ေက်ာင္းသားဦးေရမ်ားတဲ့ စာသင္ေက်ာင္းေတြမွာ တစ္ပတ္ျခားစီ ေက်ာင္းတက္ရမည္

စာသင္ခန္းတစ္ခန္းကို ေက်ာင္းသားအေယာက္ ၂၀ သာထားရွိမွာပါ။အေျခခံပညာအထက္တန္းကစတင္ကာ စာသင္ေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္သြားမွာျဖစ္ၿပီး ေက်ာင္းသားဦးေရမ်ားတဲ့ေက်ာင္းေတြကေတာ့ တစ္ပတ္ျခားစီတက္ရႏိုင္တယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာလိုက္ပါတယ္။လာမယ့္ ဇူလိုင္လ ဒုတိယသီတင္းပတ္ေနာက္ပိုင္းကစတင္ကာ နဝမတန္းနဲ႔ ဒႆမတန္းေတြကို အရင္ဆုံးဖြင့္လွစ္ဖို႔ စီစဥ္ေနၿပီး စာသင္ခန္းတစ္ခန္းကို ေက်ာင္းသား အေယာက္ ၂၀ ခန႔္သာ ထားရွိႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္းဆိုပါတယ္။ ဒါ့အျပင္ ေက်ာင္းသားဦးေရမ်ားျပားလို႔ ယခင္ကတည္းက ႏွစ္သုတ္ခြဲတက္ရတဲ့ေက်ာင္းေတြကိုေတာ့ အုပ္စုလိုက္ခြဲျခားၿပီး တစ္ပတ္ျခားစီ တက္ႏိုင္ဖို႔ အတြက္ ျပင္ဆင္ရမယ္လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးက ေက်ာင္းသားဦးေရမ်ားတဲ့ ေက်ာင္းေတြမွာဆိုရင္ တစ္ပတ္ျခားစီ တက္ရတာမ်ိဳးျဖစ္သြားႏိုင္တယ္။ ကေလးေတြက တစ္ပတ္နား ၊ တစ္ပတ္တက္ေပါ့။ နားေနတဲ့အခ်ိန္မွာေတာ့ Home Assignment ေတြေပးမယ္။ အိမ္မွာေလ့လာၾကရမယ္။ ၿပီးေတာ့ ေက်ာင္းျပန္တက္ရင္ ဆရာဆရာမေတြကို ျပန္တင္ျပ။ ဒါမ်ိဳးသင္ၾကားတဲ့ပုံစံေတြလည္း ဆရာတို႔ လုပ္ေပးဖို႔ ရွိပါတယ္။” လို႔ ဦးကိုေလးဝင္းက ဆိုပါတယ္။ေက်ာင္းေတြမွာ တစ္ခန္းကို ေက်ာင္းသား အေယာက္ ၂၀ ခန႔္သာ ထားရွိမွာျဖစ္လို႔ သင္ၾကားမယ့္ ဆရာဆရာမေတြလည္း လိုအပ္လာႏိုင္တာေၾကာင့္ ဆရာဆရာမအသစ္ေတြကို ထပ္ခန႔္ဖို႔ရွိသလို ေစတနာ့ဝန္ထမ္းဆရာဆရာမေတြကိုလည္း ခန႔္ထားဖို႔ရွိတယ္လို႔သိရပါတယ္။

ဒါ့အျပင္ ေရာဂါကာကြယ္ႏိုင္ေရးအတြက္ လက္ေဆးဆပ္ျပာ၊ လက္သန႔္ေဆးရည္၊ ေဘစင္၊ ေရပုံး၊ အပူခ်ိန္တိုင္းကိရိယာေတြကို စာသင္ေက်ာင္းေတြကို ပံ့ပိုးေပးမွာျဖစ္သလို ေက်ာင္းသားနဲ႔ ဆရာဆရာမ တစ္ဦးစီကို ျပန္လည္အသုံးျပဳလို႔ရတဲ့ ႏွာေခါင္းစည္း၊ မ်က္ႏွာအကာအကြယ္ပစၥည္း ႏွစ္ခုစီ ေပးသြားမယ္လို႔လည္းသိရပါတယ္။ေက်ာင္းေတြ ျပန္ဖြင့္မယ္ဆိုရင္ေတာ့ ဆရာဆရာမေတြ၊ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ မိဘေတြ မျဖစ္မေနလိုက္နာရမယ့္ က်န္းမာေရးစည္းကမ္းခ်က္ေတြကို ထုတ္ျပန္ေပးသြားဖို႔ ရွိေနတယ္လို႔လည္း ဆိုပါတယ္။

ယခင္က မူလတန္းကို အရင္ဆုံးဖြင့္ဖို႔ စီစဥ္ထားခဲ့ေပမယ့္ ေမလ ၁၉ ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ေဆြးေႏြးမႈအၿပီးမွာ အထက္တန္းေတြကို အရင္ဆုံးဖြင့္ဖို႔အတြက္ ညႇိႏႈိင္းခဲ့ပါတယ္။တစ္ႏိုင္ငံလုံးမွာ မူလတန္းေက်ာင္းသားဦးေရ ၅၂ သိန္းခန႔္၊ အလယ္တန္းေက်ာင္းသားဦးေရ သိန္း ၃၀ ၊ အထက္တန္းေက်ာင္းသားဦးေရ ၁၂ သိန္းခန႔္ရွိေနတာေၾကာင့္ က်န္းမာေရး လမ္းၫြန္ခ်က္ေတြ ပိုမိုထိေရာက္ေအာင္ ေက်ာင္းသားဦးေရနည္းတဲ့ အတန္းေတြကို အရင္ဆုံးျပန္ဖြင့္ရတာလည္းျဖစ္ပါတယ္။

Credit Duwun

UNICODE

စာသင်ခန်းတစ်ခန်းကို ကျောင်းသားအယောက် ၂၀ သာထားရှိမှာပါ။အခြေခံပညာအထက်တန်းကစတင်ကာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းသားဦးရေများတဲ့ကျောင်းတွေကတော့ တစ်ပတ်ခြားစီတက်ရနိုင်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောလိုက်ပါတယ်။လာမယ့် ဇူလိုင်လ ဒုတိယသီတင်းပတ်နောက်ပိုင်းကစတင်ကာ နဝမတန်းနဲ့ ဒဿမတန်းတွေကို အရင်ဆုံးဖွင့်လှစ်ဖို့ စီစဉ်နေပြီး စာသင်ခန်းတစ်ခန်းကို ကျောင်းသား အယောက် ၂၀ ခန့်သာ ထားရှိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ကျောင်းသားဦးရေများပြားလို့ ယခင်ကတည်းက နှစ်သုတ်ခွဲတက်ရတဲ့ကျောင်းတွေကိုတော့ အုပ်စုလိုက်ခွဲခြားပြီး တစ်ပတ်ခြားစီ တက်နိုင်ဖို့ အတွက် ပြင်ဆင်ရမယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးက ကျောင်းသားဦးရေများတဲ့ ကျောင်းတွေမှာဆိုရင် တစ်ပတ်ခြားစီ တက်ရတာမျိုးဖြစ်သွားနိုင်တယ်။ ကလေးတွေက တစ်ပတ်နား ၊ တစ်ပတ်တက်ပေါ့။ နားနေတဲ့အချိန်မှာတော့ Home Assignment တွေပေးမယ်။ အိမ်မှာလေ့လာကြရမယ်။ ပြီးတော့ ကျောင်းပြန်တက်ရင် ဆရာဆရာမတွေကို ပြန်တင်ပြ။ ဒါမျိုးသင်ကြားတဲ့ပုံစံတွေလည်း ဆရာတို့ လုပ်ပေးဖို့ ရှိပါတယ်။” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။ကျောင်းတွေမှာ တစ်ခန်းကို ကျောင်းသား အယောက် ၂၀ ခန့်သာ ထားရှိမှာဖြစ်လို့ သင်ကြားမယ့် ဆရာဆရာမတွေလည်း လိုအပ်လာနိုင်တာကြောင့် ဆရာဆရာမအသစ်တွေကို ထပ်ခန့်ဖို့ရှိသလို စေတနာ့ဝန်ထမ်းဆရာဆရာမတွေကိုလည်း ခန့်ထားဖို့ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် ရောဂါကာကွယ်နိုင်ရေးအတွက် လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ဘေစင်၊ ရေပုံး၊ အပူချိန်တိုင်းကိရိယာတွေကို စာသင်ကျောင်းတွေကို ပံ့ပိုးပေးမှာဖြစ်သလို ကျောင်းသားနဲ့ ဆရာဆရာမ တစ်ဦးစီကို ပြန်လည်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်ပစ္စည်း နှစ်ခုစီ ပေးသွားမယ်လို့လည်းသိရပါတယ်။ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင်တော့ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေ မဖြစ်မနေလိုက်နာရမယ့် ကျန်းမာရေးစည်းကမ်းချက်တွေကို ထုတ်ပြန်ပေးသွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ယခင်က မူလတန်းကို အရင်ဆုံးဖွင့်ဖို့ စီစဉ်ထားခဲ့ပေမယ့် မေလ ၁၉ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဆွေးနွေးမှုအပြီးမှာ အထက်တန်းတွေကို အရင်ဆုံးဖွင့်ဖို့အတွက် ညှိနှိုင်းခဲ့ပါတယ်။တစ်နိုင်ငံလုံးမှာ မူလတန်းကျောင်းသားဦးရေ ၅၂ သိန်းခန့်၊ အလယ်တန်းကျောင်းသားဦးရေ သိန်း ၃၀ ၊ အထက်တန်းကျောင်းသားဦးရေ ၁၂ သိန်းခန့်ရှိနေတာကြောင့် ကျန်းမာရေး လမ်းညွန်ချက်တွေ ပိုမိုထိရောက်အောင် ကျောင်းသားဦးရေနည်းတဲ့ အတန်းတွေကို အရင်ဆုံးပြန်ဖွင့်ရတာလည်းဖြစ်ပါတယ်။

Credit Duwun

Leave a Comment