ကမ္ဘာကြီးနေကောင်းပါစေ ဆိုတဲ့သီချင်းလေးကို အတူတူဖန်တီးနေကြတဲ့ ချယ်ရီသင်းနဲ့ဘုန်းသိုက်




Source : Cherry Thin
Credit Cele Gabar

UNICODE 

ပရိသတ်ကြီးရေ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်တဲ့ Covid-19 ကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေရချိန်မှာ အနုပညာရှင်အချို့က သူတို့တတ်စွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေအတွက် အားတက်စေမယ့် သီချင်းလေးတွေ ဖန်တီးတင်ဆက်ပေးနေကြပါတယ် ။ သီချင်းအားလုံးကတော့ ကမ္ဘာကြီးနေပြန်ကောင်းလာပြီး ပုံမှန်အတိုင်း အားလုံးပျော်ပျော်ရွှင်ရွှင်နေနိုင်ကြဖို့ရည်ရွယ်တာပါ ။

လတ်တလောမှာတော့ မကြာသေးမီကမှ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင် ဘုန်းသိုက်နဲ့ တေးသံရှင် ချယ်ရီသင်းတို့က Covid 19 ကပ်ရောဂါဆိုးကြီးကမ္ဘာမြေပေါ်ကအမြန်ဆုံးပျောက်ကင်းသွားစေဖို့ `ကမ္ဘာကြီးနေကောင်းပါစေ´ လို့အမည်ရတဲ့စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်သီချင်းတစ်ပုဒ်ကို အတူတူဖန်တီးနေကြတယ်လို့သိရပါတယ် ။ သရုပ်ဆောင် ဘုန်းလျှံအဆိုတော် ချယ်ရီသင်း၊စစ်ဟိန်း၊မိဖူး ၊Tommy Kyaw တို့စုပေါင်းပြီး ဖန်တီးမယ့် ဒီသီချင်းသစ်လေးကို ပရိသတ်သတ်တွေလည်း စိတ်ဝင်စားနေကြမယ်ထင်ပါတယ် ။

သီချင်းအသစ်တွေ ဆက်တိုက်ဆိုသလို ထွက်ရှိလာတဲ့ ချယ်ရီသင်းနဲ့ ပထမဆုံး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်တော့မယ့် ဘုန်းသိုက်တို့ရဲ့ သီချင်းသစ်လေးကို ပရိသတ်တွေအားလုံးကလည်း နားထောင်ချင်နေကြပြီထင်ပါတယ် ။ပရိသတ်ကြီးအတွက်လည်း ဘုန်းသိုက်နဲ့ချယ်ရီသင်းတို့ရဲ့ သီချင်းသစ်ဖန်တီးနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါမယ်နော် ။

Source : Cherry Thin
Credit Cele Gabar

Leave a Comment