ကားေပၚကပဲ ၾကည့္ခြင့္ရမယ့္ အေမရိကားက ႐ုပ္ရွင္႐ုံမ်ား

ကို႐ိုနာကာလမွာ ႐ုပ္ရွင္ခ်စ္သူေတြအတြက္ ကားထဲကၾကည့္ရမယ့္ ႐ုပ္ရွင္႐ုံေတြကို အေမရိကားမွာ ဖြင့္လွစ္ခဲ့ပါတယ္။ ကိုယ့္ရဲ႕ကားထဲကေန ပိတ္ကားေပၚက ႐ုပ္ရွင္ကိုလွမ္းၾကည့္ရတာမ်ိဳးပါ။ အေမရိကားမွာ ကို႐ိုနာကူးစက္မႈတိုးပြားေနတာ ေၾကာင့္ social distancing စနစ္နဲ႔ ႐ုပ္ရွင္ၾကည့္ဖို႔ စီစဥ္ေပးရတာျဖစ္ပါတယ္။ပရိသတ္ေတြဟာ ကိုယ္ပိုင္ကားေတြနဲ႔ ႐ုပ္ရွင္ပိတ္ကားရွိတဲ့ ေနရာေတြဆီ လာရပါတယ္။ အဲယားကြန္းဖြင့္ အလုံပိတ္ထားတဲ့ ကားေပၚကၾကည့္ရတာ အရသာေတာ့ပ်က္ပါတယ္။ ကားေတြနဲ႔လာၾကတဲ့အခါ သာမန္အိမ္စီးကားေတြေကာ၊ ထရပ္ကားေတြပါေတြ႕ရပါတယ္။ မိသားစုတစ္စုနဲ႔တစ္စု ႏႈတ္ဆက္ၾကတဲ့အခါ ကားေပၚကပဲ လက္ေဝွ႔ရမ္း ႏႈတ္ဆက္ရတာကေတာ့ ဝမ္းနည္းစရာ အခိုက္အတန္႔တစ္ခုပါ။

“သူတို႔ကိုၾကည့္ရတာ PPE ဝတ္ၿပီး ႐ုပ္ရွင္ၾကည့္တဲ့သူနဲ႔တူတယ္” ဗာဂ်ီးနီးယားတကၠသိုလ္ပါေမကၡပီတာေနာ္တန္ကဆိုပါတယ္။ ႐ုပ္ရွင္လာၾကည့္သူ အခ်ိဳ႕က အေပါ့အပါးကိစၥကို အိမ္ကတည္းက ရွင္းလင္းခဲ့ၾကသူေတြျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက ကားေတြနဲ႔႐ုပ္ရွင္ၾကည့္ရတဲ့ ျမင္ကြင္းမ်ိဳးကို ထူးဆန္းတယ္လို႔ထင္ရေပမယ့္ ခုေတာ့တကယ္ျဖစ္လာပါၿပီ။ ​ေရွးယခင္ေခတ္က ပိတ္ကားခတ္ကို ျပန္ေရာက္သြားရသလို ခံစားရပါတယ္။

“စိတ္ပညာရႈေထာင့္အရဆိုရင္ မြန္းက်ပ္ေနတဲ့ လူေတြကို ထြက္ေပါက္တစ္ခုေပးလိုက္တာပါ။ က်န္းမာေရးအရေတာ့ ၿပီးျပည့္စုံတဲ့ အေနအထားမ်ိဳးေတာ့ မရွိေသးပါဘူး”လို႔ ေဒါက္တာေနာ္မန္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ေလာေလာဆယ္ ကား႐ုပ္႐ုင္႐ုံေတြမွာ ႐ုပ္ရွင္ကားေတြကို အခမဲ့ျပသေနၿပီး ေနဝင္တာနဲ႔စျပေနပါၿပီ။ အစားအေသာက္ေတြကို အိမ္ကယူလာရမွာျဖစ္ၿပီး social distancing စနစ္နဲ႔ေနထိုင္ဖို႔ ပန္ၾကားထားပါတယ္။

Credit WE
Source – AFP

UNICODE

ကိုရိုနာကာလမှာ ရုပ်ရှင်ချစ်သူတွေအတွက် ကားထဲကကြည့်ရမယ့် ရုပ်ရှင်ရုံတွေကို အမေရိကားမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ကားထဲကနေ ပိတ်ကားပေါ်က ရုပ်ရှင်ကိုလှမ်းကြည့်ရတာမျိုးပါ။ အမေရိကားမှာ ကိုရိုနာကူးစက်မှုတိုးပွားနေတာ ကြောင့် social distancing စနစ်နဲ့ ရုပ်ရှင်ကြည့်ဖို့ စီစဉ်ပေးရတာဖြစ်ပါတယ်။ပရိသတ်တွေဟာ ကိုယ်ပိုင်ကားတွေနဲ့ ရုပ်ရှင်ပိတ်ကားရှိတဲ့ နေရာတွေဆီ လာရပါတယ်။ အဲယားကွန်းဖွင့် အလုံပိတ်ထားတဲ့ ကားပေါ်ကကြည့်ရတာ အရသာတော့ပျက်ပါတယ်။ ကားတွေနဲ့လာကြတဲ့အခါ သာမန်အိမ်စီးကားတွေကော၊ ထရပ်ကားတွေပါတွေ့ရပါတယ်။ မိသားစုတစ်စုနဲ့တစ်စု နှုတ်ဆက်ကြတဲ့အခါ ကားပေါ်ကပဲ လက်ဝှေ့ရမ်း နှုတ်ဆက်ရတာကတော့ ဝမ်းနည်းစရာ အခိုက်အတန့်တစ်ခုပါ။

“သူတို့ကိုကြည့်ရတာ PPE ဝတ်ပြီး ရုပ်ရှင်ကြည့်တဲ့သူနဲ့တူတယ်” ဗာဂျီးနီးယားတက္ကသိုလ်ပါမေက္ခပီတာနော်တန်ကဆိုပါတယ်။ ရုပ်ရှင်လာကြည့်သူ အချို့က အပေါ့အပါးကိစ္စကို အိမ်ကတည်းက ရှင်းလင်းခဲ့ကြသူတွေဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကားတွေနဲ့ရုပ်ရှင်ကြည့်ရတဲ့ မြင်ကွင်းမျိုးကို ထူးဆန်းတယ်လို့ထင်ရပေမယ့် ခုတော့တကယ်ဖြစ်လာပါပြီ။ ရှေးယခင်ခေတ်က ပိတ်ကားခတ်ကို ပြန်ရောက်သွားရသလို ခံစားရပါတယ်။

“စိတ်ပညာရှုထောင့်အရဆိုရင် မွန်းကျပ်နေတဲ့ လူတွေကို ထွက်ပေါက်တစ်ခုပေးလိုက်တာပါ။ ကျန်းမာရေးအရတော့ ပြီးပြည့်စုံတဲ့ အနေအထားမျိုးတော့ မရှိသေးပါဘူး”လို့ ဒေါက်တာနော်မန်က ဆက်လက်ပြောကြားခဲ့ပါတယ်။လောလောဆယ် ကားရုပ်ရုင်ရုံတွေမှာ ရုပ်ရှင်ကားတွေကို အခမဲ့ပြသနေပြီး နေဝင်တာနဲ့စပြနေပါပြီ။ အစားအသောက်တွေကို အိမ်ကယူလာရမှာဖြစ်ပြီး social distancing စနစ်နဲ့နေထိုင်ဖို့ ပန်ကြားထားပါတယ်။

Credit WE
Source – AFP

Leave a Comment