ပါကစၥတန္ေလယာဥ္ပ်က္က်မႈအတြင္း အသက္ရွင္က်န္ခဲ့သူတစ္ဦးရဲ႕ အေတြ႕အႀကဳံ

ေလယာဥ္ပ်က္က်မႈအတြင္း လိုက္ပါလာသူ လူ ၉၉ ဦးအနက္ ႏွစ္ဦးသာ အသက္ရွင္က်န္ခဲ့ပါတယ္။ပါကစၥတန္ႏိုင္ငံမွာ ေမ ၂၂ ရက္ေန႔ မြန္းလြဲပိုင္းက လာဟိုးၿမိဳ႕မွ ကရာခ်ိၿမိဳ႕သို႔ ပ်ံသန္းလာတဲ့ Airbus A320 ခရီးသည္တင္ေလယာဥ္တစ္စီး ကရာခ်ိေလဆိပ္အနီး လူေနထူထပ္ရာေနရာရွိ ေနအိမ္မ်ားေပၚကို ပ်က္က်ခဲ့ပါတယ္။ပဲခရီးသည္ ၉၁ ဦးနဲ႔ ေလယာဥ္အမႈထမ္း ၈ ဦး လိုက္ပါခဲ့တဲ့ ပါကစၥတန္အျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း (Pakistan International Airlines – PIA) မွ PK-8303 ေလယာဥ္ ပ်က္က်ခဲ့တာျဖစ္ပါတယ္။ PK-8303 ေလယာဥ္ဟာ ကရာခ်ိၿမိဳ႕ရွိ Jinnah အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဆင္းသက္ရန္ျပင္ဆင္ေနခဲ့စဥ္ စက္ခ်ိဳ႕ယြင္းမႈျဖစ္ေပၚေၾကာင္း ေလယာဥ္မႉးက သတင္းပို႔ခဲ့တယ္လို႔ ဆိုပါတယ္။

ထို႔ေနာက္ အကူအညီေတာင္းခံတဲ့ ေရဒီယိုဆက္သြယ္မႈ ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမီဒီယာ ေဖာ္ျပခဲ့ပါတယ္။ ပါကစၥတန္မွာ COVID-19 ကပ္ေရာဂါ ကူးစက္ျဖစ္ပြားမႈေၾကာင့္ lockdown လုပ္ထားခဲ့ရာမွ စီးပြားျဖစ္ေလေၾကာင္းခရီးစဥ္ပ်ံသန္းမႈမ်ား ျပန္လည္ခြင့္ျပဳခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခု ေလယာဥ္ပ်က္က်မႈ ျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။ေလယာဥ္ပ်က္က်မႈအတြင္ ခရီးသည္ႏွစ္ဦးသာ အလြန္ကံေကာင္းစြာျဖင့္ အသက္ရွင္က်န္ခဲ့ၿပီး အျခား လိုက္ပါလာသူ ၉၇ ဦး ေသဆုံးခဲ့ပါတယ္။ အဆိုပါ ေလယာဥ္ေပၚမွာ လိုက္ပါလာသူအနက္ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ရမ္ဇန္ (ဥပုသ္) လအၿပီး ေမ ၂၄ ရက္ အီးဒ္ေန႔မတိုင္မီ ခရီးထြက္လာၾကတဲ့ မိသားစုအမ်ားအျပားလည္း ပါဝင္ခဲ့ၾကပါတယ္။

အသက္ရွင္က်န္ရစ္တဲ့ ခရီးသည္ႏွစ္ဦးမွ တစ္ဦးျဖစ္သူ မိုဟမ္မက္ဇူဘီယာ (Muhammad Zubair) က ထိတ္လန႔္ေၾကာက္႐ြံ႕ဖြယ္ ေလယာဥ္ပ်က္က်မႈ အေတြ႕အႀကဳံကို ျပန္လည္ဖြင့္ဟ ေျပာခဲ့ပါတယ္။ ဇူဘီယာက ေလယာဥ္ပ်က္က်ၿပီး ၎ ျမင္ႏိုင္ခဲ့ရသမွ်ဟာ မီးေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ဇူဘီယာဟာ ေလယာဥ္ပ်က္က်မႈအတြင္း မျပင္းထန္တဲ့ အေသးစား ဒဏ္ရာမ်ားသာ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ကေလး လူႀကီး ေအာ္ဟစ္ငိုယိုသံေတြ ၾကားရတယ္၊ ေအာ္ဟစ္ငိုသံေတြက ေနရာတိုင္းပဲ

ေလယာဥ္ဟာ ဆင္းသက္ရန္ႀကိဳးပမ္းခဲ့ၿပီးေနာက္ ၁၀ မိနစ္-၁၅ မိနစ္အၾကာမွာ ပ်က္က်ခဲ့တယ္လို႔ ဇူဘီယာက ေျပာပါတယ္။ “ေလယာဥ္ ပ်က္က်ရတဲ့အေၾကာင္းရင္းကို ဘယ္သူမွ မသိေသးပါဘူး၊ ေလယာဥ္က ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ပ်ံသန္းလာခဲ့တာပါ၊ ေနာက္ ေလယာဥ္ပ်က္က်ၿပီးေတာ့ ကြၽန္ေတာ္ သတိျပန္ရလာခ်ိန္မွာ ျမင္ရတဲ့ေနရာတိုင္း မီးေတြခ်ည္းပဲ၊ ဘယ္သူ႔ကိုမွလည္း မျမင္ခဲ့ရဘူး” လို႔ ဇူဘီယာက ၎ရဲ႕အျဖစ္ကို ဖြင့္ဟခဲ့ပါတယ္။”ကေလး လူႀကီး ေအာ္ဟစ္ငိုယိုသံေတြ ၾကားရတယ္၊ ေအာ္ဟစ္ငိုသံေတြက ေနရာတိုင္းပဲ၊ ၿပီးေတာ့ လူတိုင္းက အသက္ရွင္လြတ္ေျမာက္ဖို႔ ႀကိဳးစားေနခဲ့ၾကတယ္၊ ကြၽန္ေတာ္လည္း ထိုင္ခုံခါးပတ္ျဖဳတ္ၿပီး အလင္းေရာင္နည္းနည္းျမင္ရတဲ့ဘက္ကို လမ္းေလွ်ာက္သြားဖို႔ ႀကိဳးစားခဲ့ရတယ္၊ ေဘးကင္းရာေရာက္ဖို႔ ၁၀ ေပအကြာေလာက္ကို သြားခဲ့တယ္” လို႔ ဇူဘီယာက ေၾကာက္လန႔္တုန္လႈပ္စရာ ၎ရဲ႕ အေတြ႕အႀကဳံကို ေျပာခဲ့ပါတယ္။

၎ဟာ မီးေလာင္ဒဏ္ရာ အပါအဝင္ မျပင္းထန္တဲ့ ဒဏ္ရာမ်ားခဲ့ၿပီး က်န္းမာေရးအေျခအေန တည္ၿငိမ္မႈရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူက ဆိုပါတယ္။ ေလယာဥ္ပ်က္က်မႈအတြင္း အသက္ရွင္က်န္သူ ေနာက္တစ္ဦးမွာ Bank of Punjab ဥကၠဌ ဇာဖာမာဆြတ္ (Zafar Masud) ျဖစ္ေၾကာင္း PIA ေလေၾကာင္းလိုင္းက ထုတ္ျပန္ပါတယ္။ PK-8303 ခရီးသည္တင္ေလယာဥ္ ပ်က္က်ရတဲ့ အေၾကာင္းရင္းကို ယေန႔ (ေမ ၂၄ ရက္) အေစာပိုင္းအထိ အတိအက် မသိရေသးပါဘူး။ေလယာဥ္ပ်ံသန္းမႈ အခ်က္အလက္နဲ႔ ေလယာဥ္မႉးအခန္းတြင္း အသံဖမ္းစက္ပါဝင္တဲ့ မွတ္တမ္းတင္ကိရိယာ (Black Box) ကို ရွာေဖြေတြ႕ရွိၿပီျဖစ္ေၾကာင္း ေလေၾကာင္းလိုင္း ေျပာခြင့္ရအမ်ိဳးသားက ေမ ၂၃ ရက္ေန႔မွာ ေျပာခဲ့ပါတယ္။ “Black Box ကို ေမ ၂၂ ရက္ ညပိုင္းေလာက္မွာ ျပန္ရွာေတြ႕ခဲ့ပါတယ္၊ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို လႊဲေျပာင္းေပးသြားမွာပါ” လို႔ PIA ေျပာခြင့္ရအမ်ိဳးသား အဗၺဒူလာခန္းက ဆိုပါတယ္။

Credit Duwun

UNICODE

လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါလာသူ လူ ၉၉ ဦးအနက် နှစ်ဦးသာ အသက်ရှင်ကျန်ခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံမှာ မေ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက လာဟိုးမြို့မှ ကရာချိမြို့သို့ ပျံသန်းလာတဲ့ Airbus A320 ခရီးသည်တင်လေယာဉ်တစ်စီး ကရာချိလေဆိပ်အနီး လူနေထူထပ်ရာနေရာရှိ နေအိမ်များပေါ်ကို ပျက်ကျခဲ့ပါတယ်။ပဲခရီးသည် ၉၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါခဲ့တဲ့ ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Pakistan International Airlines – PIA) မှ PK-8303 လေယာဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ PK-8303 လေယာဉ်ဟာ ကရာချိမြို့ရှိ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ရန်ပြင်ဆင်နေခဲ့စဉ် စက်ချို့ယွင်းမှုဖြစ်ပေါ်ကြောင်း လေယာဉ်မှူးက သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် အကူအညီတောင်းခံတဲ့ ရေဒီယိုဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံမီဒီယာ ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်မှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် lockdown လုပ်ထားခဲ့ရာမှ စီးပွားဖြစ်လေကြောင်းခရီးစဉ်ပျံသန်းမှုများ ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခု လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။လေယာဉ်ပျက်ကျမှုအတွင် ခရီးသည်နှစ်ဦးသာ အလွန်ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ခဲ့ပြီး အခြား လိုက်ပါလာသူ ၉၇ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ လေယာဉ်ပေါ်မှာ လိုက်ပါလာသူအနက် အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇန် (ဥပုသ်) လအပြီး မေ ၂၄ ရက် အီးဒ်နေ့မတိုင်မီ ခရီးထွက်လာကြတဲ့ မိသားစုအများအပြားလည်း ပါဝင်ခဲ့ကြပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ ခရီးသည်နှစ်ဦးမှ တစ်ဦးဖြစ်သူ မိုဟမ်မက်ဇူဘီယာ (Muhammad Zubair) က ထိတ်လန့်ကြောက်ရွံ့ဖွယ် လေယာဉ်ပျက်ကျမှု အတွေ့အကြုံကို ပြန်လည်ဖွင့်ဟ ပြောခဲ့ပါတယ်။ ဇူဘီယာက လေယာဉ်ပျက်ကျပြီး ၎င်း မြင်နိုင်ခဲ့ရသမျှဟာ မီးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဇူဘီယာဟာ လေယာဉ်ပျက်ကျမှုအတွင်း မပြင်းထန်တဲ့ အသေးစား ဒဏ်ရာများသာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ကလေး လူကြီး အော်ဟစ်ငိုယိုသံတွေ ကြားရတယ်၊ အော်ဟစ်ငိုသံတွေက နေရာတိုင်းပဲ

လေယာဉ်ဟာ ဆင်းသက်ရန်ကြိုးပမ်းခဲ့ပြီးနောက် ၁၀ မိနစ်-၁၅ မိနစ်အကြာမှာ ပျက်ကျခဲ့တယ်လို့ ဇူဘီယာက ပြောပါတယ်။ “လေယာဉ် ပျက်ကျရတဲ့အကြောင်းရင်းကို ဘယ်သူမှ မသိသေးပါဘူး၊ လေယာဉ်က ချောချောမွေ့မွေ့ပဲ ပျံသန်းလာခဲ့တာပါ၊ နောက် လေယာဉ်ပျက်ကျပြီးတော့ ကျွန်တော် သတိပြန်ရလာချိန်မှာ မြင်ရတဲ့နေရာတိုင်း မီးတွေချည်းပဲ၊ ဘယ်သူ့ကိုမှလည်း မမြင်ခဲ့ရဘူး” လို့ ဇူဘီယာက ၎င်းရဲ့အဖြစ်ကို ဖွင့်ဟခဲ့ပါတယ်။”ကလေး လူကြီး အော်ဟစ်ငိုယိုသံတွေ ကြားရတယ်၊ အော်ဟစ်ငိုသံတွေက နေရာတိုင်းပဲ၊ ပြီးတော့ လူတိုင်းက အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားနေခဲ့ကြတယ်၊ ကျွန်တော်လည်း ထိုင်ခုံခါးပတ်ဖြုတ်ပြီး အလင်းရောင်နည်းနည်းမြင်ရတဲ့ဘက်ကို လမ်းလျှောက်သွားဖို့ ကြိုးစားခဲ့ရတယ်၊ ဘေးကင်းရာရောက်ဖို့ ၁၀ ပေအကွာလောက်ကို သွားခဲ့တယ်” လို့ ဇူဘီယာက ကြောက်လန့်တုန်လှုပ်စရာ ၎င်းရဲ့ အတွေ့အကြုံကို ပြောခဲ့ပါတယ်။

၎င်းဟာ မီးလောင်ဒဏ်ရာ အပါအဝင် မပြင်းထန်တဲ့ ဒဏ်ရာများခဲ့ပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်သူ နောက်တစ်ဦးမှာ Bank of Punjab ဥက္ကဌ ဇာဖာမာဆွတ် (Zafar Masud) ဖြစ်ကြောင်း PIA လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ PK-8303 ခရီးသည်တင်လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ယနေ့ (မေ ၂၄ ရက်) အစောပိုင်းအထိ အတိအကျ မသိရသေးပါဘူး။လေယာဉ်ပျံသန်းမှု အချက်အလက်နဲ့ လေယာဉ်မှူးအခန်းတွင်း အသံဖမ်းစက်ပါဝင်တဲ့ မှတ်တမ်းတင်ကိရိယာ (Black Box) ကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း လေကြောင်းလိုင်း ပြောခွင့်ရအမျိုးသားက မေ ၂၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။ “Black Box ကို မေ ၂၂ ရက် ညပိုင်းလောက်မှာ ပြန်ရှာတွေ့ခဲ့ပါတယ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှဲပြောင်းပေးသွားမှာပါ” လို့ PIA ပြောခွင့်ရအမျိုးသား အဗ္ဗဒူလာခန်းက ဆိုပါတယ်။

Credit Duwun

Leave a Comment