ပူျပင္းတဲ့ရာသီဥတုမွာ PPE ဝတ္စံုၾကီးဝတ္ျပီး အလုပ္လုပ္ေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ဓာတ္ဆားနဲ့ အားျဖည့္အခ်ိဳရည္ေတြ အလွဴခံခဲ့တဲ့ ေဝဠဳေက်ာ္

ကိုယ္က်ိဳးမၾကည့္ပဲ ျမန္မာျပည္အရပ္ရပ္က အခက္အခဲျဖစ္ေနတဲ့ ေနရာေတြမွာ အကူအညီေတြေပးေနတဲ့ ေဝဠဳေက်ာ္ကို ပရိသတ္ေတြက ပရဟိတမင္းသားၾကီးလို့ေတာင္ တင္စားၾကတာပဲ ျဖစ္ပါတယ္။ အသက္အရြယ္တစ္ခုေရာက္လာတဲ့ ေဝဠဳေက်ာ္ဟာ အနုပညာလုပ္ငန္းေတြထက္ ပရဟိတလုပ္ငန္းေတြကို လုပ္ကို္င္ရတာ ေပ်ာ္ေမြ့ေနျပီပဲ ျဖစ္ပါတယ္။ ေဝဠဳေက်ာ္က လက္ရိွမွာလည္း Covid- 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားကို သူ့ရဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းနဲ့အတူတူ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။

ေဖာင္ေဒးရွင္းတည္ေထာင္သူတစ္ေယာက္ျဖစ္တဲ့ ေဝဠဳေက်ာ္က ဒီေန့မွာေတာ့ ပူျပင္းတဲ့ရာသီဥတုမွာ PPE ဝတ္စံုၾကီးဝတ္ျပီး အလုပ္လုပ္ေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ အခုလိုပဲ အလွဴခံထားပါတယ္။ “ဒီေန႔အလွည့္က် ဦးေဆာင္သူကကြၽန္ေတာ္ေဝဠဳေက်ာ္ေပါ့ဗ်ာ။ တလွည့္စီေပါ့၊ တလွည့္စီမလုပ္လိုလည္းမရ ပူခ်က္ကလြန္ေရာ PPE နဲ႔ဆိုေတာ့ပိုဆိုးတာေပါ့။ နဖူးကေခြၽးေျခမ မက်ေပမဲ့ ေက်ာကုန္းေခြၽးက ဘယ္ၾကားစီးၿပီး ရင္ဘတ္ကေခြၽးက ဘယ္ေပၚက်တယ္ဆိုပါေတာ့ဗ်ာ။ PPE ဝတ္ေနၾကရတဲ့ တစ္ေယာက္ျခင္းစီတိုင္းကို ကိုယ္ခ်င္းစာေလးစားပါတယ္။”

“အပူခ်ိန္ စံခ်ိန္သစ္တင္ေနတဲ့ ရန္ကုန္အပူနဲ႔ PPEဝတ္ရတဲ့သူေတြမွာ ေခြၽးထြက္လြန္ၾကတာမို႔ အဖြဲ႕ကလူေတြ ေတာ္ေတာ္ ပင္ပမ္းၾကပါတယ္ဗ်ာ။ ဓာတ္ဆားေသာက္ရမွ အဆင္ေျပၾကပါတယ္။ ေဆးဆိုင္အခ်ိဳ႕ကလဲ ပိတ္ၾကတာမို႔ BBI ဓာတ္ဆား၊ အားျဖည့္အခ်ိဳရည္၊ Royal D တို႔ အကူညီေတာင္းပါရေစ။” ဆိုျပီး အကူအညီေတာင္း အလွဴခံထားပါတယ္။ အမ်ားအက်ိဳးကိုေဆာင္ရြက္ေနတဲ့ မင္းသားၾကီးအတြက္ အလွဴရွင္ေတြကလည္း တတ္နုိင္သမွ် လွဴဒါန္းေပးပါဦးလို့ ေတာင္းဆုိလုိက္ရပါတယ္ေနာ္။

Source: Wai Lu Kyaw’s fb

UNICODE

ကိုယ်ကျိုးမကြည့်ပဲ မြန်မာပြည်အရပ်ရပ်က အခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ အကူအညီတွေပေးနေတဲ့ ဝေဠုကျော်ကို ပရိသတ်တွေက ပရဟိတမင်းသားကြီးလို့တောင် တင်စားကြတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်လာတဲ့ ဝေဠုကျော်ဟာ အနုပညာလုပ်ငန်းတွေထက် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ရတာ ပျော်မွေ့နေပြီပဲ ဖြစ်ပါတယ်။ ဝေဠုကျော်က လက်ရှိမှာလည်း Covid- 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို သူ့ရဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့အတူတူ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းတည်ထောင်သူတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်က ဒီနေ့မှာတော့ ပူပြင်းတဲ့ရာသီဥတုမှာ PPE ဝတ်စုံကြီးဝတ်ပြီး အလုပ်လုပ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခုလိုပဲ အလှူခံထားပါတယ်။ “ဒီနေ့အလှည့်ကျ ဦးဆောင်သူကကျွန်တော်ဝေဠုကျော်ပေါ့ဗျာ။ တလှည့်စီပေါ့၊ တလှည့်စီမလုပ်လိုလည်းမရ ပူချက်ကလွန်ရော PPE နဲ့ဆိုတော့ပိုဆိုးတာပေါ့။ နဖူးကချွေးခြေမ မကျပေမဲ့ ကျောကုန်းချွေးက ဘယ်ကြားစီးပြီး ရင်ဘတ်ကချွေးက ဘယ်ပေါ်ကျတယ်ဆိုပါတော့ဗျာ။ PPE ဝတ်နေကြရတဲ့ တစ်ယောက်ခြင်းစီတိုင်းကို ကိုယ်ချင်းစာလေးစားပါတယ်။”

“အပူချိန် စံချိန်သစ်တင်နေတဲ့ ရန်ကုန်အပူနဲ့ PPEဝတ်ရတဲ့သူတွေမှာ ချွေးထွက်လွန်ကြတာမို့ အဖွဲ့ကလူတွေ တော်တော် ပင်ပမ်းကြပါတယ်ဗျာ။ ဓာတ်ဆားသောက်ရမှ အဆင်ပြေကြပါတယ်။ ဆေးဆိုင်အချို့ကလဲ ပိတ်ကြတာမို့ BBI ဓာတ်ဆား၊ အားဖြည့်အချိုရည်၊ Royal D တို့ အကူညီတောင်းပါရစေ။” ဆိုပြီး အကူအညီတောင်း အလှူခံထားပါတယ်။ အများအကျိုးကိုဆောင်ရွက်နေတဲ့ မင်းသားကြီးအတွက် အလှူရှင်တွေကလည်း တတ်နိုင်သမျှ လှူဒါန်းပေးပါဦးလို့ တောင်းဆိုလိုက်ရပါတယ်နော်။

Source: Wai Lu Kyaw’s fb
Credit – Cele Connections

Leave a Comment