ပရိတ္ႀကိဳး ကို ဆြဲျဖဳတ္ၿပီး ဝင္ပူး တဲ့ ကမာၻေအး က ေဒၚေအးသင္

ဒီတစ္ခါေတာ့ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ ၾသဂုတ္လ ( ၅ ) ရက္ေန႔က ျဖစ္သြားခဲ့တဲ့ အေၾကာင္းအရာတခုကို ျပန္ေျပာျပခ်င္ပါတယ္ ။ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္းေပၚမွာ အထည္ခ်ဳပ္စက္႐ုံတ႐ုံရွိတယ္။ စက္႐ုံဝန္ထမ္းေတြ ေနထိုင္ဖို႔ အတြက္စက္႐ုံရဲ႕အေနာက္ဖက္မွာတင္ တန္းလ်ားေလးတခု ေဆာက္ထား ေပးတယ္ ။ကုန္လြန္ခဲ့တဲ့လရဲ႕ ပထမဆုံး တနလၤာေန႔မွာေတာ့ အဲ့ဒီ အထည္ခ်ဳပ္စက္႐ုံမွာ ခါတိုင္းနဲ႔မတူတဲ့ အျဖစ္အပ်က္ေလးတခု စတင္ေပၚေပါက္လာေတာ့တာပါပဲ။ အထည္ခ်ဳပ္ဝန္ထမ္းေတြထဲမွာ အသက္အငယ္ဆုံးခ်ာတိတ္မေလးတေယာက္က သူ႔လည္ပင္းမွာ ဆြဲထားတဲ့ပရိတ္ႀကိဳးကို အလုပ္လုပ္ရင္း တန္းလန္းကေန ဆြဲၿပီးျဖဳတ္ဖို႔အႀကိမ္ႀကိမ္အခါခါ ႀကိဳးစားေနတာကို စက္႐ုံထဲမွာ လိုက္ၾကည့္ေနတဲ့

စက္႐ုံပိုင္ရွင္အန္တီက သတိထားမိလိုက္တယ္။ အစပိုင္းေတာ့ မသိသလိုေနလိုက္မိေပမယ့္ ခေလးမေလး သူ႔လည္ပင္းက ပရိတ္ႀကိဳးကိုျဖဳတ္ဖို႔ ႀကိဳးစားေနတာ အႀကိမ္ေရအေတာ္မ်ားလာေတာ့ စက္႐ုံပိုင္ရွင္လည္း မေနႏိုင္ေတာ့ပဲ “နင္ .. အလုပ္မလုပ္ပဲ ဒါဘာလုပ္ေနတာလဲ ??” ဆိုၿပီး သြားေမးေတာ့တာပါပဲ။ ခါတိုင္းဆိုရင္ ကေလးမေလးက စက္႐ုံပိုင္ရွင္အန္တီႀကီးကို တ႐ိုတေသဆက္ဆံတတ္ေပမယ့္ဒီတႀကိမ္မွာေတာ့ မ်က္ႏွာကိုေတာင္ မၾကည့္ေတာ့ပဲ ” ဒါႀကီးက ရႈပ္လို႔ မႀကိဳက္ဘူး ” ဆိုၿပီး ေလသံခပ္ျပတ္ျပတ္နဲ႔ ျပန္ေျဖလိုက္ရင္းသူ႔လည္ပင္းက ပရိတ္ႀကိဳးကို သဲသဲမဲမဲဆြဲျဖဳတ္ေနပါေတာ့တယ္။

အရင္ေန႔ေတြတုန္းကဆိုရင္ သီခ်င္းေလးတေအးေအးဆိုလိုက္၊ ေဘးနားမွာ အတူအလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြနဲ႔ စကားေတြ႐ႊန္း႐ႊန္းေနေအာင္ေျပာလိုက္နဲ႔ ေနတတ္တဲ့ ေကာင္မေလးက ဒီေန႔မွ ထူးထူးဆန္းဆန္း ဘယ္သူနဲ႔မွ စကားမေျပာပဲ သူ႔လည္ပင္းက ပရိတ္ႀကိဳးနဲ႔တင္ အေတာ္အလုပ္ရႈပ္ေနေတာ့တာပဲ။ ခ်ာတိတ္မေလးရဲ႕အေျခအေနကို တေနရာကေနေတြ႕လိုက္ရတဲ့ စက္႐ုံပိုင္ရွင္အန္တီရဲ႕သားကဒါေသြး႐ိုးသား႐ိုးမဟုတ္ေလာက္ဘူးဆိုတဲ့အေတြးဝင္လာၿပီး သူတို႔ဘုရားေက်ာင္းေဆာင္ေပၚက ပရိတ္ရည္ကိုယူလာၿပီး ခ်ာတိတ္မကို

ေသာက္ခိုင္းပါေလေရာ။ ပရိတ္ရည္ေသာက္ခိုင္းေတာ့မွ အေျခအေနက ပိုၿပီးရႈပ္ေထြးသြားတယ္ ေျပာရမလားပဲ။ ေကာင္မေလးရဲ႕ ပင္ကိုအသံမဟုတ္ေတာ့ပဲ အသက္အ႐ြယ္အိုမင္းေနတဲ့ မိန္းမႀကီးတေယာက္ရဲ႕ အသံ၊ ေလယူေလသိမ္းနဲ႔ ” ငါ မေသာက္ခ်င္ဘူး ” လို႔ယတိျပတ္ျငင္းပါေတာ့တယ္။ခေလးမရဲ႕လည္ပင္းက ပရိတ္ႀကိဳးကလည္း ကြၽတ္သြားၿပီး သူ႔ေရွ႕က စက္ခ်ဳပ္ခုံေပၚျပဳတ္က်သြားတယ္။ ၿပီးေတာ့ ခ်ာတိတ္မက သူ႔ထက္အသက္အမ်ားႀကီး ႀကီးတဲ့စက္႐ုံပိုင္ရွင္အန္တီ့ကို ” ငါ ဗိုက္ဆာတယ္။ ထမင္းခူးေကြၽးစမ္း ” ဆိုၿပီး ေျပာလာပါေရာ။ စက္႐ုံပိုင္ရွင္အန္တီခမ်ာလည္း ဘာလုပ္လို႔လုပ္ရမွန္းမသိတာနဲ႔ သူ႔အိမ္က အိမ္ေဖာ္အလုပ္သမားတေယာက္ကိုလွမ္းေခၚၿပီး ေကာင္မေလးအတြက္ ထမင္းသြားခူးၿပီးယူလာေပးဖို႔ မွာလိုက္တယ္။ ထမင္းဟင္းေတြေရာက္လာေတာ့ ေကာင္မေလး ခါတိုင္းအရင္ေန႔ေတြစားေနက်ပမာဏထက္ကိုပိုၿပီး စားေနလိုက္တာ ႐ိုင္း႐ိုင္းေျပာရရင္ တခါမွ ထမင္းဟင္းမျမင္ဘူးတဲ့ အငတ္တေယာက္အတိုင္းပါပဲ။ ထမင္းစားေနရင္းက စက္႐ုံပိုင္ရွင္ကို ” ငါ့ကို ေရခပ္ေပးစမ္း ” လို႔ ေျပာလာျပန္ပါေရာ။

တကယ္ဆိုရင္ ခေလးမေလးက ဒီအထည္ခ်ဳပ္စက္႐ုံမွာ အသက္အငယ္ဆုံးျဖစ္သလို တခါမွလည္း ဘယ္သူ႔ဘယ္သူကိုမွ ငါဆိုတဲ့နာမ္စားကို သုံးၿပီး ေျပာေလ့ေျပာထလည္း မရွိခဲ့ပါဘူး။ ေကာင္မေလး ထမင္းစားၿပီးေတာ့မွ စက္႐ုံပိုင္ရွင္လည္း ေၾကာက္စိတ္ကိုအားတင္းၿပီး ” နင္က ဘယ္ကလဲ??? ဘယ္သူလဲ??? ဘာလို႔ဒီလိုလုပ္တာလဲ??? ” ဆိုၿပီး အင္တာဗ်ဴ း လုပ္ရပါေတာ့တယ္။ အဲ့ဒီလိုေမးေတာ့ ဟိုကလည္းအမယ္အိုႀကီးတေယာက္ရဲ႕ ခက္ထန္တဲ့ေလသံနဲ႔….. ” ငါက ေဒၚေအးသင္။ ဒီအိမ္က ငါ့အိမ္ ဟဲ့။ နင္တို႔ က လူေတြကလည္းမ်ားတယ္။ ငါမေနတတ္ေတာ့ဘူး။ ခုခ်က္ခ်င္း အကုန္ထြက္သြားၾက။ ငါ့အိမ္ ငါ့ကို ျပန္ေပး ။ ” ဆိုၿပီးေတာ့ ျပန္ေျပာေတာ့တာပါပဲ။

စက္႐ုံပိုင္ရွင္အန္တီကလည္း သူ႔ထမင္းအိုးကို တုတ္နဲ႔ထိုးတာေတာ့ ဘယ္ခံႏိုင္ပါလိမ့္မတုန္း။ ျပန္ေျပာေတာ့တာပါေပါ့။ ” ရွင္ အဲဒီလိုေတာ့ မေျပာနဲ႔ေလ။ ဒီအိမ္က ကြၽန္မတို႔ေနေနတာ။ ဘယ္လိုလုပ္ၿပီး ဖယ္ေပးလို႔ ျဖစ္မလဲ ” ဆိုၿပီး ေစာဒက တက္ေတာ့တာေပါ့။ေဒၚေအးသင္တျဖစ္လဲ ေကာင္မေလးကလည္း စိတ္ႀကီးတယ္။ ” မဖယ္လို႔ မရဘူး။ နင္တို႔အားလုံး ဒီေနရာကေန ထြက္သြားၾက ” လို႔ထပ္ေျပာလာပါေလေရာ။ ဒီမွာတင္ စက္႐ုံပိုင္ရွင္လည္း ” ေကာင္းၿပီေလ။ ဒီလိုဆိုရင္ ရွင္ကြၽန္မတို႔ကို ေနရာရွာေပး။ ရွင္ ကြၽန္မတို႔အတြက္ေနရာရွာေပးရင္ ကြၽန္မတို႔ ဒီအိမ္ကေန ဖယ္ေပးမယ္ ” ဆိုၿပီးေတာ့ အေပးအယူလုပ္ၾကည့္လိုက္တယ္။ ဒီေတာ့မွာ ဟိုတေယာက္က” ေအး ေကာင္းၿပီေလ။ ညည္းစကား ညည္း တည္ပေစ ” လို႔ေျပာၿပီး ခဏၿငိမ္သြားတယ္။

ခ်ာတိတ္မေလးရဲ႕ ခႏၶာကိုယ္ထဲေရာက္ေနတဲ့ ေဒၚေအးသင္ ၿငိမ္ေနတုန္းမွာ အန္တီ့ခမ်ာ သူ႔သမီးဆီကို အက်ိဳးအေၾကာင္းဖုန္းဆက္ၿပီးဘုန္းႀကီးေတြပင့္၊ ကမၼဝါဖတ္ရင္ေကာင္းမလားလို႔ အႀကံဉာဏ္ေတာင္းရပါေတာ့တယ္။ သူ႔သမီးကလည္း ဖုန္းထဲက သူ႔အေမေျပာတာေတြကို နားေထာင္ၿပီးမွ ” အို အေမကလည္း… သူနဲ႔အေပးအယူသြားလုပ္ ၿပီးမွ ႏွင္ခ်ရင္ပိုေသာင္းက်န္းမွာေပါ့ ” လို႔ ျပန္ေျပာတယ္။ ဒါနဲ႔ပဲဘာဆက္လုပ္လို႔ လုပ္ရေကာင္းမွန္းမသိေတာ့ပဲ အခ်ိန္တရက္ကုန္သြားပါေလေရာ။ ေကာင္မေလးလည္း ဘာျပႆ နာတခုမွ ထပ္မျဖစ္ေတာ့ အားလုံးေအးေအးေဆးေဆးျဖစ္သြားၿပီလို႔ပဲ ထင္ေနၾကတုန္းမွာ ညဘက္ေရာက္ေတာ့ ေနာက္ထပ္ျပႆနာတခု ထပ္ျဖစ္ျပန္ပါေတာ့တယ္။စက္ခ်ဳပ္အလုပ္သမားေတြထဲက အစအေနာက္သန္တဲ့ ေကာင္ေလးတေယာက္က အဲ့ဒီေကာင္မေလးကို “ဟဲ့ !!! ေအးသင္” လို႔ လွမ္းေခၚၿပီး ေနာက္လိုက္တဲ့အခါမွာ ေကာင္ေလးကို ေပေစာင္းေစာင္းၾကည့္ၿပီးေတာ့ ကပ္ေၾကးနဲ႔ထိုးဖို႔ ႀကိဳးစားေတာ့တာပါပဲ။ ေကာင္မေလး

ကို အတင္းဝိုင္းခ်ဳပ္ၿပီး ဘုရားေက်ာင္းေဆာင္ေရွ႕ကို ေခၚသြားၾကေတာ့ ဘုရားကန္ေတာ့တယ္။ ၿပီးေတာ့ ဘုရားဆင္းတုေတာ္ကိုသူ႔ေခါင္းေပၚမွာတင္ၿပီး ခ်ဳံးပြဲခ်ငိုပါေတာ့တယ္။အေျခအေနေတြက တမ်ိဳးတဖုံျဖစ္လာေတာ့ စက္႐ုံပိုင္ရွင္အန္တီႀကီးလည္း ေၾကာက္စိတ္ကိုအားတင္းၿပီးေတာ့ ” ရွင္ ဒီေနရာမွာဒီအတိုင္းဆက္ေနသြားလို႔ေတာ့ ဘယ္နည္းနဲ႔မွ မျဖစ္ဘူး။ ရွင္ဆုံးေတာ့ ရွင့္အတြက္ ဘုန္းႀကီးပင့္၊ ဆြမ္းကပ္၊ အမွ်ေဝမလုပ္ေပးၾကဘူးလား ” လို႔ ေမးတဲ့အခါမွာ ဟိုကလည္း ” ဆြမ္းကပ္တယ္။ သာဓုေခၚလို႔ မရဘူး ” လို႔ ျပန္ေျဖတယ္။ ၿပီးေတာ့ ငိုရတာေမာသြားလို႔လားမသိပါဘူး။ ခဏ ၿငိမ္သြားျပန္တယ္။ သူၿငိမ္ေနတုန္းမွာ အန္တီ့ရဲ႕သားက တရားေခြဖြင့္လိုက္ေတာ့လည္း ငိုရင္းနဲ႔ ၿငိမ္ၿငိမ္ေလးနားေထာင္ေနျပန္ေရာ။ ေကာင္မေလးလည္း ဘာမွထပ္မေသာင္းက်န္းေတာ့သလို ညည့္ကလည္းအေတာ္နက္ေနၿပီမို႔ ေဘးနားမွာေယာက်္ားေလး၊ မိန္းကေလးတခ်ိဳ႕ကို အေစာင့္သေဘာမ်ိဳးေစာင့္အိပ္ခိုင္းၿပီး ဒီတိုင္းထားခဲ့လိုက္ၾကတယ္။မနက္မိုးလင္းေတာ့ ဘုန္းႀကီးေတြပင့္ၿပီး တရားနာ၊ ကမၼဝါညႇပ္ၿပီး ေရစက္ခ် အမွ်ေပးေဝလိုက္ေတာ့ ဘုန္းႀကီးေတြကို ကန္ေတာ့ၿပီး

ေကာင္မေလးခႏၶာကိုယ္ထဲကေန ထြက္သြားတယ္။ ကိုယ္တိုင္ႀကဳံခဲ့တဲ့ ကာယကံရွင္ေတြအေျပာအရေတာ့ ဝင္ပူးခံရတဲ့ေကာင္မေလးက အရင္တုန္းကလို မဟုတ္ေတာ့ပဲ အသားအရည္ ဝင္းဝင္းဝါဝါနဲ႔ မ်က္ႏွာလည္း ဟိုးအရင္တုန္းကထက္ ပိုၿပီးေတာ့ ၾကည္ၾကည္လင္လင္ျဖစ္လာပါသတဲ့။ကိုယ္တိုင္ႀကဳံရျခင္းမဟုတ္လို႔ စီကာပတ္ကုံးမေရးတတ္ေပမယ့္ ဘိလပ္ျပည္ လန္ဒန္က တကယ့္ အျဖစ္အပ်က္ေတြနဲ႔ ေက်းဇူးရွင္ေမြးသဖခင္ရဲ႕ကိုယ္ေတြ႕အေၾကာင္းအရာေတြကို ေနာက္တႀကိမ္မွာ ေျပာျပဖို႔ ႀကိဳးစားပါဦးမယ္။

Credit to Original

UNICODE

ဒီတစ်ခါတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် သြဂုတ်လ ( ၅ ) ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတခုကို ပြန်ပြောပြချင်ပါတယ် ။ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ အထည်ချုပ်စက်ရုံတရုံရှိတယ်။ စက်ရုံဝန်ထမ်းတွေ နေထိုင်ဖို့ အတွက်စက်ရုံရဲ့အနောက်ဖက်မှာတင် တန်းလျားလေးတခု ဆောက်ထား ပေးတယ် ။ကုန်လွန်ခဲ့တဲ့လရဲ့ ပထမဆုံး တနင်္လာနေ့မှာတော့ အဲ့ဒီ အထည်ချုပ်စက်ရုံမှာ ခါတိုင်းနဲ့မတူတဲ့ အဖြစ်အပျက်လေးတခု စတင်ပေါ်ပေါက်လာတော့တာပါပဲ။ အထည်ချုပ်ဝန်ထမ်းတွေထဲမှာ အသက်အငယ်ဆုံးချာတိတ်မလေးတယောက်က သူ့လည်ပင်းမှာ ဆွဲထားတဲ့ပရိတ်ကြိုးကို အလုပ်လုပ်ရင်း တန်းလန်းကနေ ဆွဲပြီးဖြုတ်ဖို့အကြိမ်ကြိမ်အခါခါ ကြိုးစားနေတာကို စက်ရုံထဲမှာ လိုက်ကြည့်နေတဲ့

စက်ရုံပိုင်ရှင်အန်တီက သတိထားမိလိုက်တယ်။ အစပိုင်းတော့ မသိသလိုနေလိုက်မိပေမယ့် ခလေးမလေး သူ့လည်ပင်းက ပရိတ်ကြိုးကိုဖြုတ်ဖို့ ကြိုးစားနေတာ အကြိမ်ရေအတော်များလာတော့ စက်ရုံပိုင်ရှင်လည်း မနေနိုင်တော့ပဲ “နင် .. အလုပ်မလုပ်ပဲ ဒါဘာလုပ်နေတာလဲ ??” ဆိုပြီး သွားမေးတော့တာပါပဲ။ ခါတိုင်းဆိုရင် ကလေးမလေးက စက်ရုံပိုင်ရှင်အန်တီကြီးကို တရိုတသေဆက်ဆံတတ်ပေမယ့်ဒီတကြိမ်မှာတော့ မျက်နှာကိုတောင် မကြည့်တော့ပဲ ” ဒါကြီးက ရှုပ်လို့ မကြိုက်ဘူး ” ဆိုပြီး လေသံခပ်ပြတ်ပြတ်နဲ့ ပြန်ဖြေလိုက်ရင်းသူ့လည်ပင်းက ပရိတ်ကြိုးကို သဲသဲမဲမဲဆွဲဖြုတ်နေပါတော့တယ်။

အရင်နေ့တွေတုန်းကဆိုရင် သီချင်းလေးတအေးအေးဆိုလိုက်၊ ဘေးနားမှာ အတူအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ စကားတွေရွှန်းရွှန်းနေအောင်ပြောလိုက်နဲ့ နေတတ်တဲ့ ကောင်မလေးက ဒီနေ့မှ ထူးထူးဆန်းဆန်း ဘယ်သူနဲ့မှ စကားမပြောပဲ သူ့လည်ပင်းက ပရိတ်ကြိုးနဲ့တင် အတော်အလုပ်ရှုပ်နေတော့တာပဲ။ ချာတိတ်မလေးရဲ့အခြေအနေကို တနေရာကနေတွေ့လိုက်ရတဲ့ စက်ရုံပိုင်ရှင်အန်တီရဲ့သားကဒါသွေးရိုးသားရိုးမဟုတ်လောက်ဘူးဆိုတဲ့အတွေးဝင်လာပြီး သူတို့ဘုရားကျောင်းဆောင်ပေါ်က ပရိတ်ရည်ကိုယူလာပြီး ချာတိတ်မကို

သောက်ခိုင်းပါလေရော။ ပရိတ်ရည်သောက်ခိုင်းတော့မှ အခြေအနေက ပိုပြီးရှုပ်ထွေးသွားတယ် ပြောရမလားပဲ။ ကောင်မလေးရဲ့ ပင်ကိုအသံမဟုတ်တော့ပဲ အသက်အရွယ်အိုမင်းနေတဲ့ မိန်းမကြီးတယောက်ရဲ့ အသံ၊ လေယူလေသိမ်းနဲ့ ” ငါ မသောက်ချင်ဘူး ” လို့ယတိပြတ်ငြင်းပါတော့တယ်။ခလေးမရဲ့လည်ပင်းက ပရိတ်ကြိုးကလည်း ကျွတ်သွားပြီး သူ့ရှေ့က စက်ချုပ်ခုံပေါ်ပြုတ်ကျသွားတယ်။ ပြီးတော့ ချာတိတ်မက သူ့ထက်အသက်အများကြီး ကြီးတဲ့စက်ရုံပိုင်ရှင်အန်တီ့ကို ” ငါ ဗိုက်ဆာတယ်။ ထမင်းခူးကျွေးစမ်း ” ဆိုပြီး ပြောလာပါရော။ စက်ရုံပိုင်ရှင်အန်တီခမျာလည်း ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ သူ့အိမ်က အိမ်ဖော်အလုပ်သမားတယောက်ကိုလှမ်းခေါ်ပြီး ကောင်မလေးအတွက် ထမင်းသွားခူးပြီးယူလာပေးဖို့ မှာလိုက်တယ်။ ထမင်းဟင်းတွေရောက်လာတော့ ကောင်မလေး ခါတိုင်းအရင်နေ့တွေစားနေကျပမာဏထက်ကိုပိုပြီး စားနေလိုက်တာ ရိုင်းရိုင်းပြောရရင် တခါမှ ထမင်းဟင်းမမြင်ဘူးတဲ့ အငတ်တယောက်အတိုင်းပါပဲ။ ထမင်းစားနေရင်းက စက်ရုံပိုင်ရှင်ကို ” ငါ့ကို ရေခပ်ပေးစမ်း ” လို့ ပြောလာပြန်ပါရော။

တကယ်ဆိုရင် ခလေးမလေးက ဒီအထည်ချုပ်စက်ရုံမှာ အသက်အငယ်ဆုံးဖြစ်သလို တခါမှလည်း ဘယ်သူ့ဘယ်သူကိုမှ ငါဆိုတဲ့နာမ်စားကို သုံးပြီး ပြောလေ့ပြောထလည်း မရှိခဲ့ပါဘူး။ ကောင်မလေး ထမင်းစားပြီးတော့မှ စက်ရုံပိုင်ရှင်လည်း ကြောက်စိတ်ကိုအားတင်းပြီး ” နင်က ဘယ်ကလဲ??? ဘယ်သူလဲ??? ဘာလို့ဒီလိုလုပ်တာလဲ??? ” ဆိုပြီး အင်တာဗျူ း လုပ်ရပါတော့တယ်။ အဲ့ဒီလိုမေးတော့ ဟိုကလည်းအမယ်အိုကြီးတယောက်ရဲ့ ခက်ထန်တဲ့လေသံနဲ့….. ” ငါက ဒေါ်အေးသင်။ ဒီအိမ်က ငါ့အိမ် ဟဲ့။ နင်တို့ က လူတွေကလည်းများတယ်။ ငါမနေတတ်တော့ဘူး။ ခုချက်ချင်း အကုန်ထွက်သွားကြ။ ငါ့အိမ် ငါ့ကို ပြန်ပေး ။ ” ဆိုပြီးတော့ ပြန်ပြောတော့တာပါပဲ။

စက်ရုံပိုင်ရှင်အန်တီကလည်း သူ့ထမင်းအိုးကို တုတ်နဲ့ထိုးတာတော့ ဘယ်ခံနိုင်ပါလိမ့်မတုန်း။ ပြန်ပြောတော့တာပါပေါ့။ ” ရှင် အဲဒီလိုတော့ မပြောနဲ့လေ။ ဒီအိမ်က ကျွန်မတို့နေနေတာ။ ဘယ်လိုလုပ်ပြီး ဖယ်ပေးလို့ ဖြစ်မလဲ ” ဆိုပြီး စောဒက တက်တော့တာပေါ့။ဒေါ်အေးသင်တဖြစ်လဲ ကောင်မလေးကလည်း စိတ်ကြီးတယ်။ ” မဖယ်လို့ မရဘူး။ နင်တို့အားလုံး ဒီနေရာကနေ ထွက်သွားကြ ” လို့ထပ်ပြောလာပါလေရော။ ဒီမှာတင် စက်ရုံပိုင်ရှင်လည်း ” ကောင်းပြီလေ။ ဒီလိုဆိုရင် ရှင်ကျွန်မတို့ကို နေရာရှာပေး။ ရှင် ကျွန်မတို့အတွက်နေရာရှာပေးရင် ကျွန်မတို့ ဒီအိမ်ကနေ ဖယ်ပေးမယ် ” ဆိုပြီးတော့ အပေးအယူလုပ်ကြည့်လိုက်တယ်။ ဒီတော့မှာ ဟိုတယောက်က” အေး ကောင်းပြီလေ။ ညည်းစကား ညည်း တည်ပစေ ” လို့ပြောပြီး ခဏငြိမ်သွားတယ်။

ချာတိတ်မလေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေတဲ့ ဒေါ်အေးသင် ငြိမ်နေတုန်းမှာ အန်တီ့ခမျာ သူ့သမီးဆီကို အကျိုးအကြောင်းဖုန်းဆက်ပြီးဘုန်းကြီးတွေပင့်၊ ကမ္မဝါဖတ်ရင်ကောင်းမလားလို့ အကြံဉာဏ်တောင်းရပါတော့တယ်။ သူ့သမီးကလည်း ဖုန်းထဲက သူ့အမေပြောတာတွေကို နားထောင်ပြီးမှ ” အို အမေကလည်း… သူနဲ့အပေးအယူသွားလုပ် ပြီးမှ နှင်ချရင်ပိုသောင်းကျန်းမှာပေါ့ ” လို့ ပြန်ပြောတယ်။ ဒါနဲ့ပဲဘာဆက်လုပ်လို့ လုပ်ရကောင်းမှန်းမသိတော့ပဲ အချိန်တရက်ကုန်သွားပါလေရော။ ကောင်မလေးလည်း ဘာပြဿ နာတခုမှ ထပ်မဖြစ်တော့ အားလုံးအေးအေးဆေးဆေးဖြစ်သွားပြီလို့ပဲ ထင်နေကြတုန်းမှာ ညဘက်ရောက်တော့ နောက်ထပ်ပြဿနာတခု ထပ်ဖြစ်ပြန်ပါတော့တယ်။စက်ချုပ်အလုပ်သမားတွေထဲက အစအနောက်သန်တဲ့ ကောင်လေးတယောက်က အဲ့ဒီကောင်မလေးကို “ဟဲ့ !!! အေးသင်” လို့ လှမ်းခေါ်ပြီး နောက်လိုက်တဲ့အခါမှာ ကောင်လေးကို ပေစောင်းစောင်းကြည့်ပြီးတော့ ကပ်ကြေးနဲ့ထိုးဖို့ ကြိုးစားတော့တာပါပဲ။ ကောင်မလေး

ကို အတင်းဝိုင်းချုပ်ပြီး ဘုရားကျောင်းဆောင်ရှေ့ကို ခေါ်သွားကြတော့ ဘုရားကန်တော့တယ်။ ပြီးတော့ ဘုရားဆင်းတုတော်ကိုသူ့ခေါင်းပေါ်မှာတင်ပြီး ချုံးပွဲချငိုပါတော့တယ်။အခြေအနေတွေက တမျိုးတဖုံဖြစ်လာတော့ စက်ရုံပိုင်ရှင်အန်တီကြီးလည်း ကြောက်စိတ်ကိုအားတင်းပြီးတော့ ” ရှင် ဒီနေရာမှာဒီအတိုင်းဆက်နေသွားလို့တော့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး။ ရှင်ဆုံးတော့ ရှင့်အတွက် ဘုန်းကြီးပင့်၊ ဆွမ်းကပ်၊ အမျှဝေမလုပ်ပေးကြဘူးလား ” လို့ မေးတဲ့အခါမှာ ဟိုကလည်း ” ဆွမ်းကပ်တယ်။ သာဓုခေါ်လို့ မရဘူး ” လို့ ပြန်ဖြေတယ်။ ပြီးတော့ ငိုရတာမောသွားလို့လားမသိပါဘူး။ ခဏ ငြိမ်သွားပြန်တယ်။ သူငြိမ်နေတုန်းမှာ အန်တီ့ရဲ့သားက တရားခွေဖွင့်လိုက်တော့လည်း ငိုရင်းနဲ့ ငြိမ်ငြိမ်လေးနားထောင်နေပြန်ရော။ ကောင်မလေးလည်း ဘာမှထပ်မသောင်းကျန်းတော့သလို ညည့်ကလည်းအတော်နက်နေပြီမို့ ဘေးနားမှာယောကျ်ားလေး၊ မိန်းကလေးတချို့ကို အစောင့်သဘောမျိုးစောင့်အိပ်ခိုင်းပြီး ဒီတိုင်းထားခဲ့လိုက်ကြတယ်။မနက်မိုးလင်းတော့ ဘုန်းကြီးတွေပင့်ပြီး တရားနာ၊ ကမ္မဝါညှပ်ပြီး ရေစက်ချ အမျှပေးဝေလိုက်တော့ ဘုန်းကြီးတွေကို ကန်တော့ပြီး

ကောင်မလေးခန္ဓာကိုယ်ထဲကနေ ထွက်သွားတယ်။ ကိုယ်တိုင်ကြုံခဲ့တဲ့ ကာယကံရှင်တွေအပြောအရတော့ ဝင်ပူးခံရတဲ့ကောင်မလေးက အရင်တုန်းကလို မဟုတ်တော့ပဲ အသားအရည် ဝင်းဝင်းဝါဝါနဲ့ မျက်နှာလည်း ဟိုးအရင်တုန်းကထက် ပိုပြီးတော့ ကြည်ကြည်လင်လင်ဖြစ်လာပါသတဲ့။ကိုယ်တိုင်ကြုံရခြင်းမဟုတ်လို့ စီကာပတ်ကုံးမရေးတတ်ပေမယ့် ဘိလပ်ပြည် လန်ဒန်က တကယ့် အဖြစ်အပျက်တွေနဲ့ ကျေးဇူးရှင်မွေးသဖခင်ရဲ့ကိုယ်တွေ့အကြောင်းအရာတွေကို နောက်တကြိမ်မှာ ပြောပြဖို့ ကြိုးစားပါဦးမယ်။

Credit to Original

Leave a Comment