Quarantine ဝင်နေတဲ့ မြန်မာ အမျိုးသမီး တစ်ဦး သားယောက်ကျားလေး အောင်မြင်စွာ မွေးဖွား




09 784 784 199
09 785 785 199
09 260 144 199
057 2021640

UNICODE

24.4.2020 နံနက်(9:30)ခန့်က ပြည်တော်ပြန်များအား(၂၁)ရက် Quarantine ပြုလုပ် စောင့်ကြည့်အဖြစ်ထားရှိသည့် မော်လမြိုင်တက္ကသိုလ် သံလွင်ဆောင်-၂ မှ မုဒုံမြို့နယ် နှီးပဒေါရွာမှ (၂၇)နှစ် အရွယ် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ရုတ်တရတ် ကလေးမွေးချင် လာ၍ ဗိုက်နာလာသဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကလေးဆေးရုံ(အမေရိကန်ဆေးရုံ)Hospital Quarantine အဆောင်သို့ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ပါသည်။

အသက်(၂၇)နှစ်အရွယ် မုဒုံမြို့ နှီးပဒေါကျေးရွာနေ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ (17.4.2020)ရက်နေ့တွင် Swab ယူပြီး ဓါတ်ခွဲပေးပို့စစ်ဆေးထားရာ Result မှာ Negative ဖြစ်ပါသည်။နံနက် (၁၀)နာရီခန့်မှာ မွေးပြီးဗျို့ … ယောင်္ကျားလေးတဲ့ …ကိုယ့်မိသားစုလို သဘောထား စောင့်ပေးပြီး ကူညီခဲ့ပါတယ်။ PPE ဝတ်စုံထဲက အပူတွေထက် ကျွန်တော်တို့ အဖွဲ့သားတွေရဲ့ ရင်ထဲက အပူကတောင် ပိုကြီးပါတယ်။ အောင်အောင်မြင်မြင်လေး မွေးဖွားခဲ့တော့လဲ ပျော်ရွှင်ရတာပေါ့ဗျာ။

ယခုကလေးမွေးတဲ့ မုဒုံမြို့နယ် နှီးပဒေါရွာမှ အသက် (၂၇)နှစ်အရွယ် အမျိုသမီး၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ်တို့အားယူ၍ 17.4.2020 ရက်နေ့က ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးထားရာ အဖြေမှာ Negative ထွက်ထားပြီး၍မော်လမြိုင်တက္ကသိုလ်ဝင်းရှိသံလွင်ဆောင်-၂ တွင် Facility Quarantine အဖြစ် ပြန်လည်စောင့်ကြည့်ထားရှိသည့် လူနာဖြစ်ပါသည်။

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့
09 784 784 199
09 785 785 199
09 260 144 199
057 2021640

Leave a Comment