လူနာနံပါတ္ (၁၄၄) အလုပ္လုပ္တဲ့ ဖိနပ္စက္႐ုံကို ယာယီပိတ္သိမ္းလိုက္ၿပီ

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ခဲ့တာပါမိုးညႇင္းက လူနာ နံပါတ္ (၁၄၄)အလုပ္လုပ္ခဲ့တဲ့ လႈိင္သာယာက ခ်န္းရိဖိနပ္စက္႐ုံကို ယာယီပိတ္သိမ္းထားတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဆိုစက္႐ုံမွာ အလုပ္လုပ္ကိုင္လွ်က္ရွိတဲ့ အလုပ္သမား (၉၀၀၀)ေက်ာ္ကိုလည္းသက္ဆိုင္ရာေနရာေတြမွာ Quarantine ဝင္ေရာက္ၾကဖို႔ကိုလည္းတိုက္တြန္းထားပါတယ္။ လူနာ နံပါတ္ (၁၄၄)က စက္႐ုံက တ႐ုတ္ဘာသာျပန္ ဝန္ထမ္းတစ္ေယာက္ျဖစ္ၿပီး တ႐ုတ္သူေဌးနဲ႔ ဝန္ထမ္းေတြၾကားမွာ ဘာသာျပန္အလုပ္ကိုလုပ္ေပးေနသူျဖစ္ပါတယ္။

သူက စက္႐ုံမွာ မတ္လက အလုပ္စဝင္ခဲ့တာျဖစ္ၿပီး ဧၿပီလအစပိုင္းေလာက္မွာ က်န္းမာေရးမေကာင္းျဖစ္လာတဲ့အတြက္ အတြက္ (၁၅)ရက္ေန႔က ရန္ကုန္ကေနျပန္လာၿပီး မိုးညႇင္းကို (၁၆)ေရာက္ေန႔မွာ ေရာက္ရွိလာသူျဖစ္ပါတယ္။ မိုးညႇင္းေရာက္ေရာက္ခ်င္း Quarantine တန္းဝင္ခဲ့တာေၾကာင့္ မိုးညႇင္းက မိသားစုေတြနဲ႔ေတာ့ ထိေတြ႕မႈမရွိထားဘဲ ရန္ကုန္မွာ ရွိေနစဥ္က ဝန္ထမ္းေတြနဲ႔ေတာ့ ထိေတြ႕မႈရွိထားသူျဖစ္ပါတယ္။ဒါေၾကာင့္ စက္႐ုံက အလုပ္သမား(၉၀၀၀)ေက်ာ္ကို သူတို႔ေနထိုင္ရာ ေနရာေတြကို မျပန္ေစဘဲ သက္ဆိုင္ရာေနရာေတြမွာ Quarantine ဝင္ၾကဖို႔ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ခ်က္မွာ တိုက္တြန္းေျပာၾကားထားပါတယ္။

UNICODE

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့တာပါမိုးညှင်းက လူနာ နံပါတ် (၁၄၄)အလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာက ချန်းရိဖိနပ်စက်ရုံကို ယာယီပိတ်သိမ်းထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုစက်ရုံမှာ အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ အလုပ်သမား (၉၀၀၀)ကျော်ကိုလည်းသက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်ရောက်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ လူနာ နံပါတ် (၁၄၄)က စက်ရုံက တရုတ်ဘာသာပြန် ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တရုတ်သူဌေးနဲ့ ဝန်ထမ်းတွေကြားမှာ ဘာသာပြန်အလုပ်ကိုလုပ်ပေးနေသူဖြစ်ပါတယ်။

သူက စက်ရုံမှာ မတ်လက အလုပ်စဝင်ခဲ့တာဖြစ်ပြီး ဧပြီလအစပိုင်းလောက်မှာ ကျန်းမာရေးမကောင်းဖြစ်လာတဲ့အတွက် အတွက် (၁၅)ရက်နေ့က ရန်ကုန်ကနေပြန်လာပြီး မိုးညှင်းကို (၁၆)ရောက်နေ့မှာ ရောက်ရှိလာသူဖြစ်ပါတယ်။ မိုးညှင်းရောက်ရောက်ချင်း Quarantine တန်းဝင်ခဲ့တာကြောင့် မိုးညှင်းက မိသားစုတွေနဲ့တော့ ထိတွေ့မှုမရှိထားဘဲ ရန်ကုန်မှာ ရှိနေစဉ်က ဝန်ထမ်းတွေနဲ့တော့ ထိတွေ့မှုရှိထားသူဖြစ်ပါတယ်။ဒါကြောင့် စက်ရုံက အလုပ်သမား(၉၀၀၀)ကျော်ကို သူတို့နေထိုင်ရာ နေရာတွေကို မပြန်စေဘဲ သက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်ကြဖို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ တိုက်တွန်းပြောကြားထားပါတယ်။

Leave a Comment