ဆေးထိုးကြမ်းတဲ့သူငယ်ချင်း ပြေတီဦးဆီကနေ golfအိတ်လေး လက်ဆောင်ရရှိခဲ့တဲ့ ကိုပေါက်
Credit The Moon
Source-Aung Min Naing
UNICODE
ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ကိုပေါက်ကတော့ လက်ရှိမှာဒါရိုက်တာတစ်ယောက်အနေနဲ့လည်းအောင်မြင်မှုတွေရရှိနေပြီလို့ဆိုရမှာပါ။သူကတော့ နားလည်မှုအပြည့်ရှိတဲ့ ဇနီးလေးအပြင် ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူပါ။
ကိုပေါက်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးနဲ့ လည်း ဇာတ်ကားပေါင်းများစွာအတူရိုက်ကူးခဲ့ပြီး နှစ်ပေါင်းများစွာခင်မင်လာခဲ့တဲ့ သူငယ်ချင်းတွေ့ပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ကိုပေါက်က သူငယ်ချင်းတွေအပေါ်ကို အမြဲစနောက်တတ်တဲ့ ပြေတီဦးဆီကနေပြီး golfအိတ်လေး လက်ဆောင်ရရှိခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။
ကိုပေါက်ကတော့“ ကျွန်တော့သူငယ်ချင်းကဆေးထိုးကြမ်းပေမယ့် ကျွန်တော့ကို ချစ်ရှာပါတယ်။ကျွန်တော့ကိုနေလှန်းပြီး ရစ်ထားတဲ့golfအိပ်အခုတော့ရပါပြီဗျာ။ချစ်တယ် သူငယ်ချင်း။” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ကိုပေါက်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit The Moon
Source-Aung Min Naing
Leave a Comment