သိန္း(၂၀၀)နီးပါး တန္ဖိုးရိွတဲ့ Rolex နာရီကိုေရာင္းခ်ျပီး COVID-19 အတြက္ Mask နဲ့ လိုအပ္တဲ့အသံုးအေဆာင္ေတြကို လွဴဒါန္းမယ့္ Sinon

ဖိလစ္ပိုင္လူမ်ိဳး Sinon Loresca ကေတာ့ အရမ္းျမင့္တဲ့ ေဒါက္ဖိနပ္ၾကီးေတြကို စီးျပီး Catwalk ေလွ်ာက္ျပရင္း လူမႈကြန္ယက္မွာ နာမည္ၾကီးခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ကမၻာေက်ာ္ ဆယ္လီတစ္ေယာက္ျဖစ္သလို အနုပညာလုပ္ငန္းေတြ လက္မလည္ေအာင္လုပ္ကိုင္ရတဲ့ Sinon က အလွဴအတန္းေတြကိုလည္း ရက္ရက္ေရာေရာ ျပဳလုပ္ေလ့ရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း Sinon က သူပိုင္ဆိုင္တဲ့ Rolex နာရီကို ေရာင္းခ်ျပီး ဖိလစ္ပိုင္နို္င္ငံအတြက္ Mask နဲ့ COVID-19 အတြက္ လိုအပ္တဲ့အသံုးအေဆာင္ေတြကို လွဴဒါန္းမယ့္အေၾကာင္း ေျပာထားပါတယ္။

Sinon က “မဂၤပါလာ ကၽြန္ေတာ့အခ်စ္တို႔.. ကၽြန္ေတာ္ကဒီေန႔မွာေတာ့ က်‌ေတာ္ရဲ႕ 11,000.00US DOLLAR(သိန္းႏွစ္ရာနီးပါးရွိတဲ့) Rolex Watch လက္ပတ္နာရီကို ေရာင္းလိုက္ျပီ ျဖစ္ပါတယ္။ အဲ့က ရလာမယ့္ ပိုက္ဆံေတြကို က်ေတာ့္ရဲ႕ ဖိလစ္ပိုင္ႏိုင္ငံကို လွဴဒါန္းမွာျဖစ္ပါတယ္။ ဒါမွCOVID-19အတြက္ သူတို႔လိုအပ္ေနတဲ့ Mask ေတြ အသုံးအေဆာင္ေတြ ပစၥည္းကိရိယာေတြကို လုံလုံေလာက္ေလာက္၀ယ္ယူႏိုင္မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တတ္ႏိုင္သေလာက္ က်ေတာ့္ႏိုင္ငံေပၚသိတတ္တာပါ။” ဆိုျပီး ေျပာထားပါတယ္။

Sinon ကေတာ့ ျမန္မာနိုင္ငံအတြက္လည္း လိုေလေသးမရိွ လွဴဒါန္းေနသလို သူ့ရဲ့ ေမြးရပ္ေျမ ဖိလစ္ပိုင္ နိုင္ငံအတြက္လည္း ေက်းဇူးသိတတ္စြာ လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း တန္ဖိုးၾကီးပစၥည္းကို ျပတ္ျပတ္သားသားစြန့္လႊတ္ျပီး အလွဴေတြလုပ္တဲ့ Sinon ကိုၾကည့္ျပီး ပီတိျဖစ္ေနမယ္ ထင္ပါတယ္ေနာ္။

Source: Sinon Loresca ‘s fb
Credit – Cele Connections

UNICODE

ဖိလစ်ပိုင်လူမျိုး Sinon Loresca ကတော့ အရမ်းမြင့်တဲ့ ဒေါက်ဖိနပ်ကြီးတွေကို စီးပြီး Catwalk လျှောက်ပြရင်း လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာကျော် ဆယ်လီတစ်ယောက်ဖြစ်သလို အနုပညာလုပ်ငန်းတွေ လက်မလည်အောင်လုပ်ကိုင်ရတဲ့ Sinon က အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း Sinon က သူပိုင်ဆိုင်တဲ့ Rolex နာရီကို ရောင်းချပြီး ဖိလစ်ပိုင်နိုင်ငံအတွက် Mask နဲ့ COVID-19 အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို လှူဒါန်းမယ့်အကြောင်း ပြောထားပါတယ်။

Sinon က “မင်္ဂပါလာ ကျွန်တော့အချစ်တို့.. ကျွန်တော်ကဒီနေ့မှာတော့ ကျ‌တော်ရဲ့ 11,000.00US DOLLAR(သိန်းနှစ်ရာနီးပါးရှိတဲ့) Rolex Watch လက်ပတ်နာရီကို ရောင်းလိုက်ပြီ ဖြစ်ပါတယ်။ အဲ့က ရလာမယ့် ပိုက်ဆံတွေကို ကျတော့်ရဲ့ ဖိလစ်ပိုင်နိုင်ငံကို လှူဒါန်းမှာဖြစ်ပါတယ်။ ဒါမှCOVID-19အတွက် သူတို့လိုအပ်နေတဲ့ Mask တွေ အသုံးအဆောင်တွေ ပစ္စည်းကိရိယာတွေကို လုံလုံလောက်လောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ကျတော့်နိုင်ငံပေါ်သိတတ်တာပါ။” ဆိုပြီး ပြောထားပါတယ်။

Sinon ကတော့ မြန်မာနိုင်ငံအတွက်လည်း လိုလေသေးမရှိ လှူဒါန်းနေသလို သူ့ရဲ့ မွေးရပ်မြေ ဖိလစ်ပိုင် နိုင်ငံအတွက်လည်း ကျေးဇူးသိတတ်စွာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တန်ဖိုးကြီးပစ္စည်းကို ပြတ်ပြတ်သားသားစွန့်လွှတ်ပြီး အလှူတွေလုပ်တဲ့ Sinon ကိုကြည့်ပြီး ပီတိဖြစ်နေမယ် ထင်ပါတယ်နော်။

Source: Sinon Loresca ‘s fb
Credit – Cele Connections

Leave a Comment