နာမည်ကျော် Avatar 2 နယူးဇီလန်မှာ စတင်ရိုက်ကူးပါပြီ




Credit WE MEDIA
Source- Avatar

UNICODE

နာမည်ကျော် Avatar အဆက် Avatar 2 ကို နယူးဇီလန်မှာ လာမယ့်အပတ်ထဲစတင်ရိုက်ကူးမယ်လို့ ထုတ်လုပ်သူဂျွန်လန်ဒူးကပြောခဲ့ပါတယ်။ Covid ကာလကြောင့် ရိုက်ကူးရေးအစီအစဉ်တွေ ရွေ့ဆိုင်းခဲ့ရတာ သုံးလကြာမြင့်ပြီဖြစ်ပါတယ်။မတ်လကတည်းက ရပ်နားခဲ့ရတဲ့ Avatar 2 ရိုက်ကူးမှုတွေကို နယူးဇီလန်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

Avatar 2 ဒါရိုက်တာ ဂျိမ်းကင်မရွန်းကလည်း ရိုက်ကူးမှုတွေကို အလျင်အမြန်စတင်တော့မယ်လို့ ပြောထားပါတယ်။ Avatar 2 မှာ သရုပ်ဆောင်သစ် ကိတ်ဝင်းစလက်အပါအဝင် Avatar က ဇာတ်ဆောင်အများစု ပြန်လည်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

နာမည်ကျော်ဒါရိုက်တာ ဂျိမ်းကင်မရွန်းရိုက်ကူးတဲ့ Avatar ဇာတ်ကားကို ၂၀၀၉ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဒေါ်လာဘီလျံနဲ့ချီ ဝင်ငွေရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Avatar 2 ဇာတ်ကားကို ၂၀၂၁ မှာ ရုံတင်ပြသဖို့ရည်ရွယ်ထားပြီး ၂၀၂၃၊ ၂၀၂၅ နဲ့ ၂၀၂၇ ခုနှစ်တွေမှာလည်း ဆက်လက်ပြသဖို့ ရည်ရွယ်ထားပါတယ်။Avatar ဇာတ်ကားသစ်တွေကို ဒစ်စနေကုမ္ပဏီက ဖြန့်ချိပေးမှာဖြစ်ပြီး နည်းပညာအသစ်တွေ ထည့်သွင်းရိုက်ကူးမှာ ဖြစ်တယ်လို့သိရပါတယ်။

Credit WE MEDIA
Source- Avatar

Leave a Comment