ကိုရိုနာ ဗိုင္း ရပ္စ္ကူးစက္ မႈ လွိုင္း ပံုစံု ( ၃ ) မ်ိဳးနဲ႕ ေရာဂါလံုး၀ ကူးစက္မႈ ရပ္တန္႕သြားမယ့္ အခ်ိန္ကာလ

ကူးစက္မႈ လႈိင္း ဆို တာ လူေတြ အၿပဳံလိုက္ အၿပဳံလိုက္ အမ်ားႀကီး ျဖစ္ၾက ေသၾက တဲ့ ျဖစ္ရပ္ေတြ တစ္ခု ထက္ မက ျဖစ္တာ ကို ေျပာ တာ ။ ဧရာမ ပင္လယ္လႈိင္း လုံးႀကီးေတြ ကမ္းေျခ ကို ႐ိုက္ခတ္ ဖ်က္ဆီး သ လိုေပါ့။တကယ္ေတာ့ အရင္ျဖ စ္ခဲ့ဖူး တဲ့ ကပ္ေရာ ဂါေတြ ကို ျပန္ေလ့လာၿပီး အဲလို တခ်ီ တခ်ီ ထထ ျဖစ္တာ ကို ကူးစက္မႈလႈိင္းလို႔ ေခၚၾကတာ။

ဒုတိယလႈိင္း ( ဒုတိယအခ်ီ ) လာ ဦး မွာ လား ဆိုတာက ၁၉၁၈-၁၉ စပိန္တုတ္ေကြး ရဲ႕ ပုံစံကိုၾကည့္ၿပီး ခန႔္မွန္းေနၾကတာပါ ။ အဲဒီအခ်ိန္ မွာ စစ္ျဖစ္ေန တယ္။ လူလႈပ္ရွားသြား လာမႈ ( တပ္) မ်ား တယ္ ။ ေနာက္ရာသီဥတုနဲ ႔ဆိုင္တယ္ ။ စစ္ပြဲျဖစ္ေနေတာ့ ႏိုင္ငံေရး အရ သတင္း ထိမ္ခ်န္မႈေတြ ျဖစ္ခဲ့ လို႔ ပိုဆိုးခဲ့တ ယ္လို႔ ဆို တယ္ ။၁၉၅၇-၅၈ ေနာက္ပိုင္းျဖစ္တဲ့ ကပ္ေရာဂါ ၅ ခုေလာက္ က ၂ ႏွစ္ေလာက္ ၾကာတာမ်ား တယ္ ။ မ်ားေသာ အားျဖင့္ (ကပ္ ၅ ခုမွာ) ဒုတိယလႈိင္းလာတတ္ၾကတယ္။ ၂၀၀၉-၁၀ တုန္းက အေပ်ာ့စား လႈိင္းေလး ၂ ခုပဲ ရွိေပမယ့္ ၂၀၀၂-၂၀၀၃ ကေတာ့ လႈိင္းေတြ အမ်ားႀကီး ကို တစ္ႏွစ္အတြင္း ျဖစ္တာ ေတြ႕ရတယ္။ ၁၉၅၇-၅၈ တုန္းကေတာ့ ပထမလႈိင္းေကာ၊ ဒုတိယလႈိင္းေကာ အတူတူ ျပင္းထန္ၾက တယ္ ။

မင္နီဆိုးတား တကၠသိုလ္ ရဲ႕ ကူးစက္ေရာဂါသုေတသန နဲ႔ မူဝါဒစင္တာ (CIDRAP) ကေတာ့ လႈိင္းပုံစံ ၃ မ်ိဳးနဲ႔ လာႏိုင္တယ္လို႔ မွန္းပါတယ္။လႈိင္းပုံစံ (၁) Peaks and valleys လို႔ ေခၚတဲ့ အခုလိုမ်ိဳး ျဖစ္ရပ္ေတြ အမ်ားႀကီးနဲ႔ အၾကာႀကီးျဖစ္ေနတာ။ လႈိင္းပုံစံ (၂) ဇူလိုင္ ကေန ဇန္နဝါရီ အတြင္းမွာ အႀကီးအက်ယ္ ဒုတိယလႈိင္းျပန္ ဝင္တာ ။ လႈိင္းပုံစံ (၃) အခုျဖစ္ခဲ့တာေလာက္ မျပင္းထန္ေတာ့တဲ့ ျဖစ္ရပ္ေလးေတြ အမ်ားႀကီး ဆက္ျဖစ္ေနတာ။ ဖြဲမီးဆက္ေလာက္ေန သလိုေပါ့ ။သူတို႔ ရဲ႕ ကိုဗစ္အေပၚ အျမင္ကေတာ့ ..

၁။ သာမန္တုတ္ေကြးထက္ ေရာဂါပ်ိဳးခ်ိန္ ၾကာတာရယ္၊ လူေကာင္းေတြဆီက ဆက္ကူးေနတာရယ္ေၾကာင့္ တုတ္ေကြးနဲ႔ မတူဘူး။

၂။ ကူးစက္ျပန႔္ႏွံ႔ႏႈန္း R0 ျမင့္လို႔ တုတ္ေကြးထက္ ပိုးကူး စက္မယ္ ။

၃။ တစ္ႏွစ္ခြဲကေန ၂ ႏွစ္ထိ ၾကာမယ္။

၄။ ရွိသမွ် လူေတြ ရဲ႕ ၆၀-၇၀% အကူးမခံရမျခင္း ကိုဗစ္က ရပ္မွာ မဟုတ္ဘူး ။

၅ ။ ထိန္းခ်ဳပ္ႏႈိင္စြမ္းေပၚတည္ၿပီးေတာ့ ျပင္းထန္မႈ ကြာႏိုင္တယ္ ။

Credit Maung Maung Oo

UNICODE

ကူးစက်မှု လှိုင်း ဆို တာ လူတွေ အပြုံလိုက် အပြုံလိုက် အများကြီး ဖြစ်ကြ သေကြ တဲ့ ဖြစ်ရပ်တွေ တစ်ခု ထက် မက ဖြစ်တာ ကို ပြော တာ ။ ဧရာမ ပင်လယ်လှိုင်း လုံးကြီးတွေ ကမ်းခြေ ကို ရိုက်ခတ် ဖျက်ဆီး သ လိုပေါ့။တကယ်တော့ အရင်ဖြ စ်ခဲ့ဖူး တဲ့ ကပ်ရော ဂါတွေ ကို ပြန်လေ့လာပြီး အဲလို တချီ တချီ ထထ ဖြစ်တာ ကို ကူးစက်မှုလှိုင်းလို့ ခေါ်ကြတာ။

ဒုတိယလှိုင်း ( ဒုတိယအချီ ) လာ ဦး မှာ လား ဆိုတာက ၁၉၁၈-၁၉ စပိန်တုတ်ကွေး ရဲ့ ပုံစံကိုကြည့်ပြီး ခန့်မှန်းနေကြတာပါ ။ အဲဒီအချိန် မှာ စစ်ဖြစ်နေ တယ်။ လူလှုပ်ရှားသွား လာမှု ( တပ်) များ တယ် ။ နောက်ရာသီဥတုနဲ့ဆိုင်တယ် ။ စစ်ပွဲဖြစ်နေတော့ နိုင်ငံရေး အရ သတင်း ထိမ်ချန်မှုတွေ ဖြစ်ခဲ့ လို့ ပိုဆိုးခဲ့တ ယ်လို့ ဆို တယ် ။၁၉၅၇-၅၈ နောက်ပိုင်းဖြစ်တဲ့ ကပ်ရောဂါ ၅ ခုလောက် က ၂ နှစ်လောက် ကြာတာများ တယ် ။ များသော အားဖြင့် (ကပ် ၅ ခုမှာ) ဒုတိယလှိုင်းလာတတ်ကြတယ်။ ၂၀၀၉-၁၀ တုန်းက အပျော့စား လှိုင်းလေး ၂ ခုပဲ ရှိပေမယ့် ၂၀၀၂-၂၀၀၃ ကတော့ လှိုင်းတွေ အများကြီး ကို တစ်နှစ်အတွင်း ဖြစ်တာ တွေ့ရတယ်။ ၁၉၅၇-၅၈ တုန်းကတော့ ပထမလှိုင်းကော၊ ဒုတိယလှိုင်းကော အတူတူ ပြင်းထန်ကြ တယ် ။

မင်နီဆိုးတား တက္ကသိုလ် ရဲ့ ကူးစက်ရောဂါသုတေသန နဲ့ မူဝါဒစင်တာ (CIDRAP) ကတော့ လှိုင်းပုံစံ ၃ မျိုးနဲ့ လာနိုင်တယ်လို့ မှန်းပါတယ်။လှိုင်းပုံစံ (၁) Peaks and valleys လို့ ခေါ်တဲ့ အခုလိုမျိုး ဖြစ်ရပ်တွေ အများကြီးနဲ့ အကြာကြီးဖြစ်နေတာ။ လှိုင်းပုံစံ (၂) ဇူလိုင် ကနေ ဇန်နဝါရီ အတွင်းမှာ အကြီးအကျယ် ဒုတိယလှိုင်းပြန် ဝင်တာ ။ လှိုင်းပုံစံ (၃) အခုဖြစ်ခဲ့တာလောက် မပြင်းထန်တော့တဲ့ ဖြစ်ရပ်လေးတွေ အများကြီး ဆက်ဖြစ်နေတာ။ ဖွဲမီးဆက်လောက်နေ သလိုပေါ့ ။သူတို့ ရဲ့ ကိုဗစ်အပေါ် အမြင်ကတော့ ..

၁။ သာမန်တုတ်ကွေးထက် ရောဂါပျိုးချိန် ကြာတာရယ်၊ လူကောင်းတွေဆီက ဆက်ကူးနေတာရယ်ကြောင့် တုတ်ကွေးနဲ့ မတူဘူး။

၂။ ကူးစက်ပြန့်နှံ့နှုန်း R0 မြင့်လို့ တုတ်ကွေးထက် ပိုးကူး စက်မယ် ။

၃။ တစ်နှစ်ခွဲကနေ ၂ နှစ်ထိ ကြာမယ်။

၄။ ရှိသမျှ လူတွေ ရဲ့ ၆၀-၇၀% အကူးမခံရမခြင်း ကိုဗစ်က ရပ်မှာ မဟုတ်ဘူး ။

၅ ။ ထိန်းချုပ်နှိုင်စွမ်းပေါ်တည်ပြီးတော့ ပြင်းထန်မှု ကွာနိုင်တယ် ။

Credit Maung Maung Oo

Leave a Comment