နွမ်းပါးသောဇာတ်ပို့ဇာတ်ရံများနှင့် ဇာတ်ညွှန်းဆရာများအားထောက်ပံ့လှူဒါန်းခဲ့တဲ့ ကျော်သူ




Credit Themoon
Source:8days TV

UNICODE

လတ်တလောကမ္ဘာအနှံဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် တချို့စီးပွားရေးလုပ်ငန်းတွေနဲ့အနုပညာအလုပ်တွေကိုရပ်နာထားရတာဖြစ်ပါတယ်။ ယခုလိုအနုပညာအလုပ်တွေကိုရပ်နားထားတာကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလည်း ပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်တတ်နိုင်တဲ့အနုပညာရှင်တွေကလည်း အနုပညာလောကသားအချင်းချင်း တစ်ဖက်တစ်လှမ်းကနေ တတ်နိုင်သလောက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြပါတယ်။ အဆိုပါအနုပညာရှင်တွေထဲမှာတော့ ဦးကျော်သူကလည်းတစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ ဒီနေ့မှာတော့ ဦးကျော်သူက နွမ်းပါးသောဇာတ်ပို့ဇာတ်ရံများနှင့် ဇာတ်ညွှန်းဆရာများအားထောက်ပံ့လှူဒါန်းခြင်းကို ရန်ကုန်မြို့ရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအလှူလေးမှာတော့ ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းနဲ့အတူ အနန္တမေတ္တာပရဟိတအဖွဲ့ကလည်း ပူးပေါင်းပါဝင်လှူဒါန်းခဲ့တယ်လို့လည်း သိရပါသေးတယ်။ ပရိသတ်ကြီးအတွက် ဦးကျော်သူရဲ့အလှူလေးကိုသာဓုခေါ်လို့ရအောင်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

Credit Themoon
Source:8days TV

Leave a Comment