လှိုင်သာယာမှာရှိတဲ့ အဘိုးအဘွားအိမ်ခြေ(၂၀၀)ရာစာအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းသွားမည့် ခိုင်နှင်းဝေ




Credit Themoon
Source:Khine Hnin Wai

UNICODE

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့သူမချစ်တဲ့အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မိဘမဲ့ကလေးတွေကို မိခင်နဲ့မခြားကာကွယ်စောင့်ရှောက်နေပြီးတော့ အမှန်တကယ်လိုအပ်မူရှိတဲ့နေရာတွေအတွက်လည်း ထောက့်ပံကူညီမူတွေကိုပြုလုပ်လေ့ရှိပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း သူတတ်နိုင်တဲ့ဘက်ကနေ မကြာခဏဆိုသလိုလှူဒါန်းပေးလေ့ရှိပါတယ်။ လက်ရှိမှာလည်း လှိုင်သာယာမှာရှိတဲ့ အဘိုးအဘွား အိမ်ခြေ၂၀၀ရာစာအတွက် မေလ၂၇ရက်နေ့မှာ သွားရောက်လှူဒါန်းမည့်အကြောင်း သူမရဲ့လူမူကွန်မှာဖော်ပြထားပါတယ်။ အဆိုပါအလှူလေးကိုတော့ သူမလှူဒါန်းထားတဲ့ ခိုင်စာကြည့်တိုက်လေးမှာနေပြီးလှူဒါန်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ယခုလိုအချိန်မျိုးမှာလှူဒါန်းချင်ပေမဲ့ အပြင်ထွက်ဖို့အခက်အခဲကြောင့် မလှူဒါန်းဖြစ်တဲ့ မိတ်ဆွေအလှူရှင်များအနေနဲ့လည်း အဆိုပါအလှူလေးမှာသူမနဲ့အတူပူးပေါင်းပြီး ပါဝင်လှူဒါန်းလိုပါကလည်း လှူဒါန်းနိုင်ကြောင်းကိုလည်း နိဗ္ဗာန်ဆော်ထားပါသေးတယ် ပရိသတ်ကြီးရေ….။

Credit Themoon
Source:Khine Hnin Wai

Leave a Comment