ကင္ဆာသမားေနာက္ဆံုး အဆင့္ လူနာက အသက္ ရွင္ေနေသးတယ္ေနာ္ဆို တဲ့ ေကာမန့္ေၾကာင့္ နာက်င္ရေၾကာင္း ရင္ဖြင့္ လာတဲ့ မီးမီးခဲ

အဆိုေတာ္ မီးမီးခဲကေတာ့ ၾသစေတးလ်မွာ မိသားစုနဲ့ အ တူတူေနထိုင္ရင္း ရင္သားကင္ဆာေဝဒနာကို ခံစားခဲ့ရတာ ျဖစ္ပါတယ္။ေနာက္ဆံုးအဆင့္ရိွတဲ့ ကင္ဆာေရာဂါကို ၾကံ့ၾကံ့ခံရင္း ဒီေန့ဒီအခ်ိန္ထိ အသက္ရွင္ေနေသးတဲ့ မီးမီးခဲက သူမရဲ့ ပိုစ့္ေအာက္က ေကာမန့္ေလးတစ္ခုေၾ ကာင့္ စိတ္မေကာင္းျဖစ္ခဲ့ ရေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္။ “က်ြန္မဟာ ရင္သားကင္ဆာအဆင့္ 4 ကို2017 စၿပီးခံစားရပါတယ္။အ႐ိုးထဲကိုျပန္ ႏွံ့သြားတဲ့အတြက္ ရင္သားကို ျဖတ္ထုတ္ဖို ့ေနာက္က်ခဲ့ရပါတယ္။ ဓါတ္၇ခါနဲ႔ chemo ကီမို ၅ ႀကိမ္ေပးခဲ့ရပါတယ္။ ဒါ့ေၾကာင့္ Australia ရဲ ့ေဆးကုထံုး အတိုင္း ထိန္းခ်ဳပ္ကုသရင္း ခရီးဆက္ အသက္ရွင္ေနတာ ဒီေန ထိပါပဲ။”

“၂၀၁၈ မွာေခါင္းနဲ႔လည္ပင္း ေတြမွာထပ္ေပၚလာလိုထပ္မံ ့Radiotherapy 5 ႀကိမ္လုပ္ခဲ့ၿပီးပါၿပီ။ ၂၀၁၉ကေတာ့ ကၽြန္မအတြက္က်န္းမာဆံုးႏွစ္ေပါ့။ ၂၀၂၀ႏွစ္အစ Show လဲ အရမ္းေအာင္ျမင္ခဲ့လို ့ကၽြန္မရဲ ့ဝမ္းသာမ်က္ရည္မ်ားနဲ႔ ခုထိေပ်ာ္ရႊင္ေနဆဲပါ။ ၂၀၂၀ျမန္မာျပည္ကအျပန္ မွာေတာ့ေျခေထာက္က စနာလာပါၿပီ။ကိုက္ခဲရံုမ်ိဳးမို ့သတိမထားခဲ့ပါ။ ဆရာဝန္ေတြက ကင္ဆာေဆးဒဏ္လို့ပဲ ထင္ခဲ့ၾကပါတယ္။ စစ္ေဆး ၂ ခါေျမာက္မွာေတာ့ ေျခေထာက္က ေပါင္ရင္း ဆက္ထားတဲ့တင္ပဆံုနားက က်ိဳးၿပီးအက္ေနခဲ့တာပါ။”“သိသိခ်င္းပဲ ေဆးရံုတတ္ ဓါတ္ကင္ရပါတယ္။ေနာက္ဆက္တြဲ ခါး နဲ႔ညာဘက္နံ႐ိုးပါ ကင္ဆာ အစက္ေတြ ေတံြတာေၾကာင့္Radiotherapy ထပ္ေပးရပါတယ္။၇ခါ ထပ္Trearment ယူၿပီးေဆးရံုကေနဆင္းခဲ့ရပါတယ္။ အဆင့္၄ ရွိတဲ့ကင္ဆာ သမားက အသက္ရွင္ေသးတယ္ေနာ္လို ့ေျပာတဲ့ commentsေလးတစ္ခုေတြ ့ပါတယ္။ ဘာေၾကာင့္လဲဆိုတာ ကၽြန္မရဲ ့အသက္ရွင္ခ်င္တဲ့စိတ္ေၾကာငိ့ပါလို ့။”

“ကင္ဆာေရာဂါသည္လို ့မခံယူပဲ ပံုမွန္မိသားစုဝင္ေတြလို ပဲမွ်တတဲ့အစားကိုစားေသာက္ စိတ္ညစ္ေစမဲ့အေတြးေတြကိုေဘးဖယ္ၿပီး အခ်ိန္မွန္အိပ္စက္ခဲ့လို ပါဒါ့ေၾကာင့္ကၽြန္မfacebook page ကို စသံုးခဲ့တာလဲ ကၽြန္မလို ေမ်ာ္လင့္ခ်က္မဲ့သူေတြ အခ်င္းခ်င္း ခြန္အားေပးရင္း မွ်ေဝ ရေအာင္လို ့ စာေလးေတြေရးၿပီး ခြန္အားေပး ေဝမွ်ရင္း ပရိတ္သတ္ မိတ္ေဆြမ်ားဆီးကေန ေမတၱာနဲ႔ ေရးတဲ့စာေလးေတြ ဖတ္ရင္းအားတင္း ေနရတာပါ။ေရွ ဆက္ ကၽြန္မရဲ ့ေရာဂါအေျခအေနဘာျဖစ္မလဲဆိုတာ ဘုရားမွ တပါးဘယ္သူမွ မသိႏိုုင္ပါဘူး။ က်န္ရွိတဲ့ေန ရက္ေလးေတြကို ကၽြန္မအျပံဳးနဲ႔ အၿမဲတမ္းႏိုး ထအသက္ရွင္ပါတယ္။”“ေသမိန္ ့ခ်ခံထားရသူေတြဟာ ကင္ဆာေရာဂါ သယ္ေတြေလဆိုၿပီး ေျပာၾကတဲ့ စကားေတြရဲ ့ဆန္ ့က်င္ဘက္နဲ႔ အသက္ရွင္ ေန ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္မေျပာခ်င္တာ ခဏတာ တိုေတာင္းလွတဲ့လူ ့ဘဝမွာအသက္ရွင္တုႏ္ုး အဓိပၸါယ္ရွိစြာ အသက္ရွင္ပါေနာ္။သမီးေလးႏွစ္ေယာက္နဲ႔သားေတြကို မနက္စာ ခ်က္ျပဳတ္ၿပီးေက်ာင္းကို ပို့ေပးခ်င္ေသးတယ္။ တေနကုန္ အိမ္မွဳကိစၥေတြလုပ္ရင္း ကေလးေတြရဲ ့အေဖနဲ႔သားသမီးေတြ ညေနစာကို ခ်က္ျပဳတ္ေပးတဲ့ အိမ္ရွင္မေကာင္ း တေယာက္အျဖစ္နဲ႔ ဆက္အသက္ရွင္ခ်င္ေသးတယ္။ ဒါကၽြန္မရဲ႕မိခင္တေယာက္ရဲ ့ဆႏၵပါ။” လို့ ရင္ဖြင့္ေျပာဆို ထာ းပါတယ္။

Source:Mee Mee Khel-မီးမီးခဲ’s fb
Credit– Cele Connections

UNICODE

အဆိုတော် မီးမီးခဲကတော့ သြစတေးလျမှာ မိသားစုနဲ့ အ တူတူနေထိုင်ရင်း ရင်သားကင်ဆာဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။နောက်ဆုံးအဆင့်ရှိတဲ့ ကင်ဆာရောဂါကို ကြံ့ကြံ့ခံရင်း ဒီနေ့ဒီအချိန်ထိ အသက်ရှင်နေသေးတဲ့ မီးမီးခဲက သူမရဲ့ ပိုစ့်အောက်က ကောမန့်လေးတစ်ခုေြ ကာင့် စိတ်မကောင်းဖြစ်ခဲ့ ရကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။ “ကျွန်မဟာ ရင်သားကင်ဆာအဆင့် 4 ကို2017 စပြီးခံစားရပါတယ်။အရိုးထဲကိုပြန် နှံ့သွားတဲ့အတွက် ရင်သားကို ဖြတ်ထုတ်ဖို့နောက်ကျခဲ့ရပါတယ်။ ဓါတ်၇ခါနဲ့ chemo ကီမို ၅ ကြိမ်ပေးခဲ့ရပါတယ်။ ဒါ့ကြောင့် Australia ရဲ့ဆေးကုထုံး အတိုင်း ထိန်းချုပ်ကုသရင်း ခရီးဆက် အသက်ရှင်နေတာ ဒီနေ ထိပါပဲ။”

“၂၀၁၈ မှာခေါင်းနဲ့လည်ပင်း တွေမှာထပ်ပေါ်လာလိုထပ်မံ့Radiotherapy 5 ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ၂၀၁၉ကတော့ ကျွန်မအတွက်ကျန်းမာဆုံးနှစ်ပေါ့။ ၂၀၂၀နှစ်အစ Show လဲ အရမ်းအောင်မြင်ခဲ့လို့ကျွန်မရဲ့ဝမ်းသာမျက်ရည်များနဲ့ ခုထိပျော်ရွှင်နေဆဲပါ။ ၂၀၂၀မြန်မာပြည်ကအပြန် မှာတော့ခြေထောက်က စနာလာပါပြီ။ကိုက်ခဲရုံမျိုးမို့သတိမထားခဲ့ပါ။ ဆရာဝန်တွေက ကင်ဆာဆေးဒဏ်လို့ပဲ ထင်ခဲ့ကြပါတယ်။ စစ်ဆေး ၂ ခါမြောက်မှာတော့ ခြေထောက်က ပေါင်ရင်း ဆက်ထားတဲ့တင်ပဆုံနားက ကျိုးပြီးအက်နေခဲ့တာပါ။”“သိသိချင်းပဲ ဆေးရုံတတ် ဓါတ်ကင်ရပါတယ်။နောက်ဆက်တွဲ ခါး နဲ့ညာဘက်နံရိုးပါ ကင်ဆာ အစက်တွေ တေွံတာကြောင့်Radiotherapy ထပ်ပေးရပါတယ်။၇ခါ ထပ်Trearment ယူပြီးဆေးရုံကနေဆင်းခဲ့ရပါတယ်။ အဆင့်၄ ရှိတဲ့ကင်ဆာ သမားက အသက်ရှင်သေးတယ်နော်လို့ပြောတဲ့ commentsလေးတစ်ခုတွေ့ပါတယ်။ ဘာကြောင့်လဲဆိုတာ ကျွန်မရဲ့အသက်ရှင်ချင်တဲ့စိတ်ကြောငိ့ပါလို့။”

“ကင်ဆာရောဂါသည်လို့မခံယူပဲ ပုံမှန်မိသားစုဝင်တွေလို ပဲမျှတတဲ့အစားကိုစားသောက် စိတ်ညစ်စေမဲ့အတွေးတွေကိုဘေးဖယ်ပြီး အချိန်မှန်အိပ်စက်ခဲ့လို ပါဒါ့ကြောင့်ကျွန်မfacebook page ကို စသုံးခဲ့တာလဲ ကျွန်မလို မျော်လင့်ချက်မဲ့သူတွေ အချင်းချင်း ခွန်အားပေးရင်း မျှဝေ ရအောင်လို့ စာလေးတွေရေးပြီး ခွန်အားပေး ဝေမျှရင်း ပရိတ်သတ် မိတ်ဆွေများဆီးကနေ မေတ္တာနဲ့ ရေးတဲ့စာလေးတွေ ဖတ်ရင်းအားတင်း နေရတာပါ။ရှေ ဆက် ကျွန်မရဲ့ရောဂါအခြေအနေဘာဖြစ်မလဲဆိုတာ ဘုရားမှ တပါးဘယ်သူမှ မသိနိုင်ပါဘူး။ ကျန်ရှိတဲ့နေ ရက်လေးတွေကို ကျွန်မအပြုံးနဲ့ အမြဲတမ်းနိုး ထအသက်ရှင်ပါတယ်။”“သေမိန့်ချခံထားရသူတွေဟာ ကင်ဆာရောဂါ သယ်တွေလေဆိုပြီး ပြောကြတဲ့ စကားတွေရဲ့ဆန့်ကျင်ဘက်နဲ့ အသက်ရှင် နေ ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မပြောချင်တာ ခဏတာ တိုတောင်းလှတဲ့လူ့ဘဝမှာအသက်ရှင်တုန်ုး အဓိပ္ပါယ်ရှိစွာ အသက်ရှင်ပါနော်။သမီးလေးနှစ်ယောက်နဲ့သားတွေကို မနက်စာ ချက်ပြုတ်ပြီးကျောင်းကို ပို့ပေးချင်သေးတယ်။ တနေကုန် အိမ်မှုကိစ္စတွေလုပ်ရင်း ကလေးတွေရဲ့အဖေနဲ့သားသမီးတွေ ညနေစာကို ချက်ပြုတ်ပေးတဲ့ အိမ်ရှင်မကောင် း တယောက်အဖြစ်နဲ့ ဆက်အသက်ရှင်ချင်သေးတယ်။ ဒါကျွန်မရဲ့မိခင်တယောက်ရဲ့ဆန္ဒပါ။” လို့ ရင်ဖွင့်ပြောဆို ထာ းပါတယ်။

Source:Mee Mee Khel-မီးမီးခဲ’s fb
Credit– Cele Connections

Leave a Comment