ေဘးအႏၲရာယ္ရွိ၍ အလွကုန္ပစၥည္း ၁၇ မ်ိဳးကို သုံးစြဲရန္မသင့္ေၾကာင္း FDAထုတ္ျပန္

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ျပည္တြင္း၌ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကို စစ္ေဆးခဲ့ရာတြင္ အလွကုန္ပစၥည္း ၁၇ မ်ိဳးသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမ်ားျပည္သူလူထု သုံးစြဲရန္မသင့္ေတာ္ေၾကာင္း ေမ ၂၂ ရက္တြင္ အသိေပးထုတ္ျပန္သည္။

အဆိုပါ ၁၇ မ်ိဳးမွာ ထိုင္းႏိုင္ငံထုတ္ beauty lady Whitening Night Cream ႏွင့္ NANO Kojic Super White Kojic Gluta Papaya Arbutin (30 g)တို႔သည္လည္းေကာင္း၊ ေတာင္ကိုရီးယားႏိုင္ငံထုတ္ Seaul Girl 7 days Acne Clear Gel၊ ပါကစၥတန္ႏိုင္ငံထုတ္ Goree Whitening Cream With lycopene Avocado& Aloevera(20g) ႏွင့္ တ႐ုတ္ႏိုင္ငံထုတ္ Do Do Girl Fashion Brow BPO10 တို႔သည္လည္းေကာင္း ထုတ္လုပ္သည့္ကုမၸဏီ ေဖာ္ျပမထားသည့္ ေ႐ႊလြန္းတင္းတိတ္-စႏိုး(အညိဳ)၊ (အျဖဴ)၊ HUXIA BEAUTY Liquid Matte lip Gloss & lip stick , ROMANTIC MAY Matte lipstick (Red) and (Brown) , KI BEAUTY Colorstay Overtime lipcolor (Brown) , KI BEAUTY Colorstay Overtime lipcolor(red) , Voliko lipstick- 18, Comfor Beauty Pure Matte lipstick No-11, ROMANTIC MAY 24 Hours long lasting lipgloss , Miss Taja 12 Colors lipstick-12 , HOWEYA Lovely lipstick Studio Mini-05 တို႔ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တားျမစ္ဓာတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴ အနီအကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတစ္ဆင့္ ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူ၍ ထုံက်င္ျခင္း၊ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

အေရာင္ဆိုးေဆးမ်ားသည္ အဝတ္အထည္မ်ား အေရာင္ဆိုးရာတြင္ အသုံးျပဳေသာဓာတုပစၥည္းျဖစ္၍ ေရရွည္သုံးစြဲပါက ႏႈတ္ခမ္းကင္ဆာ၊ အစာအိမ္အူလမ္းေၾကာင္းကင္ဆာႏွင့္ေက်ာက္ကပ္ေရာဂါမ်ား ျဖစ္ပြားႏိုင္သည္ဟု သိရသည္။သို႔ျဖစ္၍ အလွကုန္ပစၥည္းတင္သြင္း ျဖန႔္ျဖဴး၊ ေရာင္းခ်သည့္ကုမၸဏီႏွင့္ လက္လီလက္ကားဆိုင္မ်ားသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိေသာ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္ အလွကုန္ပစၥည္းမ်ား တင္သြင္း၊ ျဖန႔္ျဖဴး၊ ေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္အရ လုံး၀မျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ-၃၊ အပိုဒ္(၃) (ဃ)အရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Credit The Standard Time Daily

UNICODE
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာတွင် အလှကုန်ပစ္စည်း ၁၇ မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း မေ ၂၂ ရက်တွင် အသိပေးထုတ်ပြန်သည်။

အဆိုပါ ၁၇ မျိုးမှာ ထိုင်းနိုင်ငံထုတ် beauty lady Whitening Night Cream နှင့် NANO Kojic Super White Kojic Gluta Papaya Arbutin (30 g)တို့သည်လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံထုတ် Seaul Girl 7 days Acne Clear Gel၊ ပါကစ္စတန်နိုင်ငံထုတ် Goree Whitening Cream With lycopene Avocado& Aloevera(20g) နှင့် တရုတ်နိုင်ငံထုတ် Do Do Girl Fashion Brow BPO10 တို့သည်လည်းကောင်း ထုတ်လုပ်သည့်ကုမ္ပဏီ ဖော်ပြမထားသည့် ရွှေလွန်းတင်းတိတ်-စနိုး(အညို)၊ (အဖြူ)၊ HUXIA BEAUTY Liquid Matte lip Gloss & lip stick , ROMANTIC MAY Matte lipstick (Red) and (Brown) , KI BEAUTY Colorstay Overtime lipcolor (Brown) , KI BEAUTY Colorstay Overtime lipcolor(red) , Voliko lipstick- 18, Comfor Beauty Pure Matte lipstick No-11, ROMANTIC MAY 24 Hours long lasting lipgloss , Miss Taja 12 Colors lipstick-12 , HOWEYA Lovely lipstick Studio Mini-05 တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီအကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အရောင်ဆိုးဆေးများသည် အဝတ်အထည်များ အရောင်ဆိုးရာတွင် အသုံးပြုသောဓာတုပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့်ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်သည်ဟု သိရသည်။သို့ဖြစ်၍ အလှကုန်ပစ္စည်းတင်သွင်း ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ-၃၊ အပိုဒ်(၃) (ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Credit The Standard Time Daily

Leave a Comment