည္းေတြအမ်ားႀကီးက်န္ခဲ့ပါတယ္။အေသးစိတ္စာရင္းကို ေ႐ႊနန္းသုံးေဝါဟာရအဘိဓာန္အပိုဒ္ ၂၄၁မွာ ၾကည့္လိုက္ပါ)က်ဳပ္တို႔ျမန္မာႏိုင္ငံက လူေတြႀကိဳးစားခဲ့ပါတယ္–။ဒါေပမယ့္ ကတိမတည္တဲ့ ႏိုင္ငံျခားသားေတြ–ကိုယ္စားလွယ္ေတြသာ အားထားေနရလို႔အက်ိဳးမျဖစ္တာမျဖစ္ခဲ့ပါဘူး—။

ႏိုင္ငံကို စက္မႈႏိုင္ငံအျဖစ္တက္တဲ့ေနရာမွာဂ်ပန္ထက္လည္း ၁၀ႏွစ္ေစာခဲ့ပါတယ္—။က်ဳပ္ေတြးေနတာကေတာ့ အကယ္၍–မင္းတုန္းမင္း ပြဲေက်ာင္းဘုန္းႀကီးေက်ာင္းသင္စနစ္ေတြကိုအၿပီးမဖ်က္ခဲ့ဘူးဆိုရင္—ေနျပည္ေတာ္ကို ခ်က္ခ်င္းႀကီး မႏၲေလးကိုမေျပာင္းခဲ့ဘူးဆိုရင္–ကေနာင္မင္းသားႀကီး ရွိေနဦးမယ္ဆိုရင္—ၿပီးေတာ့ စက္႐ုံထဲမွာအႀကီးဆုံးစစ္ကိုင္းသံဖို႐ုံႀကီးလည္ပတ္ႏိုင္သြားတယ္ဆိုရင္—-တစ္ခုခုေတာ့ႏိုင္ငံအတြက္ အေျဖေပၚသြားမွာပါ–။စိတ္ထဲမွာ -ဆိုရင္ေတြကေတာ့အမ်ားႀကီးပါပဲ—။ဒီစက္႐ုံနဲ႔ပတ္သတ္တဲ့ ဆိုရင္ေလးေတြေလာက္ပဲေရးျပတာပါ—။

စစ္ကိုင္းသံဖို႐ုံကိုသြားေလ့လာမယ္ဆိုရင္စစ္ကိုင္းၿမိဳ႕ေ႐ႊေတာင္ဦးေမာ္ရပ္(N21ဒီဂရီ 53.083မိနစ္ E95ဒီဂရီ 59.657မိနစ္)မွာ သြားေလ့လာလို႔ရပါတယ္—။အကိုးအကားျမန္မာႏိုင္ငံစက္မႈလက္မႈလုပ္ငန္းသမိုင္း အပိုင္း(၁)ေဒၚၾကန္-ရတနာပုံစက္႐ုံမ်ားCredit > Thu Kha Myint Maung

ေရျမႇဳပ္ဗုံးကို သာသနာပိုင္ဆရာေတာ္ကတားတယ္ဆိုတာ ခရစ္ယန္စာေရးဆရာျမေကတု ရဲ႕ သံဃာနဲ႔ ျပည္သူကို ေသြးကြဲေအာင္ ေရးသားခဲ့ျခင္းပါပဲ။သမိုင္းအေထာက္ထားကင္းၿပီး စိတ္ကူးယဥ္ဇာတ္ထုပ္တစ္ခုသာျဖစ္ပါတယ္။ေရျမႇဳပ္ဗုံးကို ဆက္ၿပီးလုပ္ခဲ့တဲ့ အေထာက္ထားေတြ ေတြ႕ရွိေနပါတယ္။အဂၤလိပ္ကသိမ္းေတာ့ လက္နက္စက္႐ုံေတြမွာလုပ္လက္စ ေရျမဳပ္ဗုံးေတြ ေတြ႕တယ္လို႔ကာနယ္စေလဒင္ရဲ႕ မွတ္တမ္းေတြမွာ ေရးထားပါတယ္။သမိုင္းေကာ္မရွင္ရဲ႕အဖြဲ႕ဝင္ေဒၚၾကန္ရဲ႕စာတမ္းေတြမွာလည္းအတိအလင္းပါပါတယ္။
ေရျမဳပ္ဗုံးကိစၥ မထြန္းေပါက္ျခင္းမွာကေနာင္မင္းသားႀကီး အသတ္ခံရျခင္းေငြေၾကးမလုံေလာက္ျခင္းၿဗိတိသွ်တို႔ ေႏွာက္ယွက္ျခင္းႏိုင္ငံျခားသားတို႔ ကတိမတည္ျခင္းတို႔ေၾကာင္းပဲ ျဖစ္ပါေၾကာင္း……။ေရျမႇဳပ္ဗုံးအေၾကာင္း ဆက္လက္ရွာေဖြတင္ျပပါအုံးမည္

Credit – သက်သီဟ အရွင္အရိယာလကၤာရ

UNICODE

ခရစ်နှစ် ၁၈၆၆ မှာ ကနောင်မင်းသားကြီးလုပ်ကြံခံရပါတယ်—။သူလုပ်ကြံမခံရမီ ၁၈၅၄ ကတည်းကစက်ရုံတွေဆောက်ဖို့၊နိုင်ငံတော်အဆင့်မြှင့်ဖို့တွေစလုပ်ခဲ့တာ—။နေပြည်တော်ကို မန္တလေးပြောင်းတော့လည်း
ကနောင်မင်းသားကြီးက သဘောတူချင်ပုံမရပါဘူး–။သူ့စိတ်ထဲမှာ နေပြည်တော်ပြောင်းဖို့ထက်နိုင်ငံတော်အင်အားတောင့်တင်းအောင်လုပ်ဆောင်ချင်မှာပါ—။ရတနာပုံစက်ရုံတွေကိုတော့ ၁၈၅၈မှာ စပြီးဆောက်တယ်လို့ ခန့်မှန်းမိပါတယ်–။အုပ်ချုပ်ရေးပိုင်းဘက်ကနန်းတော်တွေဆောက်ပါတယ်–။ကနောင်မင်းသားကြီးက စက်ရုံတွေအပိုင်းတာဝန်ယူတယ်လို့ ယူဆပါတယ်–။မြန်မာအစိုးရက ကုမ္ပဏီတွေအများကြီးနဲ့လည်းစာချုပ်တွေချုပ်တယ်–။စက်ပစ္စည်းတွေ၊ကိရိယာတွေ၊အမြောက်လက်နက်တွေမှာပါတယ်–။စက်ရုံတွေလည်ပတ်ပြီး နိုင်ငံတော်ကိုအဆင့်မြှင့်ပါတယ်–။စိတ်မကောင်း၊ဝမ်းနည်းစရာကအရှိန်ရနေတုန်းမှာ ကနောင်မင်းသားကြီးလုပ်ကြံခံလိုက်ရပါတယ်–။

ဗြိတိသျှတွေရဲ့ သပ်လျိူတဲ့စနက်တွေအများကြီးပါဝင် နေမှာပါ—။ဆောက်လုပ်ခဲ့တဲ့စက်ရုံတွေထဲကမှမလည်ပတ်လိုက်၊မသုံးလိုက်ရတဲ့စက်ရုံကြီးတစ်ရုံရှိခဲ့ပါတယ်—။အဲဒီစက်ရုံကြီးကတော့ စစ်ကိုင်းမြို့စစ်ကိုင်းဘက်ကမ်းရွှေတောင်ဦးမော်အရပ်မှာ ဆောက်ခဲ့တဲ့သံရည်ကျိုစက်(သံဖိုရုံ)ကြီးပါ—။ဒီစက်ကြီးနေရာကို၁၈၇၄ခု ဇွန်လမှာအုတ်မြစ်စချပါတယ်–စက်ရုံအတွက်လိုအပ်တဲ့စက်တွေ၊ပစ္စည်းတွေ၊ပညာရှင်တွေရဖို့ကို ၁၈၇၀ထဲကနေဒေါက်တာကလီမံဝီလျံကို စာချုပ်ချုပ်ပြီးတာဝန်ပေးထားပါတယ်—။စာချုပ်ပါအချက်အရမှာတော့ ကလီမံဝီလျံကစက်ကြီးကို အဖိုးငွေ သုံးသိန်းရှစ်သောင်းနဲ့အပြီးတိုင်ဝယ်ယူတင်ပို့ရမှာပါ—။

ဒါပေမယ့် ၁၈၇၂ ဒီဇင်ဘာ ၁၇ရက်နေ့မှသံဖိုစက်ကြီးရဲ့ အောက်ခံကိရိယာ တန် ၅၀ကိုပထမဆုံးအကြိမ်အဖြစ် လီဗာပူးမြို့ကနေမှတင်ပို့ပါတယ်—။၁၈၇၈အထိကို စက်တွေ၊ပစ္စည်းကိရိယာတွေအစုံမရသေးပါဘူး—။ကတိပျက်လို့မို့ မြန်မာအစိုးရနဲ့ ကလီမံဝီလျံပြောဆိုဖြေရှင်းကြပါတယ်—။ကလီမံဝီလျံက မြန်မာဘုရင်ထံကနေငွေရရန်ကျန်တယ်လို့ လိမ်ပါတယ်—။မြန်မာအစိုးရစိတ်ထဲမှာ စက်ကြီးပြီးဖို့က အဓိကဖြစ်နေတော့
၁၈၇၅မှာ ငွေခြောက်သောင်းနှစ်ထောင်ကျော် ထပ်ပေးလိုက်ပါတယ်–။အဲ့လိုထပ်ပေးပြီးတာကို ကလီမံဝီလျံကရန်ကုန်မှာ ရောက်နေတဲ့စက်တွေကို နေပြည်တော်မပို့သေးပါဘူး—။ဒီ အရှုပ်အရှင်းကို ဗြိတိသျှအရေးပိုင် အိပ်ခ်ျတီဒန်ကင်းကဖြေရှင်းပေးတာပါ–။

အမှုကြားနာနေတုန်းမှာကို ကလီမံဝီလျံကအင်္ဂလန်ကိုထွက်သွားပါတယ်–။သူ့အစား သူ့ညီဟောင်ဝတ်ဝီလျံကကိုယ်စားဆောင်ရွက်ပါတယ်–။၁၈၇၈ဇူလိုင်မှာ အမှုပြီးပါတယ်–။စက်ပစ္စည်းတွေရောက်ပါတယ်–။အကုန်လုံးတော့ မရောက်ရှိခဲ့ပါဘူး–။နောက်ပိုင်းမင်းတုန်းမင်းကြီးလည်းနတ်ရွာစံတယ်—။ငှားထားတဲ့ပညာရှင်တွေလည်း ပြန်ကုန်ပါတယ်–။ဒီစက်ရုံကြီးမပြီးစီးအောင် နောက်ကွယ်ကနေဗြိတိသျှတွေက အမျိုးမျိုးနှောင့်ယှက်နေတာပါ–။ဒီစက်ရုံကြီးပြီးတာနဲ့ လုပ်ဆောင်နိုင်မှာတွေကတော့အများကြီးပါ–။မြန်မာအစိုးရက စက်ရုံကြီးအတွက်လိုအပ်တဲ့သံနဲ့ကျောက်မီးသွေးကိုရဖို့ရာကို ပုပ္ပါးတောင်နဲ့စစ်ကိုင်းသံဖိုရုံဆက်သွယ်တဲ့
မီးရထားလမ်းဖောက်ဖို့ လုပ်ဆောင်ခဲ့ပါသေးတယ်–။

အဲ့ဒီအစီအစဉ်ကလည်း မင်းပြောင်းမင်းလွှဲနဲ့အကောင်အထည် မပေါ်ခဲ့ပါဘူး–။ပြီးတော့ အဲ့ဒီစက်ရုံကြီးဟာ ကျောက်မီးသွေးတစ်နေ့ တန်တစ်ရာတောင် ကုန်မယ့် စက်ရုံကြီးပါ—။ဘယ်လောက်တောင်လုပ်နိုင်မလဲဆိုတာတန်တစ်ရာနဲ့ကို အဖြေပေါ်နေပါပြီ—။(သီပေါမင်းပါတော်မူတော့ စက်ရုံနေရာမှာစက်ပစ္စည်းတွေအများကြီးကျန်ခဲ့ပါတယ်။အသေးစိတ်စာရင်းကို ရွှေနန်းသုံးဝေါဟာရအဘိဓာန်အပိုဒ် ၂၄၁မှာ ကြည့်လိုက်ပါ)
ကျုပ်တို့မြန်မာနိုင်ငံက လူတွေကြိုးစားခဲ့ပါတယ်–။ဒါပေမယ့် ကတိမတည်တဲ့ နိုင်ငံခြားသားတွေ–ကိုယ်စားလှယ်တွေသာ အားထားနေရလို့အကျိုးမဖြစ်တာမဖြစ်ခဲ့ပါဘူး—။

နိုင်ငံကို စက်မှုနိုင်ငံအဖြစ်တက်တဲ့နေရာမှာဂျပန်ထက်လည်း ၁၀နှစ်စောခဲ့ပါတယ်—။ကျုပ်တွေးနေတာကတော့ အကယ်၍–မင်းတုန်းမင်း ပွဲကျောင်းဘုန်းကြီးကျောင်းသင်စနစ်တွေကိုအပြီးမဖျက်ခဲ့ဘူးဆိုရင်—နေပြည်တော်ကို ချက်ချင်းကြီး မန္တလေးကိုမပြောင်းခဲ့ဘူးဆိုရင်–ကနောင်မင်းသားကြီး ရှိနေဦးမယ်ဆိုရင်—ပြီးတော့ စက်ရုံထဲမှာအကြီးဆုံးစစ်ကိုင်းသံဖိုရုံကြီးလည်ပတ်နိုင်သွားတယ်ဆိုရင်—-တစ်ခုခုတော့နိုင်ငံအတွက် အဖြေပေါ်သွားမှာပါ–။စိတ်ထဲမှာ -ဆိုရင်တွေကတော့အများကြီးပါပဲ—။ဒီစက်ရုံနဲ့ပတ်သတ်တဲ့ ဆိုရင်လေးတွေလောက်ပဲရေးပြတာပါ—။

စစ်ကိုင်းသံဖိုရုံကိုသွားလေ့လာမယ်ဆိုရင်စစ်ကိုင်းမြို့ရွှေတောင်ဦးမော်ရပ်(N21ဒီဂရီ 53.083မိနစ် E95ဒီဂရီ 59.657မိနစ်)မှာ သွားလေ့လာလို့ရပါတယ်—။အကိုးအကားမြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းသမိုင်း အပိုင်း(၁)ဒေါ်ကြန်-ရတနာပုံစက်ရုံများCredit > Thu Kha Myint Maung

ရေမြှုပ်ဗုံးကို သာသနာပိုင်ဆရာတော်ကတားတယ်ဆိုတာ ခရစ်ယန်စာရေးဆရာမြကေတု ရဲ့ သံဃာနဲ့ ပြည်သူကို သွေးကွဲအောင် ရေးသားခဲ့ခြင်းပါပဲ။သမိုင်းအထောက်ထားကင်းပြီး စိတ်ကူးယဉ်ဇာတ်ထုပ်တစ်ခုသာဖြစ်ပါတယ်။ရေမြှုပ်ဗုံးကို ဆက်ပြီးလုပ်ခဲ့တဲ့ အထောက်ထားတွေ တွေ့ရှိနေပါတယ်။အင်္ဂလိပ်ကသိမ်းတော့ လက်နက်စက်ရုံတွေမှာလုပ်လက်စ ရေမြုပ်ဗုံးတွေ တွေ့တယ်လို့ကာနယ်စလေဒင်ရဲ့ မှတ်တမ်းတွေမှာ ရေးထားပါတယ်။သမိုင်းကော်မရှင်ရဲ့အဖွဲ့ဝင်ဒေါ်ကြန်ရဲ့စာတမ်းတွေမှာလည်းအတိအလင်းပါပါတယ်။
ရေမြုပ်ဗုံးကိစ္စ မထွန်းပေါက်ခြင်းမှာကနောင်မင်းသားကြီး အသတ်ခံရခြင်းငွေကြေးမလုံလောက်ခြင်းဗြိတိသျှတို့ နှောက်ယှက်ခြင်းနိုင်ငံခြားသားတို့ ကတိမတည်ခြင်းတို့ကြောင်းပဲ ဖြစ်ပါကြောင်း……။ရေမြှုပ်ဗုံးအကြောင်း ဆက်လက်ရှာဖွေတင်ပြပါအုံးမည်

Credit – သကျသီဟ အရှင်အရိယာလင်္ကာရ

Leave a Comment