ဆင္းရဲႏြမ္းပါးသည့္ ေက်ာင္းသားမ်ားအတြက္ အင္တာနက္ အခမဲ့ေပးရန္ ထိုင္းအစိုးရစီစဥ္

Covid-19 အက်ပ္အတည္း ကာလအတြင္း အစိုးရက စီမံေထာက္ပံ့ေပး ထားသည့္ အြန္လိုင္းသင္ၾကားေရးမ်ားကို လက္လွမ္းမမီႏိုင္ျဖစ္ေနသည့္ ထိုင္းႏိုင္ငံမွ ဆင္းရဲႏြမ္းပါးသည့္ ေက်ာင္းသားမ်ား အတြက္ အင္တာနက္ အခမဲ့ေပးရန္ အစိုးရ က စီစဥ္ထားသည္ဟု The Nation Thailand သတင္းဌာနက ေဖာ္ျပသည္။အထက္ပါအစီအစဥ္ အေကာင္အထည္ေဖာ္ေရးအတြက္ ထိုင္းႏိုင္ငံပညာေရးဝန္ႀကီးဌာနက ဒစ္ဂ်စ္တယ္ စီးပြားေရးႏွင့္ လူမႈအဖြဲ႕အစည္း ဝန္ႀကီးဌာနကို တိုက္တြန္းေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။

၎တို႔ ဝန္ႀကီးဌာနအေနႏွင့္ TOT ႏွင့္ CAT ကြန္ရက္မ်ား တပ္ဆင္ထားသည့္ေနရာမ်ားကို အင္တာနက္ ေထာက္ပံ့ေပးႏိုင္ေၾကာင္း ဒစ္ဂ်စ္တယ္ စီးပြားေရးႏွင့္ လူမႈအဖြဲ႕အစည္းဝန္ႀကီး ဗူတီေပါင္ ပြန္နန္းကန္တား က ေျပာသည္။ TOT ႏွင့္ CAT တို႔သည္ ထိုင္းအစိုးရပိုင္ ဆက္သြယ္ေရးကုမၸဏီမ်ား ျဖစ္သည္။ကြန္ရက္ မခ်ိတ္ဆက္ရေသးသည့္ အိမ္မ်ားကို သုံးလၾကာ အင္တာနက္ အခမဲ့ ေပးသုံးသြားမည္ဟုလည္း အဆိုပါ ဝန္ႀကီးက ေျပာၾကားခဲ့သည္။

“ဒီစာခ်ဳပ္က တစ္ႏွစ္စာအတြက္ ျဖစ္မွာပါ။ ဒါေပမဲ့ သုံးစြဲသူေတြက တစ္လကို ဘတ္ ၃၉၀ က်သင့္ေငြကို ကိုးလပဲ ေပးရမွာပါ” ဟု သူက ဆိုၿပီး အင္တာနက္ တပ္ဆင္စက္ တစ္သိန္းခန႔္လည္း ျပင္ဆင္ ထားၿပီး ျဖစ္သည္ဟု ထပ္မံေျပာဆိုခဲ့သည္။ကိန္းဂဏန္းေကာက္ယူမႈမ်ားအရ ထိုင္းႏိုင္ငံတြင္ အိမ္ေထာင္စုေပါင္း ၇ ဒသမ ၇ သန္း သည္ အင္တာနက္ တပ္ဆင္ထားၾကသည္။ ယင္းအထဲတြင္ အိမ္ေထာင္စု ႏွစ္သိန္းက CAT၊ ၁ ဒသမ ၅ သန္းက TOT၊ ၂ သန္းက Triple T Broadband (3BB)၊ ၃ သန္းက True ႏွင့္ ၁ သန္းက AIS တို႔ကို အသီးသီး အသုံးျပဳၾကသည္။

Credit The Voice

UNICODE

Covid-19 အကျပ်အတည်း ကာလအတွင်း အစိုးရက စီမံထောက်ပံ့ပေး ထားသည့် အွန်လိုင်းသင်ကြားရေးများကို လက်လှမ်းမမီနိုင်ဖြစ်နေသည့် ထိုင်းနိုင်ငံမှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ အတွက် အင်တာနက် အခမဲ့ပေးရန် အစိုးရ က စီစဉ်ထားသည်ဟု The Nation Thailand သတင်းဌာနက ဖော်ပြသည်။အထက်ပါအစီအစဉ် အကောင်အထည်ဖော်ရေးအတွက် ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနကို တိုက်တွန်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဝန်ကြီးဌာနအနေနှင့် TOT နှင့် CAT ကွန်ရက်များ တပ်ဆင်ထားသည့်နေရာများကို အင်တာနက် ထောက်ပံ့ပေးနိုင်ကြောင်း ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီး ဗူတီပေါင် ပွန်နန်းကန်တား က ပြောသည်။ TOT နှင့် CAT တို့သည် ထိုင်းအစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီများ ဖြစ်သည်။ကွန်ရက် မချိတ်ဆက်ရသေးသည့် အိမ်များကို သုံးလကြာ အင်တာနက် အခမဲ့ ပေးသုံးသွားမည်ဟုလည်း အဆိုပါ ဝန်ကြီးက ပြောကြားခဲ့သည်။

“ဒီစာချုပ်က တစ်နှစ်စာအတွက် ဖြစ်မှာပါ။ ဒါပေမဲ့ သုံးစွဲသူတွေက တစ်လကို ဘတ် ၃၉၀ ကျသင့်ငွေကို ကိုးလပဲ ပေးရမှာပါ” ဟု သူက ဆိုပြီး အင်တာနက် တပ်ဆင်စက် တစ်သိန်းခန့်လည်း ပြင်ဆင် ထားပြီး ဖြစ်သည်ဟု ထပ်မံပြောဆိုခဲ့သည်။ကိန်းဂဏန်းကောက်ယူမှုများအရ ထိုင်းနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၇ ဒသမ ၇ သန်း သည် အင်တာနက် တပ်ဆင်ထားကြသည်။ ယင်းအထဲတွင် အိမ်ထောင်စု နှစ်သိန်းက CAT၊ ၁ ဒသမ ၅ သန်းက TOT၊ ၂ သန်းက Triple T Broadband (3BB)၊ ၃ သန်းက True နှင့် ၁ သန်းက AIS တို့ကို အသီးသီး အသုံးပြုကြသည်။

Credit The Voice

Leave a Comment