WHOကို ေပါင္(၁၆)သန္းလွဴၿပီးလုိ႔ မၾကာမီ၊ ေပါင္(၂၄)သန္း ထပ္မံလွဴဒါန္းမယ့္ တ႐ုတ္ႏုိင္ငံ

အေမရိကန္က WHO ကို ရန္ပုံေငြျဖတ္ေတာက္ဖုိ႔အတြက္ အတည္ျပဳလုိက္ခ်ိန္မွာ တ႐ုတ္က မေရွးမေႏွာင္းမွာပဲ ေပါင္(၁၆)သန္းကို ရန္ပုံေငြအျဖစ္ ထည့္ဝင္လွဴဒါန္းခဲ့ပါတယ္။ ဒါေပမယ့္ မေရွးမေႏွာင္းမွာပဲ ေနာက္ထပ္ရန္ပုံေငြ ေပါင္(၂၄)သန္း ထပ္မံလွဴဒါန္းခဲ့တာေၾကာင့္ အခုဆုိရင္ ကာလအပိုင္းအျခားေလး တစ္ခုမွာပင္ တရုတ္က ရန္ပုံေငြ ေပါင္သန္း(၄၀) လွဴဒါန္းၿပီးလုိ႔ ဆုိရမွာ။ဒါေပမယ့္ ၿပီးၿပီးျပတ္ျပတ္ လွဴဒါန္းထားတာမ်ိဳးေတာ့ မဟုတ္ေသးပါဘူး။ ေနာက္ထပ္ လွဴဒါန္းမႈကုိေတာ့ ေၾကညာခ်က္ထုတ္ျပန္ထား႐ုံသာ ရွိပါေသးတယ္။ အဲဒီေၾကညာခ်က္ကို ဧၿပီလ(၂၃)ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့တာပါ။ WHO အတြက္ ရံပုံေငြအမ်ားဆုံး ထည့္ဝင္ခဲ့တဲ့ အေမရိကန္ကေတာ့ WHO ဟာ တ႐ုတ္ႏုိင္ငံရဲ႕ ကိုဗစ္အေရးကို ကာကြယ္ၿပီးဖာေထးေပးျခင္း၊

သတင္းအခ်က္အလက္မ်ား ထိန္ခ်န္ျခင္း၊ တ႐ုတ္ဘက္ကုိ မ်က္ႏွာလုိက္ျခင္း စတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ရန္ပုံေငြ ျဖတ္ေတာက္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ ဒါေပမယ့္ တ႐ုတ္ကေတာ့ WHO ကုိ အေမရိကန္ေခတ္လြန္ ရံပုံေငြမ်ားစြာထည့္ဝင္ဖုိ႔ရွိေနတဲ့ ႏုိင္ငံျဖစ္လာဖုိ႔ ရွိေနပါတယ္။ ႏုိင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆုိခြင့္ရွိသူ Geng Shuang က အခုလွဴဒါန္းမယ့္ေငြဟာ ပထမလွဴဒါန္းမႈစာရင္းထဲကုိ ေပါင္းထည့္မွာျဖစ္ေၾကာင္း ဆုိပါတယ္။Geng က ” ဒါဟာ တ႐ုတ္နဲ႔ တ႐ုတ္ျပည္သူေတြက WHO ကုိ အျပည့္အဝ ယုံၾကည္ေထာက္ခံျခင္းရဲ႕ ေရာင္ျပန္ဟပ္မႈတစ္ခုျဖစ္ေၾကာင္း “ထပ္ေလာင္း ေျပာခဲ့ပါေသးတယ္။ ပညာရွင္ေတြအသုိင္းအဝုိင္းကေတာ့ အေမရိကန္က WHO ကုိ ရန္ပုံေငြျဖတ္ေတာက္လုိက္ျခင္းဟာ ႏုိင္ငံအတြက္ ေကာင္းက်ိဳးသက္ေရာက္ေစမွာ မဟုတ္သလုိ၊ အျခားလူေတြအတြက္လည္း အႏႈတ္သေဘာေဆာင္တဲ့ လကၡဏာျဖစ္ေၾကာင္း ဆုိပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ၾကားမွာ ေရာဂါနဲ႔ပတ္သက္တဲ့ အျငင္းပြားမႈေတြ ရွိေနဆဲျဖစ္ၿပီး၊ အေမရိကန္ကေတာ့ ႏုိင္ငံေခါင္းေဆာင္အဆင့္ သမၼတထရမ့္ကုိယ္တုိင္က ဗုိင္းရပ္စ္ကို တ႐ုတ္ဗုိင္းရပ္စ္လုိ႔ ပစ္ပစ္ခါခါ ေျပာခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ တ႐ုတ္ဘက္က အာဏာပုိင္အခ်ိဳဳ႕ကလည္း ဗုိင္းရပ္စ္ဟာ အေမရိကန္က စတင္ျဖန္႔ေဝတာျဖစ္ေၾကာင္း ေျပာေနတာေတြလည္း ရွိခဲ့ပါတယ္။တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူတစ္ဦးျဖစ္တဲ့ Zhao Lijian က အေမရိကန္ကို မဟုတ္မမွန္သတင္းေတြ ထုတ္လႊင့္ၿပီး ဆူပႈမႈျဖစ္ေအာင္ လုပ္ေဆာင္ေနတာကို ရပ္တန္းက ရပ္ဖုိ႔အတြက္ သတိေပးလုိက္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းက အာရပ္ဘာသာနဲ႔ထုတ္လႊင့္တဲ့ တ႐ုတ္အစုိးရ ႐ုပ္သံအစီအစဥ္မွာ သတင္းတင္ဆက္သူ တ႐ုတ္အမ်ိဳးသမီးက ဗုိင္းရပ္စ္ဟာ အေမရိကန္က စတင္ခဲ့တာလုိ႔ ေျပာခဲ့ပါေသးတယ္။

Ref The Sun

UNICODE

အမေရိကန်က WHO ကို ရန်ပုံငွေဖြတ်တောက်ဖို့အတွက် အတည်ပြုလိုက်ချိန်မှာ တရုတ်က မရှေးမနှောင်းမှာပဲ ပေါင်(၁၆)သန်းကို ရန်ပုံငွေအဖြစ် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ ဒါပေမယ့် မရှေးမနှောင်းမှာပဲ နောက်ထပ်ရန်ပုံငွေ ပေါင်(၂၄)သန်း ထပ်မံလှူဒါန်းခဲ့တာကြောင့် အခုဆိုရင် ကာလအပိုင်းအခြားလေး တစ်ခုမှာပင် တရုတ်က ရန်ပုံငွေ ပေါင်သန်း(၄၀) လှူဒါန်းပြီးလို့ ဆိုရမှာ။ဒါပေမယ့် ပြီးပြီးပြတ်ပြတ် လှူဒါန်းထားတာမျိုးတော့ မဟုတ်သေးပါဘူး။ နောက်ထပ် လှူဒါန်းမှုကိုတော့ ကြေညာချက်ထုတ်ပြန်ထားရုံသာ ရှိပါသေးတယ်။ အဲဒီကြေညာချက်ကို ဧပြီလ(၂၃)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။ WHO အတွက် ရံပုံငွေအများဆုံး ထည့်ဝင်ခဲ့တဲ့ အမေရိကန်ကတော့ WHO ဟာ တရုတ်နိုင်ငံရဲ့ ကိုဗစ်အရေးကို ကာကွယ်ပြီးဖာထေးပေးခြင်း၊

သတင်းအချက်အလက်များ ထိန်ချန်ခြင်း၊ တရုတ်ဘက်ကို မျက်နှာလိုက်ခြင်း စတဲ့ စွပ်စွဲချက်တွေနဲ့ ရန်ပုံငွေ ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် တရုတ်ကတော့ WHO ကို အမေရိကန်ခေတ်လွန် ရံပုံငွေများစွာထည့်ဝင်ဖို့ရှိနေတဲ့ နိုင်ငံဖြစ်လာဖို့ ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Geng Shuang က အခုလှူဒါန်းမယ့်ငွေဟာ ပထမလှူဒါန်းမှုစာရင်းထဲကို ပေါင်းထည့်မှာဖြစ်ကြောင်း ဆိုပါတယ်။Geng က ” ဒါဟာ တရုတ်နဲ့ တရုတ်ပြည်သူတွေက WHO ကို အပြည့်အဝ ယုံကြည်ထောက်ခံခြင်းရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ကြောင်း “ထပ်လောင်း ပြောခဲ့ပါသေးတယ်။ ပညာရှင်တွေအသိုင်းအဝိုင်းကတော့ အမေရိကန်က WHO ကို ရန်ပုံငွေဖြတ်တောက်လိုက်ခြင်းဟာ နိုင်ငံအတွက် ကောင်းကျိုးသက်ရောက်စေမှာ မဟုတ်သလို၊ အခြားလူတွေအတွက်လည်း အနှုတ်သဘောဆောင်တဲ့ လက္ခဏာဖြစ်ကြောင်း ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်ကြားမှာ ရောဂါနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပြီး၊ အမေရိကန်ကတော့ နိုင်ငံခေါင်းဆောင်အဆင့် သမ္မတထရမ့်ကိုယ်တိုင်က ဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်လို့ ပစ်ပစ်ခါခါ ပြောခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် တရုတ်ဘက်က အာဏာပိုင်အချိုု့ကလည်း ဗိုင်းရပ်စ်ဟာ အမေရိကန်က စတင်ဖြန့်ဝေတာဖြစ်ကြောင်း ပြောနေတာတွေလည်း ရှိခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Zhao Lijian က အမေရိကန်ကို မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်ပြီး ဆူပှုမှုဖြစ်အောင် လုပ်ဆောင်နေတာကို ရပ်တန်းက ရပ်ဖို့အတွက် သတိပေးလိုက်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အာရပ်ဘာသာနဲ့ထုတ်လွှင့်တဲ့ တရုတ်အစိုးရ ရုပ်သံအစီအစဉ်မှာ သတင်းတင်ဆက်သူ တရုတ်အမျိုးသမီးက ဗိုင်းရပ်စ်ဟာ အမေရိကန်က စတင်ခဲ့တာလို့ ပြောခဲ့ပါသေးတယ်။

Ref The Sun

Leave a Comment