အေမရိကန္မွာ ဆံသဆရာတစ္ဦးကေန လူေပါင္း ၉၁ ဦးကို Coronavirus ကူးစက္ေစခဲ့

Coronavirus ေရာဂါရွိတဲ့ ဆံသဆရာတစ္ဦးဟာ ေရာဂါလကၡဏာရွိေနစဥ္ကာလအတြင္း ၈ ရက္ခန႔္ အလုပ္လုပ္ခဲ့ၿပီးေနာက္မွာေတာ့ ၎ရဲ႕ ေဖာက္သည္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ ၉၁ ဦးကို ကူးစက္ေစခဲ့တယ္လို႔ မစ္ဆိုရီၿမိဳ႕ က်န္းမာေရးအရာရွိေတြက ေျပာဆိုထားပါတယ္။

အခုလို ကူးစက္မႈဟာ အေမရိကန္ႏိုင္ငံအတြင္း Coronavirus ျပန႔္ႏွံ႔ေနတဲ့ၾကားက စီးပြားေရးေတြျပန္လည္ ဖြင့္လွစ္ျခင္းရဲ႕ အက်ိဳးဆက္တစ္ခုအျဖစ္ virus ပိုး ပိုမိုျပန႔္ႏွံ႔လာျခင္းရဲ႕ အေၾကာင္းရင္းတစ္ရပ္ဘဲျဖစ္ပါတယ္။ အေမရိကန္မွာ အခုလို စီးပြားေရးေတြျပန္လည္ဖြင့္လွစ္လိုက္တာေၾကာင့္ ကူးစက္မႈေတြပိုမို ဆိုး႐ြားလာတာပါ။

အခုျဖစ္ေပၚတဲ့ကူးစက္မႈမွာ အဆိုပါ ဆံသဆရာဟာ ၈ ရက္အတြင္း customers ၈၄ ေယာက္ကို ဝန္ေဆာင္မႈ ေပးခဲ့ၿပီး ၇ေယာက္ကေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္တယ္လို႔ Springfield-Greene County က်န္းမာေရးဌာနက ေျပာဆိုထားပါတယ္။

အဆိုပါ ဆံသဆရာအေနနဲ႔ ဘယ္လိုကူးစက္လာလဲဆိုတဲ့ ဇစ္ျမစ္ကို အေျဖရွာမရေပမယ့္ ခရီးသြားလာရျခင္းကေန ကူးစက္ႏိုင္တယ္လို႔ ကနဦးခန႔္မွန္းထားပါတယ္။ အဆိုပါဆံသဆရာဟာ ေမလ ၁၂ ရက္ေန႔ကေနစတင္အလုပ္လုပ္ခဲ့တာျဖစ္ၿပီးေတာ့ အဆိုပါအခ်ိန္မွာ ဆံပင္ညႇပ္ဆိုင္ေတြနဲ႔ အလွျပင္ဆိုင္ေတြကို ျပန္လည္ဖြင့္လွစ္ေပးတဲ့အခ်ိန္ဘဲျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ လူေပါင္း ၉၆၀၀၀ ခန႔္ Covid-19 ေၾကာင့္ ေသဆုံးခဲ့ၿပီျဖစ္ၿပီး ကူးစက္သူအေရအတြက္ကေတာ့ ၁.၆ သန္းခန႔္ရွိပါတယ္။ မစ္ဆိုရီၿမိဳ႕မွာေတာ့ ကူးစက္မႈေပါင္း ၁၂၀၀၀ နဲ႔ ေသဆုံးသူ ၆၀၀ ခန႔္ရွိတယ္လို႔ ေဒသတြင္းမီဒီယာေတြက ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Credit We Media
Source – CNN

UNICODE

Coronavirus ရောဂါရှိတဲ့ ဆံသဆရာတစ်ဦးဟာ ရောဂါလက္ခဏာရှိနေစဉ်ကာလအတွင်း ၈ ရက်ခန့် အလုပ်လုပ်ခဲ့ပြီးနောက်မှာတော့ ၎င်းရဲ့ ဖောက်သည်တွေနဲ့ လုပ်ဖော်ကိုင်ဖက် ၉၁ ဦးကို ကူးစက်စေခဲ့တယ်လို့ မစ်ဆိုရီမြို့ ကျန်းမာရေးအရာရှိတွေက ပြောဆိုထားပါတယ်။

အခုလို ကူးစက်မှုဟာ အမေရိကန်နိုင်ငံအတွင်း Coronavirus ပြန့်နှံ့နေတဲ့ကြားက စီးပွားရေးတွေပြန်လည် ဖွင့်လှစ်ခြင်းရဲ့ အကျိုးဆက်တစ်ခုအဖြစ် virus ပိုး ပိုမိုပြန့်နှံ့လာခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဘဲဖြစ်ပါတယ်။ အမေရိကန်မှာ အခုလို စီးပွားရေးတွေပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် ကူးစက်မှုတွေပိုမို ဆိုးရွားလာတာပါ။

အခုဖြစ်ပေါ်တဲ့ကူးစက်မှုမှာ အဆိုပါ ဆံသဆရာဟာ ၈ ရက်အတွင်း customers ၈၄ ယောက်ကို ဝန်ဆောင်မှု ပေးခဲ့ပြီး ၇ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်လို့ Springfield-Greene County ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။

အဆိုပါ ဆံသဆရာအနေနဲ့ ဘယ်လိုကူးစက်လာလဲဆိုတဲ့ ဇစ်မြစ်ကို အဖြေရှာမရပေမယ့် ခရီးသွားလာရခြင်းကနေ ကူးစက်နိုင်တယ်လို့ ကနဦးခန့်မှန်းထားပါတယ်။ အဆိုပါဆံသဆရာဟာ မေလ ၁၂ ရက်နေ့ကနေစတင်အလုပ်လုပ်ခဲ့တာဖြစ်ပြီးတော့ အဆိုပါအချိန်မှာ ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ပေးတဲ့အချိန်ဘဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လက်ရှိအချိန်ထိ လူပေါင်း ၉၆၀၀၀ ခန့် Covid-19 ကြောင့် သေဆုံးခဲ့ပြီဖြစ်ပြီး ကူးစက်သူအရေအတွက်ကတော့ ၁.၆ သန်းခန့်ရှိပါတယ်။ မစ်ဆိုရီမြို့မှာတော့ ကူးစက်မှုပေါင်း ၁၂၀၀၀ နဲ့ သေဆုံးသူ ၆၀၀ ခန့်ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ထုတ်ပြန်ချက်အရ သိရပါတယ်။

Credit We Media
Source – CNN

Leave a Comment