ကုိဗစ္ ကာကြယ္ေဆး ၁၂ လပုိင္း ရမည္ဟု အေမရိကန္ ထိပ္တန္းသိပၸံပညာရွင္ေျပာ

ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးစမ္းသပ္မွုတြင္ ရလဒ္ေကာင္းမ်ားရရွိခဲ့ေၾကာင္း အေမရိကန္နိုင္ငံ မက္ဆာခ်ဴးဆက္ျပည္နယ္၊ ကမ္းဘရစ္အေျခစိုက္ ဇီဝနည္းပညာကုမၸဏီ Moderna Inc က ၿပီးခဲ့သည့္သီတင္းပတ္က ထုတ္ျပန္ခဲ့ပါတယ္။စမ္းသပ္မွုတြင္ မိမိဆႏၵအေလ်ာက္ပါဝင္ခဲ့သည့္ က်န္းမာတဲ့ လူလတ္ပိုင္းအရြယ္ (၈) ဦး၏ ခႏၶာကိုယ္ခုခံအားစနစ္တုံ႔ျပန္မွုမ်ားမွာ ေရာဂါကူးစက္ခံရၿပီး ျပန္လည္က်န္းမာလာသူမ်ားႏွင့္ ဆင္တူၿပီး အားတက္ဖြယ္ေတြ႕ရွိခဲ့ပါတယ္။ စမ္းသပ္မွုႏွင့္ပတ္သက္ၿပီး အေသးစိတ္ရလဒ္မ်ားကုိ အခုခ်ိန္ထိ ထုတ္ျပန္ျခင္းမရွိေသးပါ။

ယခုစမ္းသပ္မွုမွာ ကာကြယ္ေဆးမ်ားထုတ္လုပ္ရာတြင္ လိုအပ္သည့္ အဆင့္ (၃) ဆင့္တြင္ ပထမအဆင့္ျဖစ္ပါတယ္။ ကနဦးစမ္းသပ္မွု ရလဒ္မ်ားအရ ကာကြယ္ေဆးသည္ အႏၲရာယ္ကင္းၿပီး ကိုရိုနာဗိုင္းရပ္စ္ေရာဂါအား ကာကြယ္နိုင္တယ္လုိ႔ သိရပါတယ္။ကူးစက္ေရာဂါကၽြမ္းက်င္သူ ေဒါက္တာ အန္တာနီေဖာက္ခ်ီကလည္း ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္မွု ကနဦးရလဒ္မ်ားနဲ႔ ပတ္သက္ၿပီး ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။ ၂၀၂၀ ႏွစ္ကုန္တြင္ ကာကြယ္ေဆး ရရွိနိုင္ရန္ ျဖစ္နိုင္တယ္လုိ႔ ဆုိပါတယ္။ မေမွ်ာ္မွန္းႏုိင္တဲ့ အခက္အခဲမ်ား မေပၚေပါက္ခဲ့လၽွင္ ယခုႏွစ္ကုန္တြင္ ကိုရိုနာဗိုင္းရပ္ ကာကြယ္ေဆး ရရွိနိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

လက္ရွိတြင္ ကာကြယ္ေဆးထုတ္လုပ္ရန္အတြက္ ေဆးကုမၸဏီအမ်ားအျပားက ႀကိဳးပမ္းလ်က္ရွိၿပီး ေစ်းကြက္ေဝစု ႀကီးႀကီးမားမား ရရွိႏုိင္ရန္ အခ်ိဳ့ကုမၸဏီမ်ားက စမ္းသပ္မွုႏွင့္အၿပိဳင္ ထုတ္လုပ္မွုကိုစတင္ေနၿပီျဖစ္ပါတယ္။ထို့သို့ စမ္းသပ္မွုအဆင့္အားလုံး မၿပီးဆုံးမီ ကာကြယ္ေဆးထုတ္လုပ္ျခင္း၌ အႏၲရာယ္မရွိနိုင္သလိုက်င့္ဝတ္ေဖာက္ဖ်က္ရာလည္း မေရာက္ေၾကာင္း၊ လုံျခဳံစိတ္ခ်ရမွု၊ သိပၸံပညာဆိုင္ရာက်င့္ဝတ္မ်ားႏွင့္အညီ ေဆးထုတ္လုပ္ျခင္းျဖစ္သျဖင့္ လူနာမ်ားအတြက္ အႏၲရာယ္မရွိနိုင္ေၾကာင္း၊ စမ္းသပ္မွု မေအာင္ျမင္ခဲ့ပါက ရင္းႏွီးျမႇပ္ႏွံထားမွုမ်ားသာ ဆုံးရွုံးသြားမယ္လုိ႔ သိရပါတယ္။

ကာကြယ္ေဆးထုတ္လုပ္ေရးအဖြဲ႕မွာ ပါဝင္တဲ့ ေဒါက္တာကားလုိ႔စ္ကလည္း သူ႔အေနနႏွင့္ အနည္းငယ္ သံသယရွိသည့္တိုင္ ေအာင္ျမင္ေအာင္လုပ္နိုင္လိမ့္မည္ဟု ေမၽွာ္လင့္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့သည့္ ႏွစ္ကုန္ပိုင္းက တ႐ုတ္နိုင္ငံတြင္ စတင္ျဖစ္ပြားခဲ့သည့္အခ်ိန္မွစ၍ ယခုအခ်ိန္ထိ ကမၻာတစ္ဝွမ္းတြင္ ကိုရိုနာဗိုင္းရပ္ကူးစက္ခံရသူ (၅) သန္းေက်ာ္ရွိၿပီး၊ ေသဆုံးသူ (၃.၃) သန္းေက်ာ္ရွိၿပီ ျဖစ္ပါတယ္။ကာကြယ္ေဆး လိုအပ္ခ်က္ အားျဖည့္ဆည္းနိုင္ရန္ တကမၻာလံုးမွ အစုိးရ၊ ကုမၸဏီႏွင့္ အဖြဲ႕အစည္းေပါင္းမ်ားစြာက ကိုရိုနာဗိုင္းရပ္ေရာဂါ ကာကြယ္ေဆးရရွိရန္အၿပိဳင္ ႀကိဳးပမ္းေနၾကၿပီး စမ္းသပ္မွုမ်ားစတင္ လုပ္ေဆာင္ေနၾကၿပီ ျဖစ္ပါတယ္။

Credit To Original

UNICODE

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှုတွင် ရလဒ်ကောင်းများရရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်၊ ကမ်းဘရစ်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna Inc က ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။စမ်းသပ်မှုတွင် မိမိဆန္ဒအလျောက်ပါဝင်ခဲ့သည့် ကျန်းမာတဲ့ လူလတ်ပိုင်းအရွယ် (၈) ဦး၏ ခန္ဓာကိုယ်ခုခံအားစနစ်တုံ့ပြန်မှုများမှာ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆင်တူပြီး အားတက်ဖွယ်တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်ရလဒ်များကို အခုချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပါ။

ယခုစမ်းသပ်မှုမှာ ကာကွယ်ဆေးများထုတ်လုပ်ရာတွင် လိုအပ်သည့် အဆင့် (၃) ဆင့်တွင် ပထမအဆင့်ဖြစ်ပါတယ်။ ကနဦးစမ်းသပ်မှု ရလဒ်များအရ ကာကွယ်ဆေးသည် အန္တရာယ်ကင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာ အန်တာနီဖောက်ချီကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှု ကနဦးရလဒ်များနဲ့ ပတ်သက်ပြီး သောကြာနေ့က ပြောကြားခဲ့ပါတယ်။ ၂၀၂၀ နှစ်ကုန်တွင် ကာကွယ်ဆေး ရရှိနိုင်ရန် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မမျှော်မှန်းနိုင်တဲ့ အခက်အခဲများ မပေါ်ပေါက်ခဲ့လျှင် ယခုနှစ်ကုန်တွင် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် ဆေးကုမ္ပဏီအများအပြားက ကြိုးပမ်းလျက်ရှိပြီး ဈေးကွက်ဝေစု ကြီးကြီးမားမား ရရှိနိုင်ရန် အချို့ကုမ္ပဏီများက စမ်းသပ်မှုနှင့်အပြိုင် ထုတ်လုပ်မှုကိုစတင်နေပြီဖြစ်ပါတယ်။ထို့သို့ စမ်းသပ်မှုအဆင့်အားလုံး မပြီးဆုံးမီ ကာကွယ်ဆေးထုတ်လုပ်ခြင်း၌ အန္တရာယ်မရှိနိုင်သလိုကျင့်ဝတ်ဖောက်ဖျက်ရာလည်း မရောက်ကြောင်း၊ လုံခြုံစိတ်ချရမှု၊ သိပ္ပံပညာဆိုင်ရာကျင့်ဝတ်များနှင့်အညီ ဆေးထုတ်လုပ်ခြင်းဖြစ်သဖြင့် လူနာများအတွက် အန္တရာယ်မရှိနိုင်ကြောင်း၊ စမ်းသပ်မှု မအောင်မြင်ခဲ့ပါက ရင်းနှီးမြှပ်နှံထားမှုများသာ ဆုံးရှုံးသွားမယ်လို့ သိရပါတယ်။

ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ဒေါက်တာကားလို့စ်ကလည်း သူ့အနေနနှင့် အနည်းငယ် သံသယရှိသည့်တိုင် အောင်မြင်အောင်လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိ ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ (၅) သန်းကျော်ရှိပြီး၊ သေဆုံးသူ (၃.၃) သန်းကျော်ရှိပြီ ဖြစ်ပါတယ်။ကာကွယ်ဆေး လိုအပ်ချက် အားဖြည့်ဆည်းနိုင်ရန် တကမ္ဘာလုံးမှ အစိုးရ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းများစွာက ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ဆေးရရှိရန်အပြိုင် ကြိုးပမ်းနေကြပြီး စမ်းသပ်မှုများစတင် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

Credit To Original

Leave a Comment