ျမန္မာျပည္မွာ ခုတေလာ ထိုးေနၾကတဲ႕ တုတ္ေကြး ေဆးေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္း

ေရးမယ္ ေရးမယ္ နဲ႔ လူမုန္းမ်ားမွာ စိုးလို႔ခ်ိန္ေနတာ ။ ဟိုတေန႔က မီဒီယာတခုနဲ႔ အင္တာဗ်ဴးမွာလည္း ေတာ္ေတာ္ေလးျပည့္ျပည့္စုံစုံေျပာ လိုက္ၿပီးျဖစ္တာေၾကာင့္ ခုခ်ေရးလိုက္ ပါ တယ္ ။ ေနာက္တခ်က္က ကိုယ့္အက်ိဳးစီးပြါး တျပားသားမွမပါဘူး ဆိုတာယုံၾကည္ လို႔ လိပ္ျပာသန္႔သန္႔နဲ႔ေရး ပါတယ္ ။တုပ္ေကြးကာကြယ္ေဆး ကိစၥပါ ။ အင္း ေရးမယ့္ေရးေတာ့ ကိုယ္သိ သမွ်အားလုံး စီကာပတ္ကုံးေရးရ ပါေတာ့မယ္ ။

တုပ္ေကြး ကာ ကြယ္ေဆး ဆို တာ Seasonal flu လို႔ေခၚတဲ့ ရာသီတုပ္ေကြးကိုကာကြယ္တဲ့ေဆးပါ။ သူက တစ္ႏွစ္ကိုႏွစ္ႀကိမ္ေဆးအသစ္ေတြထြက္ပါတယ္။ ပထမတႀကိမ္ ကေတာ့ ကမာၻေတာင္ဘက္ျခမ္းႏိုင္ငံေတြ အတြက္ထုတ္တာပါ ။ ျမန္မာႏိုင္ငံကေတာ့ ကမာၻ႔ေျမာက္ဘက္ျခမ္း မွက်ေပမယ့္ ရာသီတုပ္ေကြးေရာဂါက မိုးရာသီမွာပဲအျဖစ္မ်ားလို႔ ကမာၻ႔ေတာင္ဘက္ျခမ္းနဲ႔သြားတူ ပါတယ္။ ဒါေၾကာင့္ မိုးဦးက်မ တိုင္မီ ေမလ၊ ဇြန္လေလာက္မွာထြက္တဲ့ေဆး ကို အထိုးမ်ားၾကပါတယ္။

ဟိုးေျမာက္ ဘက္ပိုင္း က ဥေရာပႏိုင္ငံေတြဘာညာက်ေတာ့ ေဆာင္းဦးေပါက္ ႏိုဝင္ဘာ၊ ဒီဇင္ဘာေလာက္မွာထြက္တဲ့ေဆးကို ထိုးက်ရပါတယ္။ တခ်ိဳ႕ပညာရွင္ေတြေျပာတာ ကေတာ့ ျမန္မာႏိုင္ငံမွာလည္း ေဆာင္းရာသီတုပ္ေကြးျဖစ္တတ္တာေၾကာင့္ ေဆာင္းတြင္းေဆးကိုလည္းထိုးသင့္တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ မိုးရာသီအတြက္ပဲထိုးၾကတာ မ်ား ပါတယ္။

ျမန္မာျပည္မွာ ခုတေလာ ထိုးေနၾကတဲ႕ တုတ္ေကြး ေဆးေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္း
တုပ္ေကြးဗိုင္းရပ္စ္ေတြ ဆိုတာက တႏွစ္နဲ႔တႏွစ္ Strain (မ်ိဳးကြဲ)ေတြမတူၾကပါဘူး။ ဒီႏွစ္အတြက္ ဘယ္မ်ိဳးကြဲ ဘယ္အေကာင္က ထေဟာ့မလဲဆိုတာ တပ္အပ္မေျပာႏိုင္ ပါဘူး။ အဲ့ဒီေတာ့ ေဆးထုတ္လုပ္တဲ့ကုမၸဏီေတြက သူတို႔ထုတ္ခ်င္တိုင္းထုတ္လို႔မရပါဘူး။ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ႏွစ္စဥ္သတ္မွတ္ေပးတဲ့ ဗိုင္းရပ္စ္မ်ိဳးကြဲအတြက္ကိုပဲ ေဆးကုမၸဏီေတြ အားလုံး တညီတၫြတ္တည္းထုတ္ၾကရတာပါ။ WHO ကေတာ့ တစ္ရာသီအတြက္ကို တုပ္ေကြးမ်ိဳးကြဲ သုံးမ်ိဳး ဒါမွမဟုတ္ ေလးမ်ိဳးသတ္မွတ္ေပးပါတယ္။ အဲ့ဒီပိုးေတြကို ကာကြယ္တဲ့ေဆးေတြ ကို ေဆးကုမၸဏီေတြက ထုတ္ၾကရတာပါ။

ဒါေၾကာင့္ မွတ္ထား ရမွာက တုပ္ေကြး ကာကြယ္ေဆးဆိုတာ ရာသီတုပ္ေကြးကိုပဲကာကြယ္တာပါ။ ဆင္တုပ္ေကြးတို႔၊ ဝက္တုပ္ေကြးတို႔၊ ေသြးလြန္တုပ္ေကြးတို႔ အဲ့ဒါေတြကိုမကာကြယ္ႏိုင္ပါဘူး။ ရာသီတုပ္ေကြး မွာေတာင္ မွ သူကာကြယ္ႏိုင္တဲ့၊ အျဖစ္မ်ားတဲ့ဗိုင္းရပ္စ္အေကာင္သုံးေကာင္ သို႔မဟုတ္ ေလးေကာင္ကိုပဲကာကြယ္ပါတယ္။ ကိုယ္ကကံဆိုးၿပီး အျဖစ္နည္းတဲ့ တုပ္ေကြးအေကာင္အကိုက္ခံရရင္ေတာ့ မကာကြယ္ႏိုင္ပါ။ အဲ့ဒါေၾကာင့္ ဂ်င္းစကားျဖစ္တဲ့ တုပ္ေကြးမွန္သမွ် အကုန္ ကာကြယ္တယ္ ဆိုၿပီး လိမ္ညာၿဖီးျဖန္းေနၾကတာေတြ ကို မယုံၾကပါနဲ႔။

ေနာက္တခ်က္က ကာကြယ္ေဆးေတြ ရဲ႕ အသက္က Cold chain လို႔ေခၚတဲ့အေအးေပးစံနစ္ပါ။ စထုတ္လုပ္လိုက္တဲ့စက္႐ုံကေနစၿပီး ထိုးတဲ့သူရဲ႕အသားထဲေဆးဝင္သြား တဲ့ အထိ အပူခ်ိန္ဟာ နည္းလို႔လည္း မရပါဘူး ။ မ်ားလို႔လည္း မရပါဘူး ။ အဲ့ဒီ Cold chain အေၾကာင္း စိတ္ဝင္စားစရာေရးထားတဲ့ ပို႔စ္ေလး တခု ၿပီးခဲ့တဲ့ နာရီပိုင္းကပဲ က်ေနာ္ရွဲထားပါ ေသးတယ္ ။ က်ေနာ့္ေဝါလ္ေပၚမွာ ရွာဖတ္ၾကည့္ပါ ။

ျမန္မာႏိုင္ငံမွာ တုပ္ေကြး ကာကြယ္ေဆး ကို အဓိကတရားဝင္တင္သြင္းေနတဲ့ေဆးကုမၸဏီႀကီးက ၿပီးခဲ့တဲ့ႏွစ္ႏွစ္ေလာက္အထိက တစ္ခုတည္းပဲရွိပါတယ္။ ေနာက္ပိုင္း ကုမၸဏီႀကီးတခုက ေနာက္ထပ္ တခု ထပ္သြင္းလာေတာ့ ေဒါင္ေဒါင္ျမည္ ႏွစ္ခုပဲရွိပါတယ္။ အဲ့ဒီႏွစ္ခုကေတာ့ နာမည္ရွိၿပီးသားကုမၸဏီႀကီးေတြျဖစ္တာေၾကာင့္ FDA ခြင့္ျပဳခ်က္ရတဲ့ ၊ Myanmar Registration Number ရၿပီးျဖစ္တဲ့ေဆးေတြကိုပဲသြင္းပါတယ္။ အဲ့ဒါေၾကာင့္ Cold chain ဘာညာနဲ႔ပက္သက္ရင္ေတာ့ သူတို႔ကစိတ္ခ်ရတယ္လို႔ေျပာလို႔ရ ပါတယ္ ။

တုပ္ေကြးကာကြယ္ေဆးကေတာ့ ျမန္မာႏိုင္ငံမွာ စထိုးလာၾကတာ ငါးႏွစ္၊ ေျခာက္ႏွစ္ေလာက္ရွိပါၿပီ။ တစ္ႏွစ္ထက္တစ္ႏွစ္ပိုၿပီး ထိုးတဲ့သူမ်ားလာၾကပါတယ္။ ဟိုးတစ္ႏွစ္ကေတာ့ H1N1 ထျဖစ္ေတာ့ ေစ်းကြက္ထဲ မွာေဆးေတြျပတ္တဲ့အထိထိုးၾကပါေတာ့တယ္။ တရားဝင္သြင္းတဲ့ေဆးေတြကေတာ့ ႏွစ္စဥ္ျဖဳန္းအားအေရအတြက္ကိုပဲခ်ိန္ၿပီး သြင္းထားတာ ဆိုေတာ့ တကယ္တမ္း ထိုးတဲ့သူ ႐ုတ္တရတ္ မ်ားလာေတာ့ သူတို႔လည္းမတတ္ႏိုင္ေတာ့ပါဘူး။

ျမန္မာျပည္မွာ ခုတေလာ ထိုးေနၾကတဲ႕ တုတ္ေကြး ေဆးေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္း
အဲ့ဒီေတာ့ တခ်ိဳ႕ ကလည္း ဘန္ေကာက္တို႔၊ စင္ကာပူတို႔ကေနလွမ္းမွာၿပီးထိုးၾကပါတယ္။ သူတို႔ဆီကေဆးေစ်းေတြကေတာ့ နဂိုကတည္းကမွက်ေနာ္တို႔ထက္မ်ားပါတယ္။ ဆိုေတာ့ ခုလိုမ်ိဳးသယ္ယူ ပို႔ေဆာင္စရိတ္ဘာညာနဲ႔ဆိုေတာ့ ေတာ္ေတာ့္ကိုေျမာက္ပါတယ္။ ဒါကေတာ့ စီးပြားျဖစ္မဟုတ္ဘဲ ကိုယ့္ဘာသာကိုယ္တပိုင္ တႏိုင္ဝယ္ထိုးၾကတာဆိုေတာ့ (Cold chain ဘာညာ၊ ေဆးအာနိသင္ဘာညာ ခဏထားလိုက္ဦး) သူတို႔ကိုအျပစ္မဆိုသာဘူး။ ကူးမွာေၾကာက္ၾကတာကိုး။

အဲ့ဒီလို လူေတြ ရဲ႕ေၾကာက္႐ြံ႕ထိတ္လန္႔မႈကိုအခြင့္ေကာင္းယူၿပီးလုပ္စားၾကတဲ့သူေတြက ထုံးစံအတိုင္းေပၚလာပါေတာ့တယ္။ သြင္းေနက်ကုမၸဏီႀကီးေတြေတာင္ ႐ုတ္တရတ္ျပတ္သြားတဲ့ေဆးေစ်းကြက္ ကိုမျဖည့္ႏိုင္တဲ့အခ်ိန္မွာ ဘာနာမည္မွ မရွိတဲ့၊ ဘာေဆးမွမ သြင္းဘူးတဲ့ကု မၸဏီေပါက္စနေလးတခုက တုပ္ေကြးကာကြယ္ေဆးေတြ သြင္းခ်လာပါေတာ့တယ္။ က်ေနာ္တို႔လည္း ေတာ္္ေတာ္အံ့ဩသြားပါတယ္။ ဟ ပိုင္လွခ်ည္လားေပါ့ေလ။

လူနာေတြကလည္းတအားထိုးခ်င္ေနၾကေတာ့ သူတို႔ဆီကမွာၿပီးထိုးျဖစ္ခဲ့တယ္။ ေဆးေရာက္လာလို႔ၾကည့္လိုက္ေတာ့မွ FDA မျဖတ္ရေသးဘူး။ Myanmar Registration Number မပါေသးဘူး။ ထုတ္လုပ္တဲ့ကုမၸဏီကလည္း ခပ္ေသးေသးရယ္။ ေစ်းက်ေတာ့ ပုံမွန္ေစ်းထက္ သုံးဆေလာက္တင္႐ိုက္ထားတယ္။ လူနာေတြအတြက္က်ေတာ့လည္း မထိုးတာနဲ႔စာရင္ရွိတာေလးပဲထိုးေပးတာေကာင္းပါတယ္ဆိုၿပီး ထိုးေပးလိုက္ရတယ္။စုံစမ္းၾကည့္ေတာ့မွ H1N1 အေရးေပၚအေျခအေနမွာလိုအပ္ခ်က္အရ သက္ဆိုင္ရာကိုလႉပါရေစဆိုၿပီး အဆင့္ေတြေက်ာ္ၿပီးသြင္းလာတယ္။ လႉတာက အလုံးေရ ရာဂဏန္းေလာက္။ တကယ္တမ္းသြင္းလာတာက အလုံးေရေသာင္းသိန္းခ်ီၿပီးသြင္းလာတယ္။ ေစ်းႏႈန္းက်ေတာ့ ပုံမွန္ထက္သုံးေလးဆတင္ေရာင္းပါေတာ့တယ္။ လူေတြကလည္း လန္႔ဖ်တ္ၿပီးဘယ္ေလာက္ပဲေပးရေပးရ ဝယ္ထိုးၾကပါတယ္။ အဲ့ဒီတခ်ီတည္းတင္ သိန္းေပါင္းေသာင္းခ်ီၿပီးပိုက္သြားပါေတာ့တယ္။

အေပၚမွာေျပာခဲ့တဲ့ မိုးတြင္းတခါ၊ ေဆာင္းတြင္းတခါ ေဆးအသစ္ေပၚတဲ့ကိစၥ ဆက္ေျပာပါမယ္။

ကာကြယ္ေဆးရဲ႕ Expire Date က တစ္ႏွစ္(လားေတာ့မသိဘူး) ခံပါတယ္။ ဆိုလိုတာက ခုႏွစ္မိုးရာသီအတြက္ထုတ္တဲ့ေဆးက ထုတ္လုပ္ရက္စြဲ April 2020 ဆိုပါစို႔။ Expire Date က April 2021 ပါ။ ဒါေပမယ့္ သူ႔ရဲ႕ေဆးရာသီက 2020 မိုးတြင္းကာလပါ။ အဲ့ဒီေဆးကို 2021 မတ္လမွာထိုးတယ္ဆိုပါစို႔။ ေဆးကေတာ့ Expire မျဖစ္ေသးပါဘူး။ ဒါေပမယ့္ သူကာကြယ္ေပးႏိုင္တဲ့ရာသီက ကုန္သြားပါၿပီ။ ထိုးလည္း အရာမေရာက္ေတာ့ပါဘူး။အဲ့ဒီကုမၸဏီက နားမလည္ပါးမလည္နဲ႔ အပိုင္ပဲဆိုၿပီး ေဆာင္းတြင္းအတြက္ေဆးေတြကို ထပ္သြင္းခ်လာပါတယ္။ ဒီမွာက ေဆာင္းတြင္းထိုးေနက်မဟုတ္ေတာ့ ေဆးေတြကပိုေနေရာ။ အဲ့ဒီေတာ့ ပိုတဲ့ေဆးေတြကို ရာသီကုန္ေတာ့မွဘာလုပ္ရမွန္းမသိျဖစ္ၿပီး ကုမၸဏီနာမည္အႀကီးႀကီးတပ္ၿပီး ဘိုးဘြားရိပ္သာေတြမွာ အလႉဆိုၿပီးလိုက္ထိုးေပးပါေတာ့တယ္။ မသိတဲ့သူေတြကေတာ့ သာဓုေတြေခၚၾကေပါ့။ ကိုယ္ေတြကေတာ့ သက္ျပင္းေတြခ်လို႔။

ခုကာကြယ္ေဆးကိစၥကို ၿပီးခဲ့တဲ့ႏွစ္လ ကိုဗစ္စျဖစ္ကတည္းကေရးခ်င္ခဲ့တာပါ။ ကိုယ့္သူငယ္ခ်င္းဆရာဝန္ေတြထဲမွာကလည္း ကုမၸဏီေဆးဝင္တာကိုမေစာင့္ႏိုင္လို႔ ေအာက္လမ္းကသြင္းလာတဲ့ေဆးေတြကိုထိုးေနၾကတဲ့သူေတြလည္းရွိေတာ့ သူတို႔ကိုအားနာတာေၾကာင့္ မေရးျဖစ္ခဲ့ဘူး။ တကယ္ေတာ့ သူတို႔ကလည္း စီးပြါးျဖစ္ထိုးတာမဟုတ္ဘူး။ တရားဝင္ေဆးကိုမေစာင့္ႏိုင္လို႔၊ သူတို႔ဆီမေရာက္ႏိုင္လို႔ Cold chain စိတ္ခ်ရတယ္လို႔ထင္တဲ့လမ္းေၾကာင္းကေဆးကို တစ္လုံးစႏွစ္လုံးစထိုးၾကတာပါ။

ေဆးပဲကြာ။ မင္း Registration Number ဆိုတာက ဗူးခြံေပၚေဆး႐ိုက္လိုက္ရင္ၿပီးတာပဲကို။ အဓိကက Cold chain မျပတ္ရင္၊ အာနိသင္ေကာင္းရင္ၿပီးတာပဲမဟုတ္လားဆိုရင္ေတာ့ ဟုတ္ပါတယ္။ စိတ္ခ်ရရင္ေတာ့ထိုးပါ။ ဒါေပမယ့္ Cold chain ျပတ္မျပတ္ဆိုတာက ဘယ္လိုမွစမ္းၾကည့္လို႔မွမရတာ။ တခ်ိဳ႕ကာကြယ္ေဆးေတြမွာေတာ့ ေဆးပုလင္းမွာ Cold chain ျပတ္ရင္ အေရာင္ေျပာင္းသြားတတ္တဲ့ Security Color code ေလးေတြပါပါတယ္။ ကိုယ့္ဆီေရာက္လို႔ အဲ့ဒီဟာေလးက အေရာင္ေျပာင္းေနရင္ အာနိသင္မရွိေတာ့ဘူးလို႔အလြယ္တကူသိႏိုင္ပါတယ္။

ဒီႏွစ္မွာေတာ့ ကိုးဗစ္ဝင္ရႈပ္လိုက္လို႔ ရာသီတုပ္ေကြးလည္းေတာ္ေတာ္တိုင္ပတ္သြားမယ့္သေဘာရွိပါတယ္။ အေကာင္းဘက္ကၾကည့္ရင္ေတာ့ ကိုးဗစ္နဲ႔ရာသီတုပ္ေကြးက ကူးစက္ျပန္႔ႏွံ႔ပုံသိပ္မကြာတာေၾကာင့္ ခုလိုမ်ိဳး Mask တပ္၊ လက္ေဆး၊ ႏွာေစးေခ်ာင္းဆိုးရင္အုပ္ထား၊ ခပ္ခြါခြါေန စတာေတြက ရာသီတုပ္ေကြးကူးစက္မႈကိုပါကာကြယ္ၿပီးသားျဖစ္ေစပါတယ္။ တဘက္ကၾကည့္ရင္ေတာ့ ေရာဂါလကၡဏာေတြကလည္း ခပ္ဆင္ဆင္ျဖစ္တာေၾကာင့္ ဖ်ားရင္ ကိုးဗစ္လိုလို၊ ရာသီတုပ္ေကြးလိုလိုနဲ႔ ေတာ္ေတာ္ေလးအုန္းစားၾကရပါလိမ့္မယ္။ အဲ့ဒီေတာ့ ရာသီတုပ္ေကြးအတြက္ကာကြယ္ေဆးကေတာ့ တတ္ႏိုင္သေလာက္ထိုးထားသင့္တယ္လို႔ အႀကံျပဳပါရေစ။

အခု ဒီစာကိုေရးတာဟာ ေဆးေၾကာ္ျငာေပးေနတာမဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ ကုမၸဏီနာမည္၊ ေဆးနာမည္ေတာင္ထည့္မေရးထားပါဘူး။ က်ေနာ့္ေဆးခန္းမွာ ေဆးရလို႔ထိုးေပးရင္လည္း ေစ်းအဆမတန္တင္ၿပီးထိုးေပးမွာမဟုတ္ပါဘူး။ ကုမၸဏီေစ်းအတိုင္းပဲထိုးေပးမွာပါ။ခုၾကားရသေလာက္ ေနာက္တပတ္ဆို ေဆးပထမဦးဆုံးအသုတ္ရပါၿပီ။ က်ေနာ္တို႔လည္း ခြဲတမ္းနဲ႔ပဲရပါတယ္။ ထိုးေနက်လူနာေတြနဲ႔တင္ လုံးဝ(လုံးဝ)မေလာက္ပါဘူး။ ေနာက္ပိုင္းေတြေတာ့ ဆက္တိုက္ အလုံအေလာက္ဝင္လာမယ္လို႔သိရပါတယ္။ ေဆးေၾကာ္ျငာတာ၊ ေဆးခန္းေၾကာ္ျငာတာ လုံးဝ(လုံးဝ) မဟုတ္ပါဘူးလို႔ ေျပာထားၿပီးသားျဖစ္တာေၾကာင့္ ဆရာ့ေဆးခန္းမွာပဲထိုးပါရေစတို႔။ က်ေနာ္တို႔ကိုခ်န္ထားေပးပါတို႔ လာမမန္႔ဖို႔ေတာင္းပန္ပါရေစ။က်ေနာ္တို႔က ေဆးနာမည္မွမသိတာ။ ဘယ္လိုဝယ္၊ ဘယ္လိုထိုးရမလဲမွမသိတာဆိုရင္ေတာ့ နီးစပ္တဲ့ဆီမွာပဲစုံစမ္းၿပီးထိုးၾကပါ။ စိတ္ခ်ခ်င္ရင္ေတာ့ တခြန္းပဲေမးလိုက္ပါ။ ေဆးက Myanmar Registration Number က်ၿပီးသားလားလို႔။

Credit Okka Kyi Win

UNICODE

ရေးမယ် ရေးမယ် နဲ့ လူမုန်းများမှာ စိုးလို့ချိန်နေတာ ။ ဟိုတနေ့က မီဒီယာတခုနဲ့ အင်တာဗျူးမှာလည်း တော်တော်လေးပြည့်ပြည့်စုံစုံပြော လိုက်ပြီးဖြစ်တာကြောင့် ခုချရေးလိုက် ပါ တယ် ။ နောက်တချက်က ကိုယ့်အကျိုးစီးပွါး တပြားသားမှမပါဘူး ဆိုတာယုံကြည် လို့ လိပ်ပြာသန့်သန့်နဲ့ရေး ပါတယ် ။တုပ်ကွေးကာကွယ်ဆေး ကိစ္စပါ ။ အင်း ရေးမယ့်ရေးတော့ ကိုယ်သိ သမျှအားလုံး စီကာပတ်ကုံးရေးရ ပါတော့မယ် ။

တုပ်ကွေး ကာ ကွယ်ဆေး ဆို တာ Seasonal flu လို့ခေါ်တဲ့ ရာသီတုပ်ကွေးကိုကာကွယ်တဲ့ဆေးပါ။ သူက တစ်နှစ်ကိုနှစ်ကြိမ်ဆေးအသစ်တွေထွက်ပါတယ်။ ပထမတကြိမ် ကတော့ ကမ္ဘာတောင်ဘက်ခြမ်းနိုင်ငံတွေ အတွက်ထုတ်တာပါ ။ မြန်မာနိုင်ငံကတော့ ကမ္ဘာ့မြောက်ဘက်ခြမ်း မှကျပေမယ့် ရာသီတုပ်ကွေးရောဂါက မိုးရာသီမှာပဲအဖြစ်များလို့ ကမ္ဘာ့တောင်ဘက်ခြမ်းနဲ့သွားတူ ပါတယ်။ ဒါကြောင့် မိုးဦးကျမ တိုင်မီ မေလ၊ ဇွန်လလောက်မှာထွက်တဲ့ဆေး ကို အထိုးများကြပါတယ်။

ဟိုးမြောက် ဘက်ပိုင်း က ဥရောပနိုင်ငံတွေဘာညာကျတော့ ဆောင်းဦးပေါက် နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာထွက်တဲ့ဆေးကို ထိုးကျရပါတယ်။ တချို့ပညာရှင်တွေပြောတာ ကတော့ မြန်မာနိုင်ငံမှာလည်း ဆောင်းရာသီတုပ်ကွေးဖြစ်တတ်တာကြောင့် ဆောင်းတွင်းဆေးကိုလည်းထိုးသင့်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မိုးရာသီအတွက်ပဲထိုးကြတာ များ ပါတယ်။

မြန်မာပြည်မှာ ခုတလော ထိုးနေကြတဲ့ တုတ်ကွေး ဆေးတွေရဲ့ နောက်ကွယ်က အကြောင်းရင်း
တုပ်ကွေးဗိုင်းရပ်စ်တွေ ဆိုတာက တနှစ်နဲ့တနှစ် Strain (မျိုးကွဲ)တွေမတူကြပါဘူး။ ဒီနှစ်အတွက် ဘယ်မျိုးကွဲ ဘယ်အကောင်က ထဟော့မလဲဆိုတာ တပ်အပ်မပြောနိုင် ပါဘူး။ အဲ့ဒီတော့ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေက သူတို့ထုတ်ချင်တိုင်းထုတ်လို့မရပါဘူး။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှစ်စဉ်သတ်မှတ်ပေးတဲ့ ဗိုင်းရပ်စ်မျိုးကွဲအတွက်ကိုပဲ ဆေးကုမ္ပဏီတွေ အားလုံး တညီတညွတ်တည်းထုတ်ကြရတာပါ။ WHO ကတော့ တစ်ရာသီအတွက်ကို တုပ်ကွေးမျိုးကွဲ သုံးမျိုး ဒါမှမဟုတ် လေးမျိုးသတ်မှတ်ပေးပါတယ်။ အဲ့ဒီပိုးတွေကို ကာကွယ်တဲ့ဆေးတွေ ကို ဆေးကုမ္ပဏီတွေက ထုတ်ကြရတာပါ။

ဒါကြောင့် မှတ်ထား ရမှာက တုပ်ကွေး ကာကွယ်ဆေးဆိုတာ ရာသီတုပ်ကွေးကိုပဲကာကွယ်တာပါ။ ဆင်တုပ်ကွေးတို့၊ ဝက်တုပ်ကွေးတို့၊ သွေးလွန်တုပ်ကွေးတို့ အဲ့ဒါတွေကိုမကာကွယ်နိုင်ပါဘူး။ ရာသီတုပ်ကွေး မှာတောင် မှ သူကာကွယ်နိုင်တဲ့၊ အဖြစ်များတဲ့ဗိုင်းရပ်စ်အကောင်သုံးကောင် သို့မဟုတ် လေးကောင်ကိုပဲကာကွယ်ပါတယ်။ ကိုယ်ကကံဆိုးပြီး အဖြစ်နည်းတဲ့ တုပ်ကွေးအကောင်အကိုက်ခံရရင်တော့ မကာကွယ်နိုင်ပါ။ အဲ့ဒါကြောင့် ဂျင်းစကားဖြစ်တဲ့ တုပ်ကွေးမှန်သမျှ အကုန် ကာကွယ်တယ် ဆိုပြီး လိမ်ညာဖြီးဖြန်းနေကြတာတွေ ကို မယုံကြပါနဲ့။

နောက်တချက်က ကာကွယ်ဆေးတွေ ရဲ့ အသက်က Cold chain လို့ခေါ်တဲ့အအေးပေးစံနစ်ပါ။ စထုတ်လုပ်လိုက်တဲ့စက်ရုံကနေစပြီး ထိုးတဲ့သူရဲ့အသားထဲဆေးဝင်သွား တဲ့ အထိ အပူချိန်ဟာ နည်းလို့လည်း မရပါဘူး ။ များလို့လည်း မရပါဘူး ။ အဲ့ဒီ Cold chain အကြောင်း စိတ်ဝင်စားစရာရေးထားတဲ့ ပို့စ်လေး တခု ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ကျနော်ရှဲထားပါ သေးတယ် ။ ကျနော့်ဝေါလ်ပေါ်မှာ ရှာဖတ်ကြည့်ပါ ။

မြန်မာနိုင်ငံမှာ တုပ်ကွေး ကာကွယ်ဆေး ကို အဓိကတရားဝင်တင်သွင်းနေတဲ့ဆေးကုမ္ပဏီကြီးက ပြီးခဲ့တဲ့နှစ်နှစ်လောက်အထိက တစ်ခုတည်းပဲရှိပါတယ်။ နောက်ပိုင်း ကုမ္ပဏီကြီးတခုက နောက်ထပ် တခု ထပ်သွင်းလာတော့ ဒေါင်ဒေါင်မြည် နှစ်ခုပဲရှိပါတယ်။ အဲ့ဒီနှစ်ခုကတော့ နာမည်ရှိပြီးသားကုမ္ပဏီကြီးတွေဖြစ်တာကြောင့် FDA ခွင့်ပြုချက်ရတဲ့ ၊ Myanmar Registration Number ရပြီးဖြစ်တဲ့ဆေးတွေကိုပဲသွင်းပါတယ်။ အဲ့ဒါကြောင့် Cold chain ဘာညာနဲ့ပက်သက်ရင်တော့ သူတို့ကစိတ်ချရတယ်လို့ပြောလို့ရ ပါတယ် ။

တုပ်ကွေးကာကွယ်ဆေးကတော့ မြန်မာနိုင်ငံမှာ စထိုးလာကြတာ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပါပြီ။ တစ်နှစ်ထက်တစ်နှစ်ပိုပြီး ထိုးတဲ့သူများလာကြပါတယ်။ ဟိုးတစ်နှစ်ကတော့ H1N1 ထဖြစ်တော့ ဈေးကွက်ထဲ မှာဆေးတွေပြတ်တဲ့အထိထိုးကြပါတော့တယ်။ တရားဝင်သွင်းတဲ့ဆေးတွေကတော့ နှစ်စဉ်ဖြုန်းအားအရေအတွက်ကိုပဲချိန်ပြီး သွင်းထားတာ ဆိုတော့ တကယ်တမ်း ထိုးတဲ့သူ ရုတ်တရတ် များလာတော့ သူတို့လည်းမတတ်နိုင်တော့ပါဘူး။

မြန်မာပြည်မှာ ခုတလော ထိုးနေကြတဲ့ တုတ်ကွေး ဆေးတွေရဲ့ နောက်ကွယ်က အကြောင်းရင်း
အဲ့ဒီတော့ တချို့ ကလည်း ဘန်ကောက်တို့၊ စင်ကာပူတို့ကနေလှမ်းမှာပြီးထိုးကြပါတယ်။ သူတို့ဆီကဆေးဈေးတွေကတော့ နဂိုကတည်းကမှကျနော်တို့ထက်များပါတယ်။ ဆိုတော့ ခုလိုမျိုးသယ်ယူ ပို့ဆောင်စရိတ်ဘာညာနဲ့ဆိုတော့ တော်တော့်ကိုမြောက်ပါတယ်။ ဒါကတော့ စီးပွားဖြစ်မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်တပိုင် တနိုင်ဝယ်ထိုးကြတာဆိုတော့ (Cold chain ဘာညာ၊ ဆေးအာနိသင်ဘာညာ ခဏထားလိုက်ဦး) သူတို့ကိုအပြစ်မဆိုသာဘူး။ ကူးမှာကြောက်ကြတာကိုး။

အဲ့ဒီလို လူတွေ ရဲ့ကြောက်ရွံ့ထိတ်လန့်မှုကိုအခွင့်ကောင်းယူပြီးလုပ်စားကြတဲ့သူတွေက ထုံးစံအတိုင်းပေါ်လာပါတော့တယ်။ သွင်းနေကျကုမ္ပဏီကြီးတွေတောင် ရုတ်တရတ်ပြတ်သွားတဲ့ဆေးဈေးကွက် ကိုမဖြည့်နိုင်တဲ့အချိန်မှာ ဘာနာမည်မှ မရှိတဲ့၊ ဘာဆေးမှမ သွင်းဘူးတဲ့ကု မ္ပဏီပေါက်စနလေးတခုက တုပ်ကွေးကာကွယ်ဆေးတွေ သွင်းချလာပါတော့တယ်။ ကျနော်တို့လည်း တော်တော်အံ့ဩသွားပါတယ်။ ဟ ပိုင်လှချည်လားပေါ့လေ။

လူနာတွေကလည်းတအားထိုးချင်နေကြတော့ သူတို့ဆီကမှာပြီးထိုးဖြစ်ခဲ့တယ်။ ဆေးရောက်လာလို့ကြည့်လိုက်တော့မှ FDA မဖြတ်ရသေးဘူး။ Myanmar Registration Number မပါသေးဘူး။ ထုတ်လုပ်တဲ့ကုမ္ပဏီကလည်း ခပ်သေးသေးရယ်။ ဈေးကျတော့ ပုံမှန်ဈေးထက် သုံးဆလောက်တင်ရိုက်ထားတယ်။ လူနာတွေအတွက်ကျတော့လည်း မထိုးတာနဲ့စာရင်ရှိတာလေးပဲထိုးပေးတာကောင်းပါတယ်ဆိုပြီး ထိုးပေးလိုက်ရတယ်။စုံစမ်းကြည့်တော့မှ H1N1 အရေးပေါ်အခြေအနေမှာလိုအပ်ချက်အရ သက်ဆိုင်ရာကိုလှူပါရစေဆိုပြီး အဆင့်တွေကျော်ပြီးသွင်းလာတယ်။ လှူတာက အလုံးရေ ရာဂဏန်းလောက်။ တကယ်တမ်းသွင်းလာတာက အလုံးရေသောင်းသိန်းချီပြီးသွင်းလာတယ်။ ဈေးနှုန်းကျတော့ ပုံမှန်ထက်သုံးလေးဆတင်ရောင်းပါတော့တယ်။ လူတွေကလည်း လန့်ဖျတ်ပြီးဘယ်လောက်ပဲပေးရပေးရ ဝယ်ထိုးကြပါတယ်။ အဲ့ဒီတချီတည်းတင် သိန်းပေါင်းသောင်းချီပြီးပိုက်သွားပါတော့တယ်။

အပေါ်မှာပြောခဲ့တဲ့ မိုးတွင်းတခါ၊ ဆောင်းတွင်းတခါ ဆေးအသစ်ပေါ်တဲ့ကိစ္စ ဆက်ပြောပါမယ်။

ကာကွယ်ဆေးရဲ့ Expire Date က တစ်နှစ်(လားတော့မသိဘူး) ခံပါတယ်။ ဆိုလိုတာက ခုနှစ်မိုးရာသီအတွက်ထုတ်တဲ့ဆေးက ထုတ်လုပ်ရက်စွဲ April 2020 ဆိုပါစို့။ Expire Date က April 2021 ပါ။ ဒါပေမယ့် သူ့ရဲ့ဆေးရာသီက 2020 မိုးတွင်းကာလပါ။ အဲ့ဒီဆေးကို 2021 မတ်လမှာထိုးတယ်ဆိုပါစို့။ ဆေးကတော့ Expire မဖြစ်သေးပါဘူး။ ဒါပေမယ့် သူကာကွယ်ပေးနိုင်တဲ့ရာသီက ကုန်သွားပါပြီ။ ထိုးလည်း အရာမရောက်တော့ပါဘူး။အဲ့ဒီကုမ္ပဏီက နားမလည်ပါးမလည်နဲ့ အပိုင်ပဲဆိုပြီး ဆောင်းတွင်းအတွက်ဆေးတွေကို ထပ်သွင်းချလာပါတယ်။ ဒီမှာက ဆောင်းတွင်းထိုးနေကျမဟုတ်တော့ ဆေးတွေကပိုနေရော။ အဲ့ဒီတော့ ပိုတဲ့ဆေးတွေကို ရာသီကုန်တော့မှဘာလုပ်ရမှန်းမသိဖြစ်ပြီး ကုမ္ပဏီနာမည်အကြီးကြီးတပ်ပြီး ဘိုးဘွားရိပ်သာတွေမှာ အလှူဆိုပြီးလိုက်ထိုးပေးပါတော့တယ်။ မသိတဲ့သူတွေကတော့ သာဓုတွေခေါ်ကြပေါ့။ ကိုယ်တွေကတော့ သက်ပြင်းတွေချလို့။

ခုကာကွယ်ဆေးကိစ္စကို ပြီးခဲ့တဲ့နှစ်လ ကိုဗစ်စဖြစ်ကတည်းကရေးချင်ခဲ့တာပါ။ ကိုယ့်သူငယ်ချင်းဆရာဝန်တွေထဲမှာကလည်း ကုမ္ပဏီဆေးဝင်တာကိုမစောင့်နိုင်လို့ အောက်လမ်းကသွင်းလာတဲ့ဆေးတွေကိုထိုးနေကြတဲ့သူတွေလည်းရှိတော့ သူတို့ကိုအားနာတာကြောင့် မရေးဖြစ်ခဲ့ဘူး။ တကယ်တော့ သူတို့ကလည်း စီးပွါးဖြစ်ထိုးတာမဟုတ်ဘူး။ တရားဝင်ဆေးကိုမစောင့်နိုင်လို့၊ သူတို့ဆီမရောက်နိုင်လို့ Cold chain စိတ်ချရတယ်လို့ထင်တဲ့လမ်းကြောင်းကဆေးကို တစ်လုံးစနှစ်လုံးစထိုးကြတာပါ။

ဆေးပဲကွာ။ မင်း Registration Number ဆိုတာက ဗူးခွံပေါ်ဆေးရိုက်လိုက်ရင်ပြီးတာပဲကို။ အဓိကက Cold chain မပြတ်ရင်၊ အာနိသင်ကောင်းရင်ပြီးတာပဲမဟုတ်လားဆိုရင်တော့ ဟုတ်ပါတယ်။ စိတ်ချရရင်တော့ထိုးပါ။ ဒါပေမယ့် Cold chain ပြတ်မပြတ်ဆိုတာက ဘယ်လိုမှစမ်းကြည့်လို့မှမရတာ။ တချို့ကာကွယ်ဆေးတွေမှာတော့ ဆေးပုလင်းမှာ Cold chain ပြတ်ရင် အရောင်ပြောင်းသွားတတ်တဲ့ Security Color code လေးတွေပါပါတယ်။ ကိုယ့်ဆီရောက်လို့ အဲ့ဒီဟာလေးက အရောင်ပြောင်းနေရင် အာနိသင်မရှိတော့ဘူးလို့အလွယ်တကူသိနိုင်ပါတယ်။

ဒီနှစ်မှာတော့ ကိုးဗစ်ဝင်ရှုပ်လိုက်လို့ ရာသီတုပ်ကွေးလည်းတော်တော်တိုင်ပတ်သွားမယ့်သဘောရှိပါတယ်။ အကောင်းဘက်ကကြည့်ရင်တော့ ကိုးဗစ်နဲ့ရာသီတုပ်ကွေးက ကူးစက်ပြန့်နှံ့ပုံသိပ်မကွာတာကြောင့် ခုလိုမျိုး Mask တပ်၊ လက်ဆေး၊ နှာစေးချောင်းဆိုးရင်အုပ်ထား၊ ခပ်ခွါခွါနေ စတာတွေက ရာသီတုပ်ကွေးကူးစက်မှုကိုပါကာကွယ်ပြီးသားဖြစ်စေပါတယ်။ တဘက်ကကြည့်ရင်တော့ ရောဂါလက္ခဏာတွေကလည်း ခပ်ဆင်ဆင်ဖြစ်တာကြောင့် ဖျားရင် ကိုးဗစ်လိုလို၊ ရာသီတုပ်ကွေးလိုလိုနဲ့ တော်တော်လေးအုန်းစားကြရပါလိမ့်မယ်။ အဲ့ဒီတော့ ရာသီတုပ်ကွေးအတွက်ကာကွယ်ဆေးကတော့ တတ်နိုင်သလောက်ထိုးထားသင့်တယ်လို့ အကြံပြုပါရစေ။

အခု ဒီစာကိုရေးတာဟာ ဆေးကြော်ငြာပေးနေတာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကုမ္ပဏီနာမည်၊ ဆေးနာမည်တောင်ထည့်မရေးထားပါဘူး။ ကျနော့်ဆေးခန်းမှာ ဆေးရလို့ထိုးပေးရင်လည်း ဈေးအဆမတန်တင်ပြီးထိုးပေးမှာမဟုတ်ပါဘူး။ ကုမ္ပဏီဈေးအတိုင်းပဲထိုးပေးမှာပါ။ခုကြားရသလောက် နောက်တပတ်ဆို ဆေးပထမဦးဆုံးအသုတ်ရပါပြီ။ ကျနော်တို့လည်း ခွဲတမ်းနဲ့ပဲရပါတယ်။ ထိုးနေကျလူနာတွေနဲ့တင် လုံးဝ(လုံးဝ)မလောက်ပါဘူး။ နောက်ပိုင်းတွေတော့ ဆက်တိုက် အလုံအလောက်ဝင်လာမယ်လို့သိရပါတယ်။ ဆေးကြော်ငြာတာ၊ ဆေးခန်းကြော်ငြာတာ လုံးဝ(လုံးဝ) မဟုတ်ပါဘူးလို့ ပြောထားပြီးသားဖြစ်တာကြောင့် ဆရာ့ဆေးခန်းမှာပဲထိုးပါရစေတို့။ ကျနော်တို့ကိုချန်ထားပေးပါတို့ လာမမန့်ဖို့တောင်းပန်ပါရစေ။ကျနော်တို့က ဆေးနာမည်မှမသိတာ။ ဘယ်လိုဝယ်၊ ဘယ်လိုထိုးရမလဲမှမသိတာဆိုရင်တော့ နီးစပ်တဲ့ဆီမှာပဲစုံစမ်းပြီးထိုးကြပါ။ စိတ်ချချင်ရင်တော့ တခွန်းပဲမေးလိုက်ပါ။ ဆေးက Myanmar Registration Number ကျပြီးသားလားလို့။

Credit Okka Kyi Win

Leave a Comment