မတြယ္ကပ္၊ အပါးမခိုျခင္းနဲ႕ စည္းလံုးညီညာၾကတဲ့ ေလးစားစရာစိတ္ဓာတ္နဲ့ ျပည္ေတာ္ျပန္မ်ားရဲ႕ ျမင္ကြင္း

လြန္ခဲ့တဲ့လ​ေတြရက္​ေတြအတြင္း ႏိုင္ငံျခားျပန္​ေတြဟာ Quartine စင္တာ (ဟိုတယ္နဲ႔ ဘုန္း​ေတာ္ႀကီး​ေက်ာင္းမ်ားကလြဲလို႔) အ​ေဆာင္ ​ေတာ္​ေတာ္မ်ားမ်ားမွာ Quartine ဝင္ၾကရသူ​ေတြရဲ႕ အဆင္မ​ေျပမႈ​ေတြ ေဖ့စဘြတ္ေပၚ တင္လာတာ​ေတြေတြ႕ခဲ့ရပါတယ္။လူအမ်ိဳးမ်ိဳးစိတ္အ​ေထြ​ေထြဆိုသလို ဖတ္ရသူ​ေတြမွာလည္း အမ်ိဳးမ်ိဳးခံစားရကာ အျမင္အမ်ိဳးမ်ိဳး​ေရးၾကတာ​ေတြထဲ ဖတ္ရႈ႕ရကာ စာနာ​သနားလို႔ ​ေဖးမ​ေျဖသိမ့္​ေပးသူ​ေတြ ကိုယ့္အိမ္မွမဟုတ္တာလို႔ အျပစ္ျမင္ဆိုၾကသူ​ေတြလည္း​ေတြ႕ရပါတယ္။တစ္ခ်ိဳ႕ဆိုကိုယ့္​ေသာက ကိုယ္​ေရးတာက​ေန အျပစ္တင္ခံရ​ေတာ့ ပို​ေသာက​ေရာက္ၾကရရွာပါတယ္။

ဒီ​​ေန႔မွာ​ေတာ့အခုျမင္ကြင္းမ်ိဳး​ေလးျမင္ရကာ စိတ္ခ်မ္း​​ေႁမြရသလို အားတက္ရမႈပါရလာလို႔ ျမင္ရခဲတဲ့ျမင္ကြင္းျမင္ခြင့္ရ​ေစသူနဲ႔တကြ ဒီလို ျမင္ရဖို႔ ​ေကာင္းတဲ့စိတ္ထားဇြဲလုံလဝီရိယနဲ႔​ေဖာ္ ​ေဆာင္ၾကသူမ်ားကိုခ်ီးက်ဴးဂုဏ္ျပဴလိုလာပါတယ္။ဒီျမင္ကြင္ျမင္ရသူတိုင္းကလည္း စာ​ေရးသူနဲ႔ထပ္သူ ခ်ီးက်ဴးဂုဏ္ျပဴလိုစိတ္မွာ မတိုင္ပင္ဘဲတူၾကမယ္ ယုံၾကည္မိတယ္။ဒီျမင္ကြင္းက စင္ကာပူမွ 5th Relief Flight ျဖင့္ ျပန္ၾကလာၾကသူ စီးပြားေရးတကၠသိုလ္ေဆာင္ (႐ြာသာႀကီး) မွာ Facilities Quartine ဝင္ေနသူမ်ား မွ အေဆာင္ (D001 ~ D007 ,D020 ~ D026) တို႔က ျပည္​ေတာ္ျပန္​ေတြက အမ်ားသုံး​ေရကန္ကို သန္႔ရွင္းေရးျပဳလုပ္ၾကတဲ့ျမင္ကြင္းပါ။ျမင္ရတဲ့ျမင္ကြင္းမွာ ​ေရကန္ထဲ အနည္ထိုင္​ေနတဲ့ အနယ္ႏုန္းက ​​ေျခက်င္းဝတ္အထက္ျမဳတ္​ေအာင္ ထုရွိ​ေနတာ​​ေတြ႕ရတယ္။

အခုလိုညစ္ထပ္​ေနတဲ့ အနယ္ထုလက္​ေလးသစ္မက​ေၾကာင့္ က်န္းမာ​ေရးအတြက္ မသင့္​ေတာ္တာကို အခု သန္႔ရွင္း​ေရး​ေဆာင္႐ြက္ၾကသူ Facilities Quartine ဝင္သူ​ေတြက စီမံသူ တာဝန္ရွိသူ​ေတြ အ​ေပၚအျပစ္ဆိုမထားဘူး။ဒီလိုညစ္ထပ္​ေနတဲ့​ေရ​ေတြအတြက္ တစ္ပါးသူ​ေဆာင္႐ြက္​ေပးတာ​ေစာင့္မ​ေနဘဲ အားလုံးက မတြက္ကပ္ (အပါးမခို) ျခင္းနဲ႔ စည္းလုံးညီညာ ​ေဖာ္​ေဆာင္ၾကတဲ့အခါ အဲ့ဒီညစ္ထပ္​ေနခဲ့ဖူးတဲ့​ ေရ​ကန္ဟာ သန္႔စင္ၾကည္လင္တဲ့​ေရနဲ႔ ပနံတင့္​ေအာင္ ရွိသြားရတာမ်က္ျမင္ဆိုတာကိုပဲ သူတို႔ က သက္​ေသျပခဲ့ၾကတယ္။

တကယ္​ေတာ့ ဒီက​ေန႔ကာလမွာ မဆန္း​ေတာ့တဲ့ သူတစ္ပါးကို ​ေဝဖန္ျပစ္တင္ဆဲဆိုျခင္းလုပ္ရပ္ ​ေတြအတြက္ ထုသား​ေပသားရ အသားက်သြားပုံ ရ​ေနၾကၿပီ​ျဖစ္တဲ့ အခ်ိန္မွာအခုလို ကိုယ္စြမ္းကိူယ္စ​ေကာင္း​ေကာင္းနဲ႔ စည္းလုံးျခင္းအင္အားကိုျပသြားၾကပုံက တာဝန္မကင္းခဲ့သူ (အပါးခိုခဲ့သူ​)ေတြကို အခန္႔မသင့္တိုင္း ဆဲဆို​ေနတာထက္ကို ပိုအထိနာ​ေစ​မလားပဲ။သူတို႔က ဘယ္သူ႔ကိုမွ နာ​ေစလိုပုံ မ​ေပၚၾကတာ​ေတာ့​ ေသခ်ာတယ္။ တကယ့္ကို​ေလးစားပါတယ္ဗ်ာ။။

Credit – ကိုမ်ိဳး (ျမန္မာစာ)

UNICODE

လွန်ခဲ့တဲ့လတွေရက်တွေအတွင်း နိုင်ငံခြားပြန်တွေဟာ Quartine စင်တာ (ဟိုတယ်နဲ့ ဘုန်းတော်ကြီးကျောင်းများကလွဲလို့) အဆောင် တော်တော်များများမှာ Quartine ဝင်ကြရသူတွေရဲ့ အဆင်မပြေမှုတွေ ဖေ့စဘွတ်ပေါ် တင်လာတာတွေတွေ့ခဲ့ရပါတယ်။လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို ဖတ်ရသူတွေမှာလည်း အမျိုးမျိုးခံစားရကာ အမြင်အမျိုးမျိုးရေးကြတာတွေထဲ ဖတ်ရှု့ရကာ စာနာသနားလို့ ဖေးမဖြေသိမ့်ပေးသူတွေ ကိုယ့်အိမ်မှမဟုတ်တာလို့ အပြစ်မြင်ဆိုကြသူတွေလည်းတွေ့ရပါတယ်။တစ်ချို့ဆိုကိုယ့်သောက ကိုယ်ရေးတာကနေ အပြစ်တင်ခံရတော့ ပိုသောကရောက်ကြရရှာပါတယ်။

ဒီနေ့မှာတော့အခုမြင်ကွင်းမျိုးလေးမြင်ရကာ စိတ်ချမ်းမြွေရသလို အားတက်ရမှုပါရလာလို့ မြင်ရခဲတဲ့မြင်ကွင်းမြင်ခွင့်ရစေသူနဲ့တကွ ဒီလို မြင်ရဖို့ ကောင်းတဲ့စိတ်ထားဇွဲလုံလဝီရိယနဲ့ဖော် ဆောင်ကြသူများကိုချီးကျူးဂုဏ်ပြူလိုလာပါတယ်။ဒီမြင်ကွင်မြင်ရသူတိုင်းကလည်း စာရေးသူနဲ့ထပ်သူ ချီးကျူးဂုဏ်ပြူလိုစိတ်မှာ မတိုင်ပင်ဘဲတူကြမယ် ယုံကြည်မိတယ်။ဒီမြင်ကွင်းက စင်ကာပူမှ 5th Relief Flight ဖြင့် ပြန်ကြလာကြသူ စီးပွားရေးတက္ကသိုလ်ဆောင် (ရွာသာကြီး) မှာ Facilities Quartine ဝင်နေသူများ မှ အဆောင် (D001 ~ D007 ,D020 ~ D026) တို့က ပြည်တော်ပြန်တွေက အများသုံးရေကန်ကို သန့်ရှင်းရေးပြုလုပ်ကြတဲ့မြင်ကွင်းပါ။မြင်ရတဲ့မြင်ကွင်းမှာ ရေကန်ထဲ အနည်ထိုင်နေတဲ့ အနယ်နုန်းက ခြေကျင်းဝတ်အထက်မြုတ်အောင် ထုရှိနေတာတွေ့ရတယ်။

အခုလိုညစ်ထပ်နေတဲ့ အနယ်ထုလက်လေးသစ်မကကြောင့် ကျန်းမာရေးအတွက် မသင့်တော်တာကို အခု သန့်ရှင်းရေးဆောင်ရွက်ကြသူ Facilities Quartine ဝင်သူတွေက စီမံသူ တာဝန်ရှိသူတွေ အပေါ်အပြစ်ဆိုမထားဘူး။ဒီလိုညစ်ထပ်နေတဲ့ရေတွေအတွက် တစ်ပါးသူဆောင်ရွက်ပေးတာစောင့်မနေဘဲ အားလုံးက မတွက်ကပ် (အပါးမခို) ခြင်းနဲ့ စည်းလုံးညီညာ ဖော်ဆောင်ကြတဲ့အခါ အဲ့ဒီညစ်ထပ်နေခဲ့ဖူးတဲ့ ရေကန်ဟာ သန့်စင်ကြည်လင်တဲ့ရေနဲ့ ပနံတင့်အောင် ရှိသွားရတာမျက်မြင်ဆိုတာကိုပဲ သူတို့ က သက်သေပြခဲ့ကြတယ်။

တကယ်တော့ ဒီကနေ့ကာလမှာ မဆန်းတော့တဲ့ သူတစ်ပါးကို ဝေဖန်ပြစ်တင်ဆဲဆိုခြင်းလုပ်ရပ် တွေအတွက် ထုသားပေသားရ အသားကျသွားပုံ ရနေကြပြီဖြစ်တဲ့ အချိန်မှာအခုလို ကိုယ်စွမ်းကိူယ်စကောင်းကောင်းနဲ့ စည်းလုံးခြင်းအင်အားကိုပြသွားကြပုံက တာဝန်မကင်းခဲ့သူ (အပါးခိုခဲ့သူ)တွေကို အခန့်မသင့်တိုင်း ဆဲဆိုနေတာထက်ကို ပိုအထိနာစေမလားပဲ။သူတို့က ဘယ်သူ့ကိုမှ နာစေလိုပုံ မပေါ်ကြတာတော့ သေချာတယ်။ တကယ့်ကိုလေးစားပါတယ်ဗျာ။။

Credit – ကိုမျိုး (မြန်မာစာ)

Leave a Comment