ပ်က္က်သြားတဲ့ ပါကစၥတန္ ေလယာဥ္ အပ်က္အစီးမ်ားအတြင္း ႐ုပ္အေလာင္း ၈၀ ေက်ာ္ ေတြ႕ရွိ

ပါကစၥတန္ႏိုင္ငံ ကရာခ်ီၿမိဳ႕အနီး လူေနရပ္ကြက္တခုေပၚ ေမ ၂၂ ရက္က ပ်က္က်ခဲ့တဲ့ ခရီးသည္တင္ေလယာဥ္ အပ်က္အစီးေတြၾကားက ႐ုပ္အေလာင္း ၈၀ ေက်ာ္ကို ေတြ႕ရွိတယ္လို႔ DW သတင္းက ေဖာ္ျပပါတယ္။

ကနဦးသတင္းေတြအရ လူ ၁၀၇ ေယာက္ လိုက္ပါတယ္လို႔ ေဖာ္ျပၿပီး ေနာက္ပိုင္း ၉၉ ေယာက္ လိုက္ပါလာတယ္ဆိုတဲ့ ပါကစၥတန္ အျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း (PIA) ပိုင္ ေလယာဥ္ဟာ ကရာခ်ီၿမိဳ႕ရွိ ဂ်င္းနား အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ဆင္းခါနီး မိနစ္ပိုင္းအလိုမွာ ပ်က္က်သြားခဲ့တာပါ။

PIA ေလေၾကာင္းလိုင္း စီအီးအိုက ေလယာဥ္ပ်က္က်တဲ့အေၾကာင္းရင္းကို ပြင့္လင္းျမင္သာစြာ စုံစမ္းသြားမယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။ပ်က္က်ရာ ေနရာကေန ပ်ံသန္းခ်ိန္ မွတ္တမ္းတင္စက္ကို မေတြ႕ရေသးဘူးလို႔လည္း ေလေၾကာင္းလိုင္း စီအီးအိုက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ပါကစၥတန္ႏိုင္ငံသားေတြ မိဘေဆြမ်ိဳးေတြဆီ လည္ပတ္ၾကတဲ့ အစၥလာမ္ဘာသာဝင္ေတြရဲ႕ အစ္ပြဲေတာ္ က်င္းပခါနီးခ်ိန္မွာ ေလယာဥ္ပ်က္က်မႈ ျဖစ္ခဲ့တာလို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Credit DVB

UNICODE

ပါကစ္စတန်နိုင်ငံ ကရာချီမြို့အနီး လူနေရပ်ကွက်တခုပေါ် မေ ၂၂ ရက်က ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ် အပျက်အစီးတွေကြားက ရုပ်အလောင်း ၈၀ ကျော်ကို တွေ့ရှိတယ်လို့ DW သတင်းက ဖော်ပြပါတယ်။

ကနဦးသတင်းတွေအရ လူ ၁၀၇ ယောက် လိုက်ပါတယ်လို့ ဖော်ပြပြီး နောက်ပိုင်း ၉၉ ယောက် လိုက်ပါလာတယ်ဆိုတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်ဟာ ကရာချီမြို့ရှိ ဂျင်းနား အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းခါနီး မိနစ်ပိုင်းအလိုမှာ ပျက်ကျသွားခဲ့တာပါ။

PIA လေကြောင်းလိုင်း စီအီးအိုက လေယာဉ်ပျက်ကျတဲ့အကြောင်းရင်းကို ပွင့်လင်းမြင်သာစွာ စုံစမ်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ပျက်ကျရာ နေရာကနေ ပျံသန်းချိန် မှတ်တမ်းတင်စက်ကို မတွေ့ရသေးဘူးလို့လည်း လေကြောင်းလိုင်း စီအီးအိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံသားတွေ မိဘဆွေမျိုးတွေဆီ လည်ပတ်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်ပွဲတော် ကျင်းပခါနီးချိန်မှာ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Credit DVB

Leave a Comment