မျက်လုံးနှ စ်ဖက်လုံးမ ပါပဲမွေးလာ လို့ မိခင်အ ရင်းရဲ့စွန့်ပစ်ခြင်း ကို ခံ ခဲ့ရတဲ့ ကလေးငယ်
Credit Thuta
UNICODE
ရရှားနိုင်ငံက မျက်လုံးမပါတဲ့ကလေးလေးကို မွေးဖွားခဲ့တဲ့မိခင်ဟာ သူ့ရဲ့ကလေးကို စောင့်ရှောက်ပေးနိုင်ဖို့ ယုံကြည်ချက်မရှိတဲ့အတွက်ကလေးကို စွန့်ပစ်ခဲ့ပါတယ်။မိခင်ဖြစ်သူကတော့ ကလေးလိုအပ်သမျှကို ဖြည့်ဆည်းနိုင်ဖို့ သူ့မှာယုံကြည်ချက်မရှိဘူးလို့ ဆိုခဲ့ပေမယ့်ဒီကလေးကို အခု ၆လအရွယ်ထိ စောင့်ရှောက်ပေးနေတဲ့ သူနာပြုဆရာမကတော့ “ဒီကလေးဟာ တခြားကလေးတွေလိုပါပဲကျန်းမာတဲ့ကလေးတွေလိုပဲ ကစားတယ် ပြုံးတယ်”လို့ဆိုပါတယ်။လို့ဆိုပါတယ်။ “သူ ကစားနေရတာကိုကြိုက်တယ် ရေကူးရတာလည်း
သဘောကျတယ် ချစ်စရာကောင်းတဲ့ကလေးလေးပါပဲ” လို့ သူနာပြုဆရာမက ဆိုပါတယ်။ မျက်လုံးမပါတဲ့ ကလေးလေးဟာနဖူးပေါ်က နူးညံ့တဲ့ အရည်အိတ်၂ခုကိုလည်း မကြာခင်ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ဒီကလေးလေးကို Sasha လို့နာမည်ပေးခဲ့ပြီးသူဟာ မျက်လုံးမပါဘဲမွေးဖွားလာတယ်လို့ စာရင်းသွင်းထားတဲ့ သုံးယောက်မြောက်ကလေးဖြစ်တယ်လို့ သိရပါတယ်။သူ့ကို ဆေးစစ်ပေးနေကျဆရာဝန်ကတော့ သူ့ကျန်းမာရေးအခြေအနေဟာကောင်းမွန်ပြီး သာမန်ကလေးတွေလိုပါပဲလို့ဆိုပေမယ့်
အမြင်အာရုံရဖို့တော့ အခွင့်အရေးမရှိဘူးလို့ဆိုပါတယ်။ ချစ်ဖို့ကောင်းတဲ့ သနားဖွယ်ကလေးလေးဟာ သူနဲ့ရင်းနှီးတဲ့အသံကြားရင်ပြုံးပြတတ်ပြီးသူ့ကို ရုရှားမိဘတွေဆီ မွေးစားဖို့ပေးချင်ပေမယ့် အဆင်ပြေသူရှာမတွေ့ရင်တော့ နိုင်ငံခြားကိုမွေးစားဖို့ပေးရမယ်လို့ သိရပါတယ်။
Credit Thuta
Leave a Comment