အေမ့ ကိုဖမ္းပါ ဆိုၿပီး လက္ေလးထိုးေပး တဲ့ အေမအိုႀကီး ကို ၾကည့္ရင္း မ်က္ရည္ဝိုင္း ခဲ့ရတဲ့ ရဲေတြ

မိခင္ေမတၱာႀကီးမားေပစြ”

ဒီပံု ကို ႐ုတ္တရက္ျမင္လိုက္ရင္ အမ်ားစုက ျပစ္မႈက်ဴးလြန္ တဲ့ ရာဇဝတ္သား တစ္ေယာက္လို႔ ျမင္ၾကလိမ့္မယ္။ကိုယ္ကေတာ့ ဒီပံုမွာ မိခင္ေမတၱာကို ကြက္ကြက္ကြင္းကြင္း လွမ္းျမင္လိုက္ရတယ္။ဘယ္သူ႔ဘယ္သူကိုမွ အျပစ္မတင္ပါဘူး။အလြဲေတြနဲ႔ ႏိုင္ငံမွာ ဒီအလြဲဟာလည္း အလြဲေပါင္းမ်ားစြာထဲက အလြဲတစ္ခုပါပဲ။

ဒီအသက္ အရြယ္၊ ဒီမ်က္ႏွာ၊ ဒီဟန္ပန္နဲ႔ အေဒၚႀကီး တစ္ေယာက္ဟာ သက္ေသခံပစၥည္းေတြျဖစ္တဲ့ စိတ္ႂကြေဆး အသံုးျပဳတဲ့ပစၥည္းေတြကို သံုးစြဲတတ္မလား၊ သူ႔ရဲ႕ပစၥည္းေတြ တကယ္ျဖစ္ႏိုင္ပါ့မလား။သိပ္ရွင္းလင္းပါတယ္။ ကိုယ္ကေတာ့ မခ်ိျပံဳးပဲ ျပံဳးႏိုင္တယ္။ စေတးခံမႈ တစ္ခုခုကို ရွင္းရွင္းလင္းလင္းျမင္ ရတဲ့အခါ ဘယ္လိုတုန္႔ျပန္ရလဲ ကိုယ္မသိဘူး။ငယ္ငယ္က ဖတ္ဖူးတဲ့ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး ေဆာင္းပါး တစ္ပုဒ္ကို သတိရမိတယ္။ေရးသူက ရဲအုပ္တစ္ဦးပါ။မူးယစ္ေဆးဝါးသတင္းရလို႔ အိမ္တစ္အိမ္ကို ဝင္ရွာေဖြတယ္။

အလံုပိတ္ဂ်က္ခ်ထားတဲ့ အိမ္သာထဲမွာ တရားခံ ရွိရမယ္ဆိုၿပီး အတင္းဖြင့္ၾကတဲ့အခါ အတြင္းမွာ မူးယစ္ေဆးဝါး သံုးစြဲတဲ့ ပစၥည္းေတြကို က်စ္က်စ္ ပါေအာင္ ဆုပ္ကိုင္ထားတဲ့ ေခြ်းေတြရႊဲနစ္ေၾကာက္ရြံ႔ေနတဲ့ အသက္၈၀ေက်ာ္အေမအိုႀကီး။အေမ့ပစၥည္းေတြပါ သားတို႔ရယ္ အေမ့ကိုဖမ္းပါဆိုၿပီး လက္ေလး ထိုးေပးတဲ့ အေမအိုႀကီးကို ၾကည့္ရင္း မ်က္ရည္ဝိုင္းခဲ့ရတဲ့ ရဲေတြ။ဝတၳဳထဲက ဇာတ္ေကာင္ေတြ ကို ျပင္ပေလာက မွာ တကယ္ေတြ႕ျမင္ရတဲ့အခါ….

Credit:thutasone

UNICODE

မိခင်မေတ္တာကြီးမားပေစွ”

ဒီပုံ ကို ရုတ်တရက်မြင်လိုက်ရင် အများစုက ပြစ်မှုကျူးလွန် တဲ့ ရာဇဝတ်သား တစ်ယောက်လို့ မြင်ကြလိမ့်မယ်။ကိုယ်ကတော့ ဒီပုံမှာ မိခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်း လှမ်းမြင်လိုက်ရတယ်။ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ပါဘူး။အလွဲတွေနဲ့ နိုင်ငံမှာ ဒီအလွဲဟာလည်း အလွဲပေါင်းများစွာထဲက အလွဲတစ်ခုပါပဲ။

ဒီအသက် အရွယ်၊ ဒီမျက်နှာ၊ ဒီဟန်ပန်နဲ့ အဒေါ်ကြီး တစ်ယောက်ဟာ သက်သေခံပစ္စည်းတွေဖြစ်တဲ့ စိတ်ကြွဆေး အသုံးပြုတဲ့ပစ္စည်းတွေကို သုံးစွဲတတ်မလား၊ သူ့ရဲ့ပစ္စည်းတွေ တကယ်ဖြစ်နိုင်ပါ့မလား။သိပ်ရှင်းလင်းပါတယ်။ ကိုယ်ကတော့ မချိပြုံးပဲ ပြုံးနိုင်တယ်။ စတေးခံမှု တစ်ခုခုကို ရှင်းရှင်းလင်းလင်းမြင် ရတဲ့အခါ ဘယ်လိုတုန့်ပြန်ရလဲ ကိုယ်မသိဘူး။ငယ်ငယ်က ဖတ်ဖူးတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်းပါး တစ်ပုဒ်ကို သတိရမိတယ်။ရေးသူက ရဲအုပ်တစ်ဦးပါ။မူးယစ်ဆေးဝါးသတင်းရလို့ အိမ်တစ်အိမ်ကို ဝင်ရှာဖွေတယ်။

အလုံပိတ်ဂျက်ချထားတဲ့ အိမ်သာထဲမှာ တရားခံ ရှိရမယ်ဆိုပြီး အတင်းဖွင့်ကြတဲ့အခါ အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ပစ္စည်းတွေကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားတဲ့ ချွေးတွေရွှဲနစ်ကြောက်ရွံ့နေတဲ့ အသက်၈၀ကျော်အမေအိုကြီး။အမေ့ပစ္စည်းတွေပါ သားတို့ရယ် အမေ့ကိုဖမ်းပါဆိုပြီး လက်လေး ထိုးပေးတဲ့ အမေအိုကြီးကို ကြည့်ရင်း မျက်ရည်ဝိုင်းခဲ့ရတဲ့ ရဲတွေ။ဝတ္ထုထဲက ဇာတ်ကောင်တွေ ကို ပြင်ပလောက မှာ တကယ်တွေ့မြင်ရတဲ့အခါ….

Credit:thutasone

Leave a Comment