လက္အိတ္ဝတ္ထားတာနဲ႔ ဗုိင္းရပ္စ္ မကူးႏုိင္ေတာ့ဘူးဆုိတာ ေသခ်ာၿပီလား?

ဘယ္လိုပဲ လက္အိတ္ဝတ္ထားဝတ္ထား တစ္ခုခုကို ကိုင္တြယ္ၿပီးတဲ့အခါတိုင္းမွာ လက္အိတ္စြတ္ထားတဲ့အတိုင္း လက္ကိုမေဆးဘူးဆိုရင္ေတာ့ ေရာဂါကူးႏိုင္ပါတယ္ဆိုတဲ့အေၾကာင္းကို သူနာျပဳေလးတစ္ဦးက ဒီလိုရွင္းျပထားပါတယ္။တကယ္လို႔ ကိုယ္က တစ္စုံတစ္ခုကို ကိုင္တြယ္ၿပီးတိုင္း လက္မေဆးဘူးဆိုရင္ လက္အိတ္ဝတ္ထားလည္း ေရာဂါပိုး‌ေတြ ကူးစက္ႏိုင္ပါတယ္။ ဒါေပမယ့္ လက္အိတ္ဝတ္ခ်င္တယ္ဆိုရင္လည္း ရပါတယ္။ သို႔ေသာ္ အရာဝတၳဳမ်ားမွတစ္ဆင့္ ကူးစက္ျခင္း (Cross Contamination) ကိုေတာ့ သတိထားသင့္ပါတယ္။

ဥပမာျပရမယ္ဆို ကိုယ္က ကားထဲကေန ကုန္စုံဆိုင္ကို သြားဖို႔ လက္အိတ္ဝတ္ၿပီး ဖုန္းကိုအိတ္ထဲထည့္ၿပီး ယူခဲ့တယ္ ဆိုပါစို႔။ ၿပီးရင္ ကုန္စုံဆိုင္ထဲ ဝယ္ရမယ့္ပစၥည္းေတြကို ပတ္ၾကည့္ေနရင္းနဲ႔ အိမ္သာသုံးစကၠဴကို ဝယ္ဖို႔ယူလိုက္ၿပီး ေဈးျခင္းေတာင္းထဲကို ထည့္လိုက္တဲ့အခါ ပိုးကပ္ေနတဲ့ အိမ္သာသုံးစကၠဴက‌ေနတဆင့္ လက္အိတ္ကို ေရာဂါပိုးေတြ ကပ္သြားတယ္‌ေပါ့။ ဒါေပမယ့္လဲ ေရာဂါပိုးေတြဟာ ေဈးျခင္းေတာင္းနဲ႔ လက္အိတ္ေတြေပၚမွာပဲ ရွိေသးလို႔ ကိစၥေတာ့မရွိေသးပါဘူး။အဲ့မွာေနာက္ထပ္ဝယ္ဖို႔ ပစၥည္းေတြ ထပ္ၾကည့္ေနခ်ိန္မွာ ဖုန္းထဲကို Message ဝင္လာလို႔ ထုတ္ၾကည့္လိုက္ၿပီး အမ်ိဳးသားက ၾကက္သားဝယ္ခဲ့လို႔ ေျပာထားလို႔ ဝယ္ခဲ့မယ့္အေၾကာင္း လက္အိတ္ ဝတ္လ်က္နဲ႔ပဲ Reply ျပန္လိုက္မိတယ္။

ၿပီးရင္လဲ ပစၥည္းေတြကို လိုက္ပတ္ၾကည့္ရင္း အားလုံးကို လက္နဲ႔ထိခဲ့တယ္။ အဲ့အခ်ိန္မွာပဲ ႏွာေခါင္းကယားလာလို႔ ႏွာေခါင္းကိုလဲ ကုတ္လိုက္ေသးတယ္။ အဲ့ဒီအခါ ေရာဂါပိုးေတြဟာ လက္အိတ္ကေနတဆင့္ ဖုန္းမွာကပ္သြားၿပီး လက္အိတ္နဲ႔ ႏွာေခါင္းကို ထိလိုက္တဲ့အခါ ႏွာေခါင္းမွာလဲ ထိသြားပါတယ္။ေနာက္တစ္ခါ ဖုန္းျမည္လာလို႔ ကိုင္လိုက္ေတာ့လည္း ဖုန္းမွာ ေရာဂါပိုးေတြက ကပ္ေနၿပီးၿပီဆိုေတာ့ ဖုန္းနဲ႔ထိမိလိုက္တဲ့ မ်က္ႏွာကိုလည္း ေရာဂါပိုးေတြက ထပ္ကပ္သြားပါေရာ။ ေဈးဝယ္ၿပီးတဲ့အခါ ဖုန္းကို အိတ္ကပ္ထဲထည့္လိုက္ၿပီး ကားဆီကိုျပန္သြား၊ လက္အိတ္ကိုလဲ ခြၽတ္လို႔၊ အမႈိက္ပုံးထဲ ေသခ်ာထည့္ခဲ့တယ္ဆိုၿပီး စိတ္ခ်လက္ခ် ေနလိုက္ေပမယ့္ ေရာဂါပိုးကကိုယ့္ဆီကို ကပ္ပါလာေနခဲ့ၿပီးပါၿပီ။

လက္အိတ္‌ေတြ ဝတ္ထားလို႔ ကိုယ့္လက္က သန္႔တယ္ဆိုေပမယ့္ အထက္ပါဥပမာေတြအရ အရာဝတၳဳမ်ားမွ တဆင့္ ကူးစက္ျခင္း (Cross Contamination) ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ လက္အိတ္ေတြ ဝတ္ထားေပမယ့္ ဖုန္းမ်ား၊ တံခါးလက္ကိုင္မ်ား၊ ျပင္ပအရာဝတၳဳမ်ားကို ထိေတြ႕ျခင္းေတြကို အတတ္ႏိုင္ဆုံးေရွာင္ၾကည္ပါ။အသုံးျပဳၿပီးသားလက္အိတ္ေတြကိုလဲ အမႈိက္ပုံးေတြမွာ စနစ္တက်စြန္႔ပစ္ပါ။ အေရးႀကီးဆုံးကေတာ့ လက္အိတ္ဝတ္ထားသည္ျဖစ္ေစ၊ လက္ဗလာနဲ႔ျဖစ္ေစ လက္ကိုခဏခဏေဆးပါ။

Credit The Health Republic

UNICODE

ဘယ်လိုပဲ လက်အိတ်ဝတ်ထားဝတ်ထား တစ်ခုခုကို ကိုင်တွယ်ပြီးတဲ့အခါတိုင်းမှာ လက်အိတ်စွတ်ထားတဲ့အတိုင်း လက်ကိုမဆေးဘူးဆိုရင်တော့ ရောဂါကူးနိုင်ပါတယ်ဆိုတဲ့အကြောင်းကို သူနာပြုလေးတစ်ဦးက ဒီလိုရှင်းပြထားပါတယ်။တကယ်လို့ ကိုယ်က တစ်စုံတစ်ခုကို ကိုင်တွယ်ပြီးတိုင်း လက်မဆေးဘူးဆိုရင် လက်အိတ်ဝတ်ထားလည်း ရောဂါပိုး‌တွေ ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် လက်အိတ်ဝတ်ချင်တယ်ဆိုရင်လည်း ရပါတယ်။ သို့သော် အရာဝတ္ထုများမှတစ်ဆင့် ကူးစက်ခြင်း (Cross Contamination) ကိုတော့ သတိထားသင့်ပါတယ်။

ဥပမာပြရမယ်ဆို ကိုယ်က ကားထဲကနေ ကုန်စုံဆိုင်ကို သွားဖို့ လက်အိတ်ဝတ်ပြီး ဖုန်းကိုအိတ်ထဲထည့်ပြီး ယူခဲ့တယ် ဆိုပါစို့။ ပြီးရင် ကုန်စုံဆိုင်ထဲ ဝယ်ရမယ့်ပစ္စည်းတွေကို ပတ်ကြည့်နေရင်းနဲ့ အိမ်သာသုံးစက္ကူကို ဝယ်ဖို့ယူလိုက်ပြီး ဈေးခြင်းတောင်းထဲကို ထည့်လိုက်တဲ့အခါ ပိုးကပ်နေတဲ့ အိမ်သာသုံးစက္ကူက‌နေတဆင့် လက်အိတ်ကို ရောဂါပိုးတွေ ကပ်သွားတယ်‌ပေါ့။ ဒါပေမယ့်လဲ ရောဂါပိုးတွေဟာ ဈေးခြင်းတောင်းနဲ့ လက်အိတ်တွေပေါ်မှာပဲ ရှိသေးလို့ ကိစ္စတော့မရှိသေးပါဘူး။အဲ့မှာနောက်ထပ်ဝယ်ဖို့ ပစ္စည်းတွေ ထပ်ကြည့်နေချိန်မှာ ဖုန်းထဲကို Message ဝင်လာလို့ ထုတ်ကြည့်လိုက်ပြီး အမျိုးသားက ကြက်သားဝယ်ခဲ့လို့ ပြောထားလို့ ဝယ်ခဲ့မယ့်အကြောင်း လက်အိတ် ဝတ်လျက်နဲ့ပဲ Reply ပြန်လိုက်မိတယ်။

ပြီးရင်လဲ ပစ္စည်းတွေကို လိုက်ပတ်ကြည့်ရင်း အားလုံးကို လက်နဲ့ထိခဲ့တယ်။ အဲ့အချိန်မှာပဲ နှာခေါင်းကယားလာလို့ နှာခေါင်းကိုလဲ ကုတ်လိုက်သေးတယ်။ အဲ့ဒီအခါ ရောဂါပိုးတွေဟာ လက်အိတ်ကနေတဆင့် ဖုန်းမှာကပ်သွားပြီး လက်အိတ်နဲ့ နှာခေါင်းကို ထိလိုက်တဲ့အခါ နှာခေါင်းမှာလဲ ထိသွားပါတယ်။နောက်တစ်ခါ ဖုန်းမြည်လာလို့ ကိုင်လိုက်တော့လည်း ဖုန်းမှာ ရောဂါပိုးတွေက ကပ်နေပြီးပြီဆိုတော့ ဖုန်းနဲ့ထိမိလိုက်တဲ့ မျက်နှာကိုလည်း ရောဂါပိုးတွေက ထပ်ကပ်သွားပါရော။ ဈေးဝယ်ပြီးတဲ့အခါ ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ပြီး ကားဆီကိုပြန်သွား၊ လက်အိတ်ကိုလဲ ချွတ်လို့၊ အမှိုက်ပုံးထဲ သေချာထည့်ခဲ့တယ်ဆိုပြီး စိတ်ချလက်ချ နေလိုက်ပေမယ့် ရောဂါပိုးကကိုယ့်ဆီကို ကပ်ပါလာနေခဲ့ပြီးပါပြီ။

လက်အိတ်‌တွေ ဝတ်ထားလို့ ကိုယ့်လက်က သန့်တယ်ဆိုပေမယ့် အထက်ပါဥပမာတွေအရ အရာဝတ္ထုများမှ တဆင့် ကူးစက်ခြင်း (Cross Contamination) ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်အိတ်တွေ ဝတ်ထားပေမယ့် ဖုန်းများ၊ တံခါးလက်ကိုင်များ၊ ပြင်ပအရာဝတ္ထုများကို ထိတွေ့ခြင်းတွေကို အတတ်နိုင်ဆုံးရှောင်ကြည်ပါ။အသုံးပြုပြီးသားလက်အိတ်တွေကိုလဲ အမှိုက်ပုံးတွေမှာ စနစ်တကျစွန့်ပစ်ပါ။ အရေးကြီးဆုံးကတော့ လက်အိတ်ဝတ်ထားသည်ဖြစ်စေ၊ လက်ဗလာနဲ့ဖြစ်စေ လက်ကိုခဏခဏဆေးပါ။

Credit The Health Republic

Leave a Comment