အိမ်ထဲမှာနေပြီး ဓါတ်ပုံမရိုက်တာကြာတော့ ကင်မရာအရှေ့မှာတောင်မနေတတ်တော့ဘူးဆိုတဲ့ ပိုင်ဖြိုးသု




Credit Themoon
Source:Paing Phyoe Thu

UNICODE

ပြည့်သူချစ်အနုအပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုကိုတော့ ပရိသတ်ကြီးသိလောက်မယ်ထင်ပါတယ်။ သူမဟာ သရုပ်ဆောင်တဲ့နေရာမှာပီပြင်လွန်းသူတစ်ယောက်ဖြစ်ပြီး အကောင်းဆုံးအကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်နဲ့ပိုင်ဆိုင်ရရှိထားကာ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေတာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ အိမ်ထောင်ကျကံကောင်းသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ သာယာတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ရရှိထားပါတယ်။

ခင်ပွန်းဖြစ်သူကလည်း အနုပညာလောကမှာအောင်မြင်နေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီးတော့ ဇနီးမောင်နှံနှစ်ယောက်အနုပညာအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ လတ်တလောဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့်အနုပညာအလုပ်တွေကိုရပ်နားထားရပြီး အိမ်မှာပဲအနားယူနေတာဖြစ်ပါတယ်။ ယခုလိုအနုပညာအလုပ်တွေကိုရပ်နားထားရတာကြာပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာတော့ကင်မရာအရှေ့မှာတောင် မနေတတ်တော့ဘူးဆိုတဲ့အကြောင်းကို သူမရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။

အဲဒီအကြောင်းလေးကိုတော့ ပိုင်ဖြိုးသုက “အိမ်ထဲမှာပဲနေပြီးအလှမပြင်ဓါတ်ပုံမရိုက်တာ ဘယ်လောက်ကြာသွားလဲဆို…ဒီနေ့ဦးရေခဲကြီးခြံထဲမှာဓါတ်ပုံရိုက်ပေးတော့ ဖုန်းကင်မရာရှေ့တောင်မနေတတ်တော့ပါဘူးဆို.ရှက်ကိုးရှက်ကန်းတွေဖြစ်ပြီး…ခြေတွေလက်တွေဘယ်နားထားရမှန်းမသိတော့ဘူး “ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်….။

Credit Themoon
Source:Paing Phyoe Thu

Leave a Comment