အရင္လို ပိုက္ဆံ(၅၀၀၀၀) ပဲရွာႏိုင္ခဲ့တဲ့ဘဝေလးက ပိုေအးခ်မ္းပါတယ္လို့ရင္ဖြင့္လာတဲ့ ႏွင္းအိအိဝင္း

ျမန္မာအိုင္ေဒါ Season-4 ရဲ႕ဆန္ခါတင္ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္သူ ႏွင္းအိအိဝင္းကေတာ့ ျမန္မာအိုင္ေဒါအဆိုေတာ္တစ္ေယာက္မဟုတ္ခင္ အရင္က တီးဝိုင္းငယ္ေလးေတြမွာ သီခ်င္းဆိုခဲ့တဲ့အတိတ္ကာလကို ျပန္လည္မွ်ေဝခဲ့ပါတယ္။ သူကေတာ့ ငယ္ငယ္ကတည္းက ဂီတကို႐ူးသြပ္ခဲ့သူတစ္ေယာက္ျဖစ္တာမို႔ ၿမိဳ႕တြင္းက်င္းပတဲ့ၿပိဳင္ပြဲငယ္ေလးေတြမွာ ဝင္ၿပိဳင္ရင္း ဂီတလမ္းေၾကာင္းေပၚေရာက္ခဲ့သူပါ။

ကိုးတန္း၊ဆယ္တန္းႏွစ္ေလာက္မွာ ဆရာတစ္ေယာက္နဲ႔ေတြ႕ခဲ့ၿပီး သူတို႔တီးဝိုင္းနဲ႔အတူ ေလး၊ငါးႏွစ္ေလာက္ အနယ္နယ္အရပ္ရပ္ ပြဲေတြလွည့္ဆိုခဲ့ပါတယ္တဲ့။ သူကေတာ့ အဲ့တုန္းကတည္းက တစ္ပြဲကို ငါးေသာင္းရခဲ့ၿပီး မိဘကိုလည္း ငယ္ငယ္ေလးကတည္းက ရွာေကြၽးႏိုင္ခဲ့တဲ့အျပင္ ေက်ာင္းစရိတ္၊က်ဴရွင္စရိတ္ေတြပါ ကိုယ့္ဟာကိုယ္ရွာႏိုင္ခဲ့သူပါ။ အေဖနဲ႔အေမကေတာ့ သူ႔သမီးေလးကို ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ ျဖစ္ေစခ်င္တာမို႔ Myanmar Idol Season-3 မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး Golden Week Round 1 မွာပဲျပဳတ္ခဲ့ပါတယ္တဲ့။ Season-4 မွာ ထပ္ၿပီး ဝင္ၿပိဳင္ခဲ့ရာမွ အခုလို ဆန္ခါတင္စာရင္းဝင္ တစ္ေယာက္ျဖစ္လာခဲ့သူပါ ပရိသတ္ႀကီးေရ…

ႏွင္းအိအိဝင္းကေတာ့ အခုလိုျမန္မာအိုင္ေဒါအဆိုေတာ္တစ္ေယာက္ ျဖစ္လာၿပီးေနာက္ပိုင္းမွာ အရင္တုန္းက ပြဲဆိုရတာပင္ပန္းလြန္းလို႔ မသြားခ်င္ဘူး ေျပာခဲ့တာေတြ၊ မိဘကို (၅၀၀၀၀) ရွာေပးႏိုင္တာကို အဟုတ္ႀကီးထင္ခဲ့တာေတြက ဘာမွမဟုတ္ပါလားလို႔ ေတြးမိပါတယ္တဲ့။ ဒါေပမယ့္ အခုလို ရန္ကုန္မွာတစ္ေယာက္ထဲေနၿပီး သိန္းဆယ္ခ်ီရွာႏိုင္တဲ့ဘဝထက္ အရင္လို (၅၀၀၀၀) ပဲရွာႏိုင္ၿပီး အေမနဲ႔အတူတူေနရတဲ့ဘဝေလးက ပိုေအးခ်မ္းပါတယ္ဆိုတဲ့အေၾကာင္း ရင္ထဲကခံစားခ်က္ေတြကို ဖြင့္ဟခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ ။

source – Hnin Ei Ei Win
Credit – Cele Gabar

UNICODE

မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သူ နှင်းအိအိဝင်းကတော့ မြန်မာအိုင်ဒေါအဆိုတော်တစ်ယောက်မဟုတ်ခင် အရင်က တီးဝိုင်းငယ်လေးတွေမှာ သီချင်းဆိုခဲ့တဲ့အတိတ်ကာလကို ပြန်လည်မျှဝေခဲ့ပါတယ်။ သူကတော့ ငယ်ငယ်ကတည်းက ဂီတကိုရူးသွပ်ခဲ့သူတစ်ယောက်ဖြစ်တာမို့ မြို့တွင်းကျင်းပတဲ့ပြိုင်ပွဲငယ်လေးတွေမှာ ဝင်ပြိုင်ရင်း ဂီတလမ်းကြောင်းပေါ်ရောက်ခဲ့သူပါ။

ကိုးတန်း၊ဆယ်တန်းနှစ်လောက်မှာ ဆရာတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူတို့တီးဝိုင်းနဲ့အတူ လေး၊ငါးနှစ်လောက် အနယ်နယ်အရပ်ရပ် ပွဲတွေလှည့်ဆိုခဲ့ပါတယ်တဲ့။ သူကတော့ အဲ့တုန်းကတည်းက တစ်ပွဲကို ငါးသောင်းရခဲ့ပြီး မိဘကိုလည်း ငယ်ငယ်လေးကတည်းက ရှာကျွေးနိုင်ခဲ့တဲ့အပြင် ကျောင်းစရိတ်၊ကျူရှင်စရိတ်တွေပါ ကိုယ့်ဟာကိုယ်ရှာနိုင်ခဲ့သူပါ။ အဖေနဲ့အမေကတော့ သူ့သမီးလေးကို နိုင်ငံကျော်အဆိုတော်တစ်ယောက် ဖြစ်စေချင်တာမို့ Myanmar Idol Season-3 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Golden Week Round 1 မှာပဲပြုတ်ခဲ့ပါတယ်တဲ့။ Season-4 မှာ ထပ်ပြီး ဝင်ပြိုင်ခဲ့ရာမှ အခုလို ဆန်ခါတင်စာရင်းဝင် တစ်ယောက်ဖြစ်လာခဲ့သူပါ ပရိသတ်ကြီးရေ…

နှင်းအိအိဝင်းကတော့ အခုလိုမြန်မာအိုင်ဒေါအဆိုတော်တစ်ယောက် ဖြစ်လာပြီးနောက်ပိုင်းမှာ အရင်တုန်းက ပွဲဆိုရတာပင်ပန်းလွန်းလို့ မသွားချင်ဘူး ပြောခဲ့တာတွေ၊ မိဘကို (၅၀၀၀၀) ရှာပေးနိုင်တာကို အဟုတ်ကြီးထင်ခဲ့တာတွေက ဘာမှမဟုတ်ပါလားလို့ တွေးမိပါတယ်တဲ့။ ဒါပေမယ့် အခုလို ရန်ကုန်မှာတစ်ယောက်ထဲနေပြီး သိန်းဆယ်ချီရှာနိုင်တဲ့ဘဝထက် အရင်လို (၅၀၀၀၀) ပဲရှာနိုင်ပြီး အမေနဲ့အတူတူနေရတဲ့ဘဝလေးက ပိုအေးချမ်းပါတယ်ဆိုတဲ့အကြောင်း ရင်ထဲကခံစားချက်တွေကို ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ။

source – Hnin Ei Ei Win
Credit – Cele Gabar

Leave a Comment