အေဖာ္အခြၽတ္ဝတ္ဆင္ၿပီး ေဖ့စ္ဘုတ္ေပၚ အလွကုန္ပစၥည္းမ်ားေရာင္းသည့္ အမ်ိဳးသမီး ေထာင္ခ်ခံရ

ကေမာၻဒီးယားအမ်ိဳးသမီးတစ္ေယာက္ကို ေသာၾကာေန႔ကပဲ ေထာင္ေျခာက္လ ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။ အေၾကာင္းကေတာ့ အဝတ္အစားေတြနဲ႔ အလွကုန္ပစၥည္းေတြကို ေၾကာ္ျငာေရာင္းခ်တဲ့ သူမရဲ႕ ေဖ့စ္ဘုတ္ လိုက္ဖ္ဗီဒီယိုထဲမွာ ညစ္ညမ္းပုံသေဘာသက္ေရာက္တဲ့ တိုလြန္းေဖာ္လြန္းတဲ့ အဝတ္အစားကို ဝတ္ဆင္ထားလို႔ပဲ ျဖစ္တယ္လို႔ အမ်ိဳးသမီးအခြင့္အေရးအုပ္စုေတြက ေျပာၾကားပါတယ္။ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က မိန႔္ခြန္းတစ္ခုမွာ တခ်ိဳ႕အြန္လိုင္းေဈးသည္ေတြဟာ အတိုအျပတ္ေတြ ဝတ္ဆင္ျခင္းအားျဖင့္္ လိင္ပိုင္းမႈခင္းေတြကိုလည္း အားေပးရာေရာက္သလို၊ ကေမာၻဒီးယားယဥ္ေက်းမႈကိုလည္း အသေရဖ်က္ေနတယ္လို႔ ေျပာၾကားလိုက္ၿပီး ႏွစ္ရက္အၾကာမွာ ဗင္ ရပ္ခ်နာ (၃၉ႏွစ္)ကို ဖမ္းဆီးခဲ့တာပဲ ျဖစ္ပါတယ္။အဖမ္းခံရၿပီးကတည္းက ေထာင္ထဲမွာေနခဲ့ရတဲ့ ရပ္ခ်နာဟာ ျပစ္ဒဏ္ရဲ႕ က်န္ရွိတဲ့ကာလကို ဆိုင္းငံ့ထားလိုက္တဲ့အတြက္ ေနာက္လမွာ လြတ္လြတ္လပ္လပ္ သြားလာႏိုင္ေတာ့မွာျဖစ္တယ္လို႔ ေဒသတြင္းမီဒီယာက ေဖာ္ျပခဲ့ပါတယ္။

႐ုံးေတာ္အာဏာပိုင္ေတြကိုလည္း ဆက္သြယ္လို႔မရသလို၊ အမ်ိဳးသမီးအခြင့္အေရးအုပ္စုေတြဟာလည္း သူမ ျပန္လြတ္မယ့္ရက္ကို အတိအက်မသိၾကဘူးလို႔ ဆိုပါတယ္။ “သူမ ေထာင္ထဲမွာ ဘယ္ေလာက္ၾကာၾကာေနခဲ့ရသလဲဆိုတာက အေရးမႀကီးပါဘူး။ တရားစြဲရျခင္းရဲ႕ ေနာက္ကြယ္က ေပၚလစီေတြကသာ အေရးႀကီးပါတယ္”လို႔ Gender for Development ပရဟိတအဖြဲ႕ရဲ႕ အႀကီးအကဲ ေရာ့စ္ ေဆာ့ဟိကေျပာၾကားပါတယ္။“ညစ္ညမ္းပုံဆိုတာကို ဘာေပတံနဲ႔ တိုင္းတာသတ္မွတ္တာပါလဲ”

အဝတ္အစားေတြနဲ႔ အလွကုန္ေတြကို ေဖ့စ္ဘုတ္လိုက္ဖ္ကတစ္ဆင့္ ေရာင္းခ်ၾကတာ ကေမာၻဒီးယားမွာ ေခတ္စားေနေပမယ့္လည္း ခ်ာဘတ္ ဆေရး (Chbab Srey)လို႔ေခၚတဲ့ အမ်ိဳးသမီးေတြကို ဖိႏွိပ္ထားတဲ့ ထုံးစံေတြအရ လူေတာ္ေတာ္မ်ားမ်ားကေတာ့ အမ်ိဳးသမီးေတြကို ဗိုင္းေကာင္းေက်ာက္ဖိ ေနေစခ်င္ၾကတုန္းပဲ ျဖစ္ပါတယ္။ ရပ္ခ်နာကို မဖမ္းဆီးခင္က မိန႔္ခြန္းထဲမွာ ဝန္ႀကီးခ်ဳပ္က လိင္စိတ္ႏႈိးဆြၿပီး ပစၥည္းေတြေရာင္းေနတယ္လို႔ သူျမင္တဲ့ အမ်ိဳးသမီးကို ေျခရာခံၿပီး ပညာေပးဖို႔ အာဏာပိုင္ေတြကို တိုက္တြန္းခဲ့တာပဲ ျဖစ္ပါတယ္။

“မင္းရဲ႕ ကုန္ပစၥည္းေတြကိုပဲ ေရာင္းပါ။ ရင္သားေတြကို မေရာင္းပါနဲ႔”လို႔ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။ ရပ္ခ်နာအဖမ္းခံလိုက္ရတဲ့အခ်ိန္မွာပဲ ညစ္ညမ္းပုံနဲ႔ မဖြယ္မရာေဖာ္ျပမႈစြဲခ်က္ေတြဟာ တကယ္ေတာ့ အမ်ိဳးသမီးအခြင့္အေရးေတြကို ခ်ိဳးေဖာက္တာပဲျဖစ္တယ္လို႔ ႏိုင္ငံတကာလြတ္ၿငိမ္းခြင့္အဖြဲ႕ႀကီးက ေျပာၾကားခဲ့ပါတယ္“ဒါက တကယ္ေတာ့ အမ်ိဳးသမီးအခြင့္အေရးေတြနဲ႔ လြတ္လပ္စြာ ေဖာ္ျပခြင့္ကို ဖိႏွိပ္လိုက္တဲ့ မမွ်တတဲ့ စီရင္ခ်က္ပါပဲ”လို႔ ႏိုင္ငံတကာလြတ္ၿငိမ္းခြင့္အဖြဲ႕ႀကီးရဲ႕ ေျပာခြင့္ရပုဂၢိဳလ္က Thomson Reuters Foundation ကို ေျပာၾကားခဲ့ပါတယ္။

Credit XYZ News
Source : Bangkok Post

UNICODE

ကမ္ဘောဒီးယားအမျိုးသမီးတစ်ယောက်ကို သောကြာနေ့ကပဲ ထောင်ခြောက်လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အကြောင်းကတော့ အဝတ်အစားတွေနဲ့ အလှကုန်ပစ္စည်းတွေကို ကြော်ငြာရောင်းချတဲ့ သူမရဲ့ ဖေ့စ်ဘုတ် လိုက်ဖ်ဗီဒီယိုထဲမှာ ညစ်ညမ်းပုံသဘောသက်ရောက်တဲ့ တိုလွန်းဖော်လွန်းတဲ့ အဝတ်အစားကို ဝတ်ဆင်ထားလို့ပဲ ဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေးအုပ်စုတွေက ပြောကြားပါတယ်။ဝန်ကြီးချုပ် ဟွန်ဆန်က မိန့်ခွန်းတစ်ခုမှာ တချို့အွန်လိုင်းဈေးသည်တွေဟာ အတိုအပြတ်တွေ ဝတ်ဆင်ခြင်းအားဖြင့် လိင်ပိုင်းမှုခင်းတွေကိုလည်း အားပေးရာရောက်သလို၊ ကမ္ဘောဒီးယားယဉ်ကျေးမှုကိုလည်း အသရေဖျက်နေတယ်လို့ ပြောကြားလိုက်ပြီး နှစ်ရက်အကြာမှာ ဗင် ရပ်ချနာ (၃၉နှစ်)ကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။အဖမ်းခံရပြီးကတည်းက ထောင်ထဲမှာနေခဲ့ရတဲ့ ရပ်ချနာဟာ ပြစ်ဒဏ်ရဲ့ ကျန်ရှိတဲ့ကာလကို ဆိုင်းငံ့ထားလိုက်တဲ့အတွက် နောက်လမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တော့မှာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။

ရုံးတော်အာဏာပိုင်တွေကိုလည်း ဆက်သွယ်လို့မရသလို၊ အမျိုးသမီးအခွင့်အရေးအုပ်စုတွေဟာလည်း သူမ ပြန်လွတ်မယ့်ရက်ကို အတိအကျမသိကြဘူးလို့ ဆိုပါတယ်။ “သူမ ထောင်ထဲမှာ ဘယ်လောက်ကြာကြာနေခဲ့ရသလဲဆိုတာက အရေးမကြီးပါဘူး။ တရားစွဲရခြင်းရဲ့ နောက်ကွယ်က ပေါ်လစီတွေကသာ အရေးကြီးပါတယ်”လို့ Gender for Development ပရဟိတအဖွဲ့ရဲ့ အကြီးအကဲ ရော့စ် ဆော့ဟိကပြောကြားပါတယ်။“ညစ်ညမ်းပုံဆိုတာကို ဘာပေတံနဲ့ တိုင်းတာသတ်မှတ်တာပါလဲ”

အဝတ်အစားတွေနဲ့ အလှကုန်တွေကို ဖေ့စ်ဘုတ်လိုက်ဖ်ကတစ်ဆင့် ရောင်းချကြတာ ကမ္ဘောဒီးယားမှာ ခေတ်စားနေပေမယ့်လည်း ချာဘတ် ဆရေး (Chbab Srey)လို့ခေါ်တဲ့ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ ထုံးစံတွေအရ လူတော်တော်များများကတော့ အမျိုးသမီးတွေကို ဗိုင်းကောင်းကျောက်ဖိ နေစေချင်ကြတုန်းပဲ ဖြစ်ပါတယ်။ ရပ်ချနာကို မဖမ်းဆီးခင်က မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်က လိင်စိတ်နှိုးဆွပြီး ပစ္စည်းတွေရောင်းနေတယ်လို့ သူမြင်တဲ့ အမျိုးသမီးကို ခြေရာခံပြီး ပညာပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။

“မင်းရဲ့ ကုန်ပစ္စည်းတွေကိုပဲ ရောင်းပါ။ ရင်သားတွေကို မရောင်းပါနဲ့”လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ရပ်ချနာအဖမ်းခံလိုက်ရတဲ့အချိန်မှာပဲ ညစ်ညမ်းပုံနဲ့ မဖွယ်မရာဖော်ပြမှုစွဲချက်တွေဟာ တကယ်တော့ အမျိုးသမီးအခွင့်အရေးတွေကို ချိုးဖောက်တာပဲဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းခွင့်အဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်“ဒါက တကယ်တော့ အမျိုးသမီးအခွင့်အရေးတွေနဲ့ လွတ်လပ်စွာ ဖော်ပြခွင့်ကို ဖိနှိပ်လိုက်တဲ့ မမျှတတဲ့ စီရင်ချက်ပါပဲ”လို့ နိုင်ငံတကာလွတ်ငြိမ်းခွင့်အဖွဲ့ကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က Thomson Reuters Foundation ကို ပြောကြားခဲ့ပါတယ်။

Credit XYZ News
Source : Bangkok Post

Leave a Comment