ကို႐ိုနာကူးစက္မႈက်ဆင္းလာေသာ ႏိုင္ငံမ်ားကို မေပါ့ဆရန္ WHO သတိေပး

ကို႐ိုနာကူးစက္မႈက်ဆင္းေနေသာ ႏိုင္ငံမ်ားအေနျဖင့္ ကာကြယ္​ေရးနည္းလမ္းမ်ားကို ေျဖေလ်ာ့လိုက္ပါက အခ်ိန္မေ႐ြးေရာဂါကူးစက္မႈ ျမင့္တက္ႏိုင္ေၾကာင္း WHO က သတိေပးလိုက္ပါသည္။ကမာၻႀကီးသည္ ကို႐ိုနာပထမလႈိင္း၏ အလယ္၌ သာရွိေၾကာင္း WHO အေရးေပၚစီမံခန္႔ခြဲမႈ ေကာ္မတီဥကၠဌ မိုက္ခ္႐ိုက္ယန္က ေျပာခဲ့သည္။

ကမာၻ႔ႏိုင္ငံအမ်ားအျပားတြင္ ကို႐ိုနာကူးစက္မႈ က်ဆင္းသြားေသာ္လည္း ေတာင္အေမရိက၊ ေတာင္အာရွႏွင့္ အာဖရိကႏိုင္ငံတခ်ိဳ႕တြင္ ေရာဂါ ကူးစက္မႈ ျမင့္တက္ေနဆဲျဖစ္သည္။မိုက္ခ္႐ိုင္ယန္က ကူးစက္ေရာဂါသည္ လႈိင္းလုံးသဖြယ္ရွိၿပီး ပထမလႈိင္းအၿပီး ဒုတိယလႈိင္း လာတတ္ေၾကာင္း၊ ပထမလႈိင္းၿပီးဆုံးၿပီဆိုၿပီး ေပါ့ဆလိုက္လွ်င္ ဒုတိယလႈိင္း ႐ိုက္ခတ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။ဒုတိယလႈိင္းအေၾကာင္း မေျပာခင္ ပထမလႈိင္း အေၾကာင္း ေသေသခ်ာခ်ာသုံးသပ္ဖို႔လိုပါတယ္။ ပထမလႈိင္းၿပီးၿပီဆိုၿပီး မေပါ့ဆသင့္ဘူး” ဟု မိုက္ခ္ ႐ိုက္ယန္ကဆိုသည္။

“ခ်က္ျခင္းႀကီးေတာ့ ဒုတိယလႈိင္းေရာက္လာမွာေတာ့ မဟုတ္ဘူး။ ဥေရာပနဲ႔ ေျမာက္အေမရိက ႏိုင္ငံတခ်ိဳ႕မွာ ကာကြယ္ေရးအစီအစဥ္ေတြ၊ ေဆးစစ္တာေတြကို ပုံမွန္ျပဳလုပ္သင့္ပါတယ္။ ေရရွည္တိုက္ပြဲျဖစ္လို႔ ဗ်ဴဟာက်က်ေဆာင္႐ြက္ဖို႔လိုပါတယ္”ဟု ႐ိုင္ယန္က အႀကံေပးခဲ့သည္။ဥေရာပႏွင့္ ႏိုင္ငံအခ်ိဳ႕သည္ ယခုအခါ စီးပြားေရးထိခိုက္မည္ကို စိုးရိမ္ၿပီး Lockdown စည္းမ်ဥ္းမ်ားကို ေျဖေလ်ာ့ေနၾကသည္ဟု သိရွိရပါသည္။

Source – AFP
Credit WE Media

UNICODE

ကိုရိုနာကူးစက်မှုကျဆင်းနေသော နိုင်ငံများအနေဖြင့် ကာကွယ်ရေးနည်းလမ်းများကို ဖြေလျော့လိုက်ပါက အချိန်မရွေးရောဂါကူးစက်မှု မြင့်တက်နိုင်ကြောင်း WHO က သတိပေးလိုက်ပါသည်။ကမ္ဘာကြီးသည် ကိုရိုနာပထမလှိုင်း၏ အလယ်၌ သာရှိကြောင်း WHO အရေးပေါ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မိုက်ခ်ရိုက်ယန်က ပြောခဲ့သည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ကိုရိုနာကူးစက်မှု ကျဆင်းသွားသော်လည်း တောင်အမေရိက၊ တောင်အာရှနှင့် အာဖရိကနိုင်ငံတချို့တွင် ရောဂါ ကူးစက်မှု မြင့်တက်နေဆဲဖြစ်သည်။မိုက်ခ်ရိုင်ယန်က ကူးစက်ရောဂါသည် လှိုင်းလုံးသဖွယ်ရှိပြီး ပထမလှိုင်းအပြီး ဒုတိယလှိုင်း လာတတ်ကြောင်း၊ ပထမလှိုင်းပြီးဆုံးပြီဆိုပြီး ပေါ့ဆလိုက်လျှင် ဒုတိယလှိုင်း ရိုက်ခတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“ဒုတိယလှိုင်းအကြောင်း မပြောခင် ပထမလှိုင်း အကြောင်း သေသေချာချာသုံးသပ်ဖို့လိုပါတယ်။ ပထမလှိုင်းပြီးပြီဆိုပြီး မပေါ့ဆသင့်ဘူး” ဟု မိုက်ခ် ရိုက်ယန်ကဆိုသည်။ချက်ခြင်းကြီးတော့ ဒုတိယလှိုင်းရောက်လာမှာတော့ မဟုတ်ဘူး။ ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတချို့မှာ ကာကွယ်ရေးအစီအစဉ်တွေ၊ ဆေးစစ်တာတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ရေရှည်တိုက်ပွဲဖြစ်လို့ ဗျူဟာကျကျဆောင်ရွက်ဖို့လိုပါတယ်”ဟု ရိုင်ယန်က အကြံပေးခဲ့သည်။ဥရောပနှင့် နိုင်ငံအချို့သည် ယခုအခါ စီးပွားရေးထိခိုက်မည်ကို စိုးရိမ်ပြီး Lockdown စည်းမျဉ်းများကို ဖြေလျော့နေကြသည်ဟု သိရှိရပါသည်။

Source – AFP
Credit WE Media

Leave a Comment