Spider-Man ျဖစ္ခ်င္လို႔ အဆိပ္ျပင္းပင့္ကူတစ္မ်ိဳးအကိုက္ခံခဲ့ရာမွ ေဆး႐ုံေရာက္သြားရတဲ့ ညီအစ္ကိုသုံးေယာက္

ငယ္႐ြယ္တဲ့ညီအစ္ကိုသုံးေယာက္ဟာ ပင့္ကူအကိုက္ခံရရင္ စူပါပါဝါရမယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ အဆိပ္ျပင္းတဲ့ပင့္ကူတစ္ေကာင္ကို အကိုက္ခံေစခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ေဆး႐ုံေရာက္သြားခဲ့ၾကပါတယ္။ အမည္ေဖာ္ျပထားျခင္းမရွိတဲ့ ၈ႏွစ္၊ ၁၀ႏွစ္နဲ႔ ၁၂ႏွစ္အ႐ြယ္ အဆိုပါညီအစ္ကိုသုံးေယာက္ဟာ ဘိုလီဗီယားႏိုင္ငံ ေတာင္ဘက္ပိုင္းမွာရွိတဲ့ ခ်ာရန္တာ ၿမိဳ႕ေလးမွာေနထိုင္ၾကပါတယ္။ အငယ္ဆုံးညီငယ္ေလးမွာ Marvel Super hero ေတြရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ပါတယ္။

Marvel ဇာတ္လမ္းေတြထဲမွ spider-man ဇာတ္လမ္းထဲတြင္ သ႐ုပ္ေဆာင္ Peter Paker ဟာ ေရဒီယိုသတၱိႂကြေနတဲ့ ပင့္ကူတစ္ေကာင္ကိုက္ခံရၿပီး ပင့္ကူလူသားျဖစ္လာတဲ့ စိတ္ကူးယာဥ္ဇာတ္လမ္းကိုအမွန္ထင္ကာ လိုက္လုပ္ခဲ့တဲ့သူတို႔ေတြကေတာ့ အျဖစ္ဆိုးနဲ႔ သာႀကဳံခဲ့ရပါေတာ့တယ္။ သူတို႔ညီအစ္ကိုသုံးေယာက္ဟာ မိသားစုပိုင္ သိုးမ်ားကိုထိန္းေက်ာင္းေနစဥ္ အနက္ေရာင္ အဆိပ္ျပင္းပင့္ကူတစ္မ်ိဳးကိုေတြ႕ကာ ထိုပင့္ကူအကိုက္ခံလိုက္ပါက superpower ေတြရလာမယ္လို႔ စိတ္ကူးရခဲ့ၾကပါတယ္။

သူတို႔ရဲ႕မိခင္ျဖစ္သူ၏အဆိုအရ သူမဟာ ထင္းေခြသြားစဥ္ ညီအစ္ကိုသုံးေယာက္ဟာ တုတ္ေခ်ာင္းျဖင့္ပင့္ကူကို အသာေလးဖမ္းကာ သူတို႔အေရျပားေပၚကိုကိုက္ဖို႔ တင္ေပးခဲ့တယ္လို႔ဆိုပါတယ္။ သူတို႔ေတြအကိုက္ခံလိုက္တဲ့အခါမွာေတာ့ သူတို႔ေတြထင္ထားသလို စြမ္းအားေတြရမလာခဲ့ဘဲ ပင့္ကူရဲ႕ အဆိပ္လကၡဏာေတြျဖစ္တဲ့ ႂကြက္သားနာတာေတြ၊ ေခ်ာင္းဆိုးတာေတြ၊ ဗိုက္ေအာက္တာေတြနဲ႔ ႏွလုံးခုန္ျမန္တာေတြ ျဖစ္ေပၚလာခဲ့ပါတယ္။သူတို႔အကိုက္ခံလိုက္တဲ့ ပင့္ကူအမ်ိဳးစားကေတာ့ Black widow ျဖစ္ၿပီး သူ႔ရဲ႕ျပင္းထန္လွတဲ့အဆိပ္ေၾကာင့္ လူသိမ်ားၿပီး သူရဲ႕အဆိပ္ဟာဆိုရင္ ခေလာက္ေႁမြတစ္ေကာင္ရဲ႕အဆိပ္ထက္ ၁၅ဆေလာက္ျပင္းတယ္လို႔ ေဖာ္ျပခ်က္မ်ားအရ သိရပါတယ္။ သိုေပမယ့္ ထိုပင့္ကူအကိုက္ခံရတဲ့ လူအမ်ားစုကေတာ့ ျပင္းထန္တဲ့ လကၡဏာေတြ ခံစားရျခင္းမ်ိဳးမရွိဘဲ ထိုအဆိပ္ဟာ ကေလးငယ္ေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြကိုေတာ့ ေသေစႏိုင္ေလာက္တဲ့အထိ ျပင္းထန္တယ္လို႔ဆိုပါတယ္။

Black widows ပင့္ကူေတြကေတာ့ ရန္လိုတာမ်ိဳးေတြမရွိဘဲ သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔အတြက္သာအဆိပ္ထုတ္ကာ ကိုက္တတ္တာျဖစ္ၿပီး သူတို႔ညီအကိုေတြဟာ ပင့္ကူကိုက္လာေစဖို႔အတြက္ တုတ္ကိုသုံးကာရန္စခဲ့တာလည္းျဖစ္ပါတယ္။ သူတို႔ရဲ႕မိခင္ဟာ ကေလးေတြအဆိပ္ျပင္းတဲ့ လကၡဏာေတြျပကာ ငိုေနတာေၾကာင့္ အလြန္ထိတ္လန႔္ခဲ့ကာ သူတို႔ရဲ႕အကိုက္ခံရတဲ့ေဝဒနာကို ကုသဖို႔အတြက္ ခ်ာရန္တာၿမိဳ႕ရဲ႕ က်န္းမာေရးဌာနကို အျမန္ေခၚေဆာင္သြားခဲ့ပါတယ္။

သူတို႔ရဲ႕အေျခေနေတြမသက္သာတဲ့အခါမွာေတာ့ သူတို႔ကို Llallagua ၿမိဳ႕ရဲ႕ ေဆး႐ုံသို႔ေခၚေဆာင္သြားၿပီး ထိုေဆး႐ုံမွာလည္းအေျခေနမဟန္တာေၾကာင့္ ဘိုလီဗီးယားႏိုင္ငံ ၿမိဳ႕ေတာ္La Paz မွာရွိတဲ့ ကေလးေဆး႐ုံသို႔ ပို႔ေဆာင္လိုက္ရပါတယ္။ က်န္းမာေရးႏွင့္ကူးစက္ေရာဂါဆိုင္ရာဌာနရဲ႕ အႀကီးအကဲျဖစ္သူ Virgilio Pietro ရဲ႕ေျပာၾကားခ်က္မွာေတာ့ ” ကေလးငယ္ေတြကို အဆိပ္ေျဖေဆးနဲ႔ မကုသခင္အခ်ိန္ထိ ႂကြက္သားနာတာေတြ၊ ေခြၽးျပန္တာေတြ၊ အဖ်ားတက္တာေတြနဲ႔ တကိုယ္လုံးဟာလည္း တဆတ္ဆတ္တုန္ေနခဲ့တယ္ “လို႔ ဆိုပါတယ္။

ယခုခ်ိန္မွာေတာ့ သူတို႔ညီအစ္ကိုသုံးဦးစလုံးဟာ က်န္းမာေရးအေျခေနေတြ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး ေနာက္ငါးရက္ေနပါက ေဆး႐ုံးမွဆင္းကာ အိမ္သို႔ျပန္ႏိုင္ၿပီလို႔လည္း သိရပါတယ္။ ဒီျဖစ္ရပ္နဲ႔ပက္သက္ၿပီး မိဘေတြအေနနဲ႔ ကေလးေတြကို စိတ္ကူးယာဥ္ဇာတ္လမ္းနဲ႔ လက္ေတြ႕ဘဝအေၾကာင္းကို ေသခ်ာရွင္းျပေပးဖို႔လိုအပ္ၿပီး ကေလးငယ္ေတြဟာ႐ုပ္ရွင္ဇာတ္ကားေတြထဲက အရာတိုင္းဟာအမွန္တကယ္လို႔ ထင္တတ္ၾကကာ သူတို႔ရဲ႕ လက္ေတြ႕ဘဝမွာလည္း အမွန္ရွိမယ္လို႔ ယုံၾကည္တတ္ၾကပါတယ္။ သူတို႔ညီအစ္ကိုသုံးဦးကေတာ့ ဇာတ္လမ္းထဲကအတိုင္း သူတို႔ရဲ႕ လက္ေတြ႕ဘဝမွာ super hero ေတြမျဖစ္ႏိုင္ဘူးဆိုတာကိုေတာ့ သိရွိသြားခဲ့ၿပီပဲျဖစ္ပါတယ္။

reff Unilad
Credit Beesportsnews

UNICODE

ငယ်ရွယ်တဲ့ညီအစ်ကိုသုံးယောက်ဟာ ပင့်ကူအကိုက်ခံရရင် စူပါပါဝါရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆိပ်ပြင်းတဲ့ပင့်ကူတစ်ကောင်ကို အကိုက်ခံစေခဲ့ပြီးတဲ့နောက်မှာတော့ ဆေးရုံရောက်သွားခဲ့ကြပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ ၈နှစ်၊ ၁၀နှစ်နဲ့ ၁၂နှစ်အရွယ် အဆိုပါညီအစ်ကိုသုံးယောက်ဟာ ဘိုလီဗီယားနိုင်ငံ တောင်ဘက်ပိုင်းမှာရှိတဲ့ ချာရန်တာ မြို့လေးမှာနေထိုင်ကြပါတယ်။ အငယ်ဆုံးညီငယ်လေးမှာ Marvel Super hero တွေရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

Marvel ဇာတ်လမ်းတွေထဲမှ spider-man ဇာတ်လမ်းထဲတွင် သရုပ်ဆောင် Peter Paker ဟာ ရေဒီယိုသတ္တိကြွနေတဲ့ ပင့်ကူတစ်ကောင်ကိုက်ခံရပြီး ပင့်ကူလူသားဖြစ်လာတဲ့ စိတ်ကူးယာဉ်ဇာတ်လမ်းကိုအမှန်ထင်ကာ လိုက်လုပ်ခဲ့တဲ့သူတို့တွေကတော့ အဖြစ်ဆိုးနဲ့ သာကြုံခဲ့ရပါတော့တယ်။ သူတို့ညီအစ်ကိုသုံးယောက်ဟာ မိသားစုပိုင် သိုးများကိုထိန်းကျောင်းနေစဉ် အနက်ရောင် အဆိပ်ပြင်းပင့်ကူတစ်မျိုးကိုတွေ့ကာ ထိုပင့်ကူအကိုက်ခံလိုက်ပါက superpower တွေရလာမယ်လို့ စိတ်ကူးရခဲ့ကြပါတယ်။

သူတို့ရဲ့မိခင်ဖြစ်သူ၏အဆိုအရ သူမဟာ ထင်းခွေသွားစဉ် ညီအစ်ကိုသုံးယောက်ဟာ တုတ်ချောင်းဖြင့်ပင့်ကူကို အသာလေးဖမ်းကာ သူတို့အရေပြားပေါ်ကိုကိုက်ဖို့ တင်ပေးခဲ့တယ်လို့ဆိုပါတယ်။ သူတို့တွေအကိုက်ခံလိုက်တဲ့အခါမှာတော့ သူတို့တွေထင်ထားသလို စွမ်းအားတွေရမလာခဲ့ဘဲ ပင့်ကူရဲ့ အဆိပ်လက္ခဏာတွေဖြစ်တဲ့ ကြွက်သားနာတာတွေ၊ ချောင်းဆိုးတာတွေ၊ ဗိုက်အောက်တာတွေနဲ့ နှလုံးခုန်မြန်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

သူတို့အကိုက်ခံလိုက်တဲ့ ပင့်ကူအမျိုးစားကတော့ Black widow ဖြစ်ပြီး သူ့ရဲ့ပြင်းထန်လှတဲ့အဆိပ်ကြောင့် လူသိများပြီး သူရဲ့အဆိပ်ဟာဆိုရင် ခလောက်မြွေတစ်ကောင်ရဲ့အဆိပ်ထက် ၁၅ဆလောက်ပြင်းတယ်လို့ ဖော်ပြချက်များအရ သိရပါတယ်။ သိုပေမယ့် ထိုပင့်ကူအကိုက်ခံရတဲ့ လူအများစုကတော့ ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရခြင်းမျိုးမရှိဘဲ ထိုအဆိပ်ဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တယ်လို့ဆိုပါတယ်။

Black widows ပင့်ကူတွေကတော့ ရန်လိုတာမျိုးတွေမရှိဘဲ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်သာအဆိပ်ထုတ်ကာ ကိုက်တတ်တာဖြစ်ပြီး သူတို့ညီအကိုတွေဟာ ပင့်ကူကိုက်လာစေဖို့အတွက် တုတ်ကိုသုံးကာရန်စခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ရဲ့မိခင်ဟာ ကလေးတွေအဆိပ်ပြင်းတဲ့ လက္ခဏာတွေပြကာ ငိုနေတာကြောင့် အလွန်ထိတ်လန့်ခဲ့ကာ သူတို့ရဲ့အကိုက်ခံရတဲ့ဝေဒနာကို ကုသဖို့အတွက် ချာရန်တာမြို့ရဲ့ ကျန်းမာရေးဌာနကို အမြန်ခေါ်ဆောင်သွားခဲ့ပါတယ်။

သူတို့ရဲ့အခြေနေတွေမသက်သာတဲ့အခါမှာတော့ သူတို့ကို Llallagua မြို့ရဲ့ ဆေးရုံသို့ခေါ်ဆောင်သွားပြီး ထိုဆေးရုံမှာလည်းအခြေနေမဟန်တာကြောင့် ဘိုလီဗီးယားနိုင်ငံ မြို့တော်La Paz မှာရှိတဲ့ ကလေးဆေးရုံသို့ ပို့ဆောင်လိုက်ရပါတယ်။ ကျန်းမာရေးနှင့်ကူးစက်ရောဂါဆိုင်ရာဌာနရဲ့ အကြီးအကဲဖြစ်သူ Virgilio Pietro ရဲ့ပြောကြားချက်မှာတော့ ” ကလေးငယ်တွေကို အဆိပ်ဖြေဆေးနဲ့ မကုသခင်အချိန်ထိ ကြွက်သားနာတာတွေ၊ ချွေးပြန်တာတွေ၊ အဖျားတက်တာတွေနဲ့ တကိုယ်လုံးဟာလည်း တဆတ်ဆတ်တုန်နေခဲ့တယ် “လို့ ဆိုပါတယ်။

ယခုချိန်မှာတော့ သူတို့ညီအစ်ကိုသုံးဦးစလုံးဟာ ကျန်းမာရေးအခြေနေတွေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နောက်ငါးရက်နေပါက ဆေးရုံးမှဆင်းကာ အိမ်သို့ပြန်နိုင်ပြီလို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး မိဘတွေအနေနဲ့ ကလေးတွေကို စိတ်ကူးယာဉ်ဇာတ်လမ်းနဲ့ လက်တွေ့ဘဝအကြောင်းကို သေချာရှင်းပြပေးဖို့လိုအပ်ပြီး ကလေးငယ်တွေဟာရုပ်ရှင်ဇာတ်ကားတွေထဲက အရာတိုင်းဟာအမှန်တကယ်လို့ ထင်တတ်ကြကာ သူတို့ရဲ့ လက်တွေ့ဘဝမှာလည်း အမှန်ရှိမယ်လို့ ယုံကြည်တတ်ကြပါတယ်။ သူတို့ညီအစ်ကိုသုံးဦးကတော့ ဇာတ်လမ်းထဲကအတိုင်း သူတို့ရဲ့ လက်တွေ့ဘဝမှာ super hero တွေမဖြစ်နိုင်ဘူးဆိုတာကိုတော့ သိရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။

reff Unilad
Credit Beesportsnews

Leave a Comment