မိေက်ာင္းႀကီးနဲ႔ သူတျပန္ကိုယ္တျပန္ အသက္လုပြဲဆင္ႏႊဲခဲ့ရတဲ့ (၁၀)ႏွစ္အရြယ္ေကာင္ေလး

မေလးရွားႏုိင္ငံက အသက္(၁၀)ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ မိေက်ာင္းႀကီးတစ္ေကာင္နဲ႔ ေရထဲမွာ လုံးေထြးသတ္ပုတ္ရင္း အသက္လုတုိက္ပြဲ ဆင္ႏႊဲခဲ့ရတယ္လုိ႔ သိရပါတယ္။း အဆုိပါ ေကာင္ေလးရဲ႕အမည္ကုိေတာ့ သတင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။ သူဟာ ဦေလးနဲ႔အတူ ေလွနဲ႔ငါးဖမ္းထြက္ခဲ့တာပါ။ ေခ်ာင္းငယ္တစ္ခုအေရာက္မွာ မိေက်ာင္းႀကီးက တုိက္ခိုက္ခဲ့တာပါ။မိေက်ာင္းႀကီးဟာ (၁၀)ႏွစ္အရြယ္ေကာင္ေလးနဲ႔ ဦးေလးျဖစ္သူတုိ႔ စီးလာတဲ့ ေလွႀကီးကို ခုန္အုပ္တုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။ ကေလးဟာ ေရထဲကုိ လြင့္စင္က်သြားခဲ့ၿပီး၊ မိေက်ာင္းႀကီးက ေျခေထာက္ကို လာကိုက္ခဲ့ပါတယ္။ ယင္းေနာက္ ေရနက္ရာကို ဆြဲေခၚသြားခဲ့ပါတယ္။ ေကာင္ေလးဟာ ေသခ်ာေပါက္ ေသကြင္းထဲ ေရာက္ခဲ့ေပမယ့္၊ မိေက်ာင္းႀကီးကို တန္ျပန္တုိက္ခိုက္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဧၿပီလ(၂၁)ရက္၊ အဂၤါေန႔မွာ Bombalai ရြာအနီးမွာ ျဖစ္ခဲ့တာပါ။ အဲဒီရြာေလးဟာ ေကာင္ေလးတုိ႔ရဲ႕ရြာျဖစ္ၿပီး၊ သူ႕ဦးေလးအမည္ကေတာ့ Din ျဖစ္ပါတယ္။ အသက္(၃၄)ႏွစ္ျဖစ္ၿပီး တူျဖစ္သူကေတာ့ မိေက်ာင္းစာျဖစ္ၿပီလုိ႔ ေတြးခဲ့ပါတယ္တဲ့။ သူကိုယ္တုိင္ကလည္း ေလွေပၚကေန လြင့္စင္က်ခဲ့ရာက ကမ္းဆီကို အသက္လုၿပီး ကူးခတ္ခဲ့ရတာပါ။

ဒါေပမယ့္ တူျဖစ္သူဟာ အသက္(၁၀)ႏွစ္အရြယ္သာဆုိေပမယ့္ သတၱိအျပည့္ရွိသူျဖစ္ၿပီး၊ မိေက်ာင္းႀကီးက ေပါင္ကို ကိုက္ခဲထားခ်ိန္မွာ မိေက်ာင္းႀကီးရဲ႕မ်က္လုံးကို လက္သီးနဲ႔ထုိးခဲ့ပါတယ္။ အဲဒီေနာက္ သြားနဲ႔ခဲထားတာ ေျပေလွ်ာ့သြားတဲ့အတြက္ မိေက်ာင္းႀကီးရဲ႕မ်က္လုံးကိုပဲ အားနည္းခ်က္လုိ႔ ယူဆၿပီး လက္သီးနဲ႔ထုိးျခင္း၊ လက္နဲ႔ႏႈိက္ျခင္းစတဲ့နည္းေတြနဲ႔ တုိက္ခုိက္ခဲ့ပါတယ္။မိေက်ာင္းႀကီးဟာ ေနာက္ဆုံးေတာ့ အစာကို လႊတ္ၿပီး ေၾကာက္လန္႔တၾကား ထြက္ေျပးပါေတာ့တယ္။ ဦးေလးျဖစ္သူ Din က တူကုိ Tawau Hospital ေဆး႐ုံကို ပုိ႔ေပးခဲ့ပါတယ္။ Tawau Wildlife Department officer Sailun Aris ရဲ႕အဆုိအရေတာ့ အဲဒီေဒသမွာ မိေက်ာင္းေတြ ရံဖန္ရံခါမွသာ ေတြ႕ရေလ့ရွိၿပီး၊ ဒီတုိက္ခုိက္မႈကလည္း ပထမဆုံးျဖစ္တယ္လုိ႔ ေျပာခဲ့ပါတယ္။ မိေက်ာင္းကိုေတာ့ မဖမ္းႏုိင္ေသးပါဘူး။

Ref The Sun

UNICODE

မလေးရှားနိုင်ငံက အသက်(၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မိကျောင်းကြီးတစ်ကောင်နဲ့ ရေထဲမှာ လုံးထွေးသတ်ပုတ်ရင်း အသက်လုတိုက်ပွဲ ဆင်နွှဲခဲ့ရတယ်လို့ သိရပါတယ်။း အဆိုပါ ကောင်လေးရဲ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ ဦလေးနဲ့အတူ လှေနဲ့ငါးဖမ်းထွက်ခဲ့တာပါ။ ချောင်းငယ်တစ်ခုအရောက်မှာ မိကျောင်းကြီးက တိုက်ခိုက်ခဲ့တာပါ။မိကျောင်းကြီးဟာ (၁၀)နှစ်အရွယ်ကောင်လေးနဲ့ ဦးလေးဖြစ်သူတို့ စီးလာတဲ့ လှေကြီးကို ခုန်အုပ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးဟာ ရေထဲကို လွင့်စင်ကျသွားခဲ့ပြီး၊ မိကျောင်းကြီးက ခြေထောက်ကို လာကိုက်ခဲ့ပါတယ်။ ယင်းနောက် ရေနက်ရာကို ဆွဲခေါ်သွားခဲ့ပါတယ်။ ကောင်လေးဟာ သေချာပေါက် သေကွင်းထဲ ရောက်ခဲ့ပေမယ့်၊ မိကျောင်းကြီးကို တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဧပြီလ(၂၁)ရက်၊ အင်္ဂါနေ့မှာ Bombalai ရွာအနီးမှာ ဖြစ်ခဲ့တာပါ။ အဲဒီရွာလေးဟာ ကောင်လေးတို့ရဲ့ရွာဖြစ်ပြီး၊ သူ့ဦးလေးအမည်ကတော့ Din ဖြစ်ပါတယ်။ အသက်(၃၄)နှစ်ဖြစ်ပြီး တူဖြစ်သူကတော့ မိကျောင်းစာဖြစ်ပြီလို့ တွေးခဲ့ပါတယ်တဲ့။ သူကိုယ်တိုင်ကလည်း လှေပေါ်ကနေ လွင့်စင်ကျခဲ့ရာက ကမ်းဆီကို အသက်လုပြီး ကူးခတ်ခဲ့ရတာပါ။

ဒါပေမယ့် တူဖြစ်သူဟာ အသက်(၁၀)နှစ်အရွယ်သာဆိုပေမယ့် သတ္တိအပြည့်ရှိသူဖြစ်ပြီး၊ မိကျောင်းကြီးက ပေါင်ကို ကိုက်ခဲထားချိန်မှာ မိကျောင်းကြီးရဲ့မျက်လုံးကို လက်သီးနဲ့ထိုးခဲ့ပါတယ်။ အဲဒီနောက် သွားနဲ့ခဲထားတာ ပြေလျှော့သွားတဲ့အတွက် မိကျောင်းကြီးရဲ့မျက်လုံးကိုပဲ အားနည်းချက်လို့ ယူဆပြီး လက်သီးနဲ့ထိုးခြင်း၊ လက်နဲ့နှိုက်ခြင်းစတဲ့နည်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။မိကျောင်းကြီးဟာ နောက်ဆုံးတော့ အစာကို လွှတ်ပြီး ကြောက်လန့်တကြား ထွက်ပြေးပါတော့တယ်။ ဦးလေးဖြစ်သူ Din က တူကို Tawau Hospital ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ Tawau Wildlife Department officer Sailun Aris ရဲ့အဆိုအရတော့ အဲဒီဒေသမှာ မိကျောင်းတွေ ရံဖန်ရံခါမှသာ တွေ့ရလေ့ရှိပြီး၊ ဒီတိုက်ခိုက်မှုကလည်း ပထမဆုံးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မိကျောင်းကိုတော့ မဖမ်းနိုင်သေးပါဘူး။

Ref The Sun

Leave a Comment