Nay Htoo Naingရဲ႕ရည္မွန္းခ်က္ကို လက္ေတြ႕အေကာင္အထည္ေဖာ္ေပးေနတဲ့ ဆိပ္ျဖဴၿမိဳ႕နယ္က ေဒသခံမ်ား

ေနထူးႏိုင္ကေတာ့ ဗြီဒီယိုေလာကရဲ႕ဒိတ္ဒိတ္ႀကဲမင္းသားတစ္လက္ျဖစ္ၿပီး အားေပးသူပရိသတ္အခိုင္အမာနဲ႔ရပ္တည္ေနသူတစ္ေယာက္ပါ။ သူကေတာ့ မၾကာေသးခင္က ကမာၻေျမႀကီးစိမ္းလန္းစိုေျပဖို႔နဲ႔ အပူဒဏ္ကာကြယ္ဖို႔အတြက္ ပရိသတ္ႀကီးကို သစ္ပင္စိုက္ၾကဖို႔ Challenge တစ္ခုလုပ္ခဲ့ပါတယ္။

သူကိုယ္တိုင္လည္း လြန္ခဲ့တဲ့ႏွစ္က ေခ်ာက္ၿမိဳ႕မွာ လူအင္အားနဲ႔ သစ္ပင္စိုက္ပ်ိဳးပြဲျပဳလုပ္ခဲ့ၿပီး ဒီႏွစ္မွာေတာ့ Covid-19 ကပ္ေရာဂါဆိုးႀကီးေၾကာင့္ ေမွ်ာ္မွန္းထားသမွ် ပ်က္ခဲ့ရသူပါ။ ဒါေၾကာင့္မို႔ သူကေတာ့ ေဒသခံေတြကိုယ္တိုင္ သစ္ပင္စိုက္ပ်ိဳးျဖစ္ေအာင္ Challenge ေခၚခဲ့ၿပီး အခ်ိန္ကိုေတာ့ (၆)လ သတ္မွတ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ဆိပ္ျဖဴၿမိဳ႕နယ္ ထိန္ကန္႐ြာက စတင္စိုက္ပ်ိဳးေနၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလးကို မွ်ေဝကာ ထိန္ကန္႐ြာကေဒသခံေတြကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ေနထူးႏိုင္ကေတာ့ သူကိုယ္တိုင္လည္း ဒီႏွစ္မိုးမွီေအာင္ အမ်ားႀကီးေတာ့မစိုက္ႏိုင္ေတာ့ေပမယ့္ တစ္ပင္ပဲစိုက္ရ စိုက္ရ ႀကိဳးစားစိုက္ပါမယ္ဆိုၿပီးေတာ့လည္း ေျပာခဲ့ပါေသးတယ္ပရိသတ္ႀကီးေရ… ကမာၻေျမစိမ္းလန္းဖို႔နဲ႔ အပူဒဏ္ခံႏိုင္ဖို႔ ကြီးေနထူးႏိုင္ရဲ႕ Challenge ကို ေနရာတိုင္းမွာလုပ္ၾကရင္ေတာ့ ျမန္မာႏိုင္ငံႀကီး စိမ္းလန္းစိုေျပလာမွာ အမွန္ပါပဲေနာ္။

Source – Nay Htoo Naing
Credit – Cele Gabar

UNICODE

နေထူးနိုင်ကတော့ ဗွီဒီယိုလောကရဲ့ဒိတ်ဒိတ်ကြဲမင်းသားတစ်လက်ဖြစ်ပြီး အားပေးသူပရိသတ်အခိုင်အမာနဲ့ရပ်တည်နေသူတစ်ယောက်ပါ။ သူကတော့ မကြာသေးခင်က ကမ္ဘာမြေကြီးစိမ်းလန်းစိုပြေဖို့နဲ့ အပူဒဏ်ကာကွယ်ဖို့အတွက် ပရိသတ်ကြီးကို သစ်ပင်စိုက်ကြဖို့ Challenge တစ်ခုလုပ်ခဲ့ပါတယ်။

သူကိုယ်တိုင်လည်း လွန်ခဲ့တဲ့နှစ်က ချောက်မြို့မှာ လူအင်အားနဲ့ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ခဲ့ပြီး ဒီနှစ်မှာတော့ Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် မျှော်မှန်းထားသမျှ ပျက်ခဲ့ရသူပါ။ ဒါကြောင့်မို့ သူကတော့ ဒေသခံတွေကိုယ်တိုင် သစ်ပင်စိုက်ပျိုးဖြစ်အောင် Challenge ခေါ်ခဲ့ပြီး အချိန်ကိုတော့ (၆)လ သတ်မှတ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဆိပ်ဖြူမြို့နယ် ထိန်ကန်ရွာက စတင်စိုက်ပျိုးနေပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးကို မျှဝေကာ ထိန်ကန်ရွာကဒေသခံတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

နေထူးနိုင်ကတော့ သူကိုယ်တိုင်လည်း ဒီနှစ်မိုးမှီအောင် အများကြီးတော့မစိုက်နိုင်တော့ပေမယ့် တစ်ပင်ပဲစိုက်ရ စိုက်ရ ကြိုးစားစိုက်ပါမယ်ဆိုပြီးတော့လည်း ပြောခဲ့ပါသေးတယ်ပရိသတ်ကြီးရေ… ကမ္ဘာမြေစိမ်းလန်းဖို့နဲ့ အပူဒဏ်ခံနိုင်ဖို့ ကွီးနေထူးနိုင်ရဲ့ Challenge ကို နေရာတိုင်းမှာလုပ်ကြရင်တော့ မြန်မာနိုင်ငံကြီး စိမ်းလန်းစိုပြေလာမှာ အမှန်ပါပဲနော်။

Source – Nay Htoo Naing
Credit – Cele Gabar

Leave a Comment