ဖုန္းတခ်ိန္လံုး သံုးေနလုိ႔ မ်က္စိအေၾကာလုိက္ရံုတင္မက ပါးစပ္ပါရြဲ႕သြားတဲ့ ကေလးေလး

ကုိဗစ္ကပ္ေရာဂါ ကာလမွာ stay home နဲ႔ အိမ္မွာ မိသားစု အားလံုး ေနေနရလုိ႔ ကေလးေတြ ၿငိမ္ေအာင္ ဖုန္းေပးထားတဲ့ မိဘမ်ား အထူး သတိထားၾကပါ။ ကေလးေတြ သင္ယူႏုိင္ေအာင္ အင္တာနက္ကုိ ဖုန္းနဲ႔ အခ်ိန္ပုိင္း ျပတာ ကိစၥ မရွိေပမယ့္ အစဥ္အၿမဲ ၾကည့္ေနတာဟာ လံုးဝ မေကာင္းပါဘူး။ ျဖစ္ႏုိင္ရင္ တေန႔ ဖုန္းၾကည့္ခ်ိန္ ဘယ္ႏွနာရီဆုိၿပီး သတ္မွတ္ထားရင္ ပုိေကာင္းပါလိမ့္မယ္။

ကေလးေတြ အတြက္ ဖုန္းအျပင္ အျခားထုိင္ေဆာ့လုိ႔ ရတဲ့နည္းလမ္းေတြကုိလည္း မိဘေတြက အတူေဆာ့ေပးၾကပါ။ မုိႏုိပုိလီ၊ ေျမြေလွကား စတဲ့ လူအမ်ားႀကီး ဝုိင္းထုိင္ၿပီး ေဆာ့ရတဲ့ ကစားနည္းေတြကုိ အေဖေတြ အေမေတြက အတူေဆာ့ေပးမွသာ ကေလးက ဖုန္းဖက္ကုိ စိတ္မေရာက္မွာ ျဖစ္ပါတယ္။

နည္းပညာ ထြန္းကားတဲ့ ေခတ္ႀကီးမွာ ဖုန္းနဲ႔ ကြန္ပ်ူတာကုိ ကေလးေတြ ကုိင္တြယ္ျခင္းက ေရွာင္လႊဲ မရတဲ့ ကိစၥရပ္ ျဖစ္ေပမယ့္လည္း အတတ္ႏုိင္ဆံုး အသံုးျပဳခ်ိန္ နည္းတာ အေကာင္းဆံုးပါပဲ။ ဖုန္းအၾကည့္မ်ားလုိ႔ မ်က္စိအေၾကာလုိက္ရံုတင္မကဘဲ ပါးစပ္ပါ ရြဲ႕သြားတဲ့ ကေလးရဲ႕ မိခင္တင္ထားတဲ့ မူရင္းပုိ႔စ္ကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္ ခင္ဗ်ာ-ေမေမေတြ သတိထားရေအာင္ပါ။ သားသားက္ု ၂ႏွစ္ေက်ာ္မွ ဖုန္းစျပတယ္။ စျပထဲက ဖုန္းမ်က္ႏွာျပင္အႀကီးႀကီး ၇သိန္းေက်ာ္ေပးရတယ္။ အလင္းအေမွာင္ သူ႔ဘာသာ auto ခ်ိန္ေပးတာပါတယ္။

ၾကည့္တာ ၾကည့္တာ ကိုယ္ကလဲ သူေနရင္ပီးေရာ လႊတ္ထားမိတယ္ ခုေတာ့ ဖုန္းမၾကည့္နဲ႔ဆိုပီး မၾကည့္ခိုင္းတာ ၁လေက်ာ္ၿပီ။ အဲဒီၾကားထဲ TV ကလာတဲ့ကာတြန္းကားေတြျပတယ္ ၾကည့္လိုက္ေဆာ့လိုက္နဲ႔ လြန္ခဲ့တဲ့ ၃ပတ္ေလာက္ထဲက မ်က္လံုးက စံုမွိတ္မွိတ္ေနတယ္။ ၁ပတ္ေစာင့္ၾကည့္တယ္ မသက္သာဘူး။ဖုန္း TV zero time ထားတယ္ ကိုယ္လဲမၾကည့္ သူလဲမၾကည့္နဲ႔ေပါ့ဆိုပီး တျဖည္းျဖည္းမသက္သာဘူး ခုဆို မ်က္လံုးစံုမွိတ္ရင္ ပါးစပ္ပါရြဲ႕ရြ႕ဲ သြားတယ္။ ညဆိုမအိပ္ႏိုင္ဘူး ငါ့သားေလး ေမြးထားတုန္းကအေကာင္း ခုမွဆိုပီး ထိုင္ထိုင္ငိုရတာ ခုကာလ ေဆးရံုလဲမသြားခ်င္ဘူး ဒီေန႔ေတာ့ မေနႏိုင္လြန္းလို႔ ေဆးရံုေျပးခဲ့ရပီ သားသားသက္သာပါေစ။

Credit Chocholwin

UNICODE

ကိုဗစ်ကပ်ရောဂါ ကာလမှာ stay home နဲ့ အိမ်မှာ မိသားစု အားလုံး နေနေရလို့ ကလေးတွေ ငြိမ်အောင် ဖုန်းပေးထားတဲ့ မိဘများ အထူး သတိထားကြပါ။ ကလေးတွေ သင်ယူနိုင်အောင် အင်တာနက်ကို ဖုန်းနဲ့ အချိန်ပိုင်း ပြတာ ကိစ္စ မရှိပေမယ့် အစဉ်အမြဲ ကြည့်နေတာဟာ လုံးဝ မကောင်းပါဘူး။ ဖြစ်နိုင်ရင် တနေ့ ဖုန်းကြည့်ချိန် ဘယ်နှနာရီဆိုပြီး သတ်မှတ်ထားရင် ပိုကောင်းပါလိမ့်မယ်။

ကလေးတွေ အတွက် ဖုန်းအပြင် အခြားထိုင်ဆော့လို့ ရတဲ့နည်းလမ်းတွေကိုလည်း မိဘတွေက အတူဆော့ပေးကြပါ။ မိုနိုပိုလီ၊ မြွေလှေကား စတဲ့ လူအများကြီး ဝိုင်းထိုင်ပြီး ဆော့ရတဲ့ ကစားနည်းတွေကို အဖေတွေ အမေတွေက အတူဆော့ပေးမှသာ ကလေးက ဖုန်းဖက်ကို စိတ်မရောက်မှာ ဖြစ်ပါတယ်။

နည်းပညာ ထွန်းကားတဲ့ ခေတ်ကြီးမှာ ဖုန်းနဲ့ ကွန်ပျူတာကို ကလေးတွေ ကိုင်တွယ်ခြင်းက ရှောင်လွှဲ မရတဲ့ ကိစ္စရပ် ဖြစ်ပေမယ့်လည်း အတတ်နိုင်ဆုံး အသုံးပြုချိန် နည်းတာ အကောင်းဆုံးပါပဲ။ ဖုန်းအကြည့်များလို့ မျက်စိအကြောလိုက်ရုံတင်မကဘဲ ပါးစပ်ပါ ရွဲ့သွားတဲ့ ကလေးရဲ့ မိခင်တင်ထားတဲ့ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ-မေမေတွေ သတိထားရအောင်ပါ။ သားသားက်ု ၂နှစ်ကျော်မှ ဖုန်းစပြတယ်။ စပြထဲက ဖုန်းမျက်နှာပြင်အကြီးကြီး ၇သိန်းကျော်ပေးရတယ်။ အလင်းအမှောင် သူ့ဘာသာ auto ချိန်ပေးတာပါတယ်။

ကြည့်တာ ကြည့်တာ ကိုယ်ကလဲ သူနေရင်ပီးရော လွှတ်ထားမိတယ် ခုတော့ ဖုန်းမကြည့်နဲ့ဆိုပီး မကြည့်ခိုင်းတာ ၁လကျော်ပြီ။ အဲဒီကြားထဲ TV ကလာတဲ့ကာတွန်းကားတွေပြတယ် ကြည့်လိုက်ဆော့လိုက်နဲ့ လွန်ခဲ့တဲ့ ၃ပတ်လောက်ထဲက မျက်လုံးက စုံမှိတ်မှိတ်နေတယ်။ ၁ပတ်စောင့်ကြည့်တယ် မသက်သာဘူး။ဖုန်း TV zero time ထားတယ် ကိုယ်လဲမကြည့် သူလဲမကြည့်နဲ့ပေါ့ဆိုပီး တဖြည်းဖြည်းမသက်သာဘူး ခုဆို မျက်လုံးစုံမှိတ်ရင် ပါးစပ်ပါရွဲ့ရွ့ဲ သွားတယ်။ ညဆိုမအိပ်နိုင်ဘူး ငါ့သားလေး မွေးထားတုန်းကအကောင်း ခုမှဆိုပီး ထိုင်ထိုင်ငိုရတာ ခုကာလ ဆေးရုံလဲမသွားချင်ဘူး ဒီနေ့တော့ မနေနိုင်လွန်းလို့ ဆေးရုံပြေးခဲ့ရပီ သားသားသက်သာပါစေ။

Credit Chocholwin

Leave a Comment