တကၠသိုလ္ဝင္တန္းေအာင္စာရင္းကို ၾသဂုတ္လမွ ေၾကညာႏိုင္ဖြယ္ရွိ

ဇြန္လ(၅)ရက္ေန႔ကစၿပီး ေျဖလႊာေတြကို စစ္ေဆးေတာ့မွာပါ။တကၠသိုလ္ ဝင္တန္းစာေမးပြဲေအာင္စာရင္းမ်ားကို ၾသဂုတ္လလယ္ေလာက္မွသာထြက္ရွိႏိုင္မွာျဖစ္ၿပီး ဇြန္လ(၅)ရက္ေန႔ကစတင္ကာ အေျဖလႊာေတြကို စစ္ေတာ့မယ္လို႔သိရပါတယ္။စာေမးပြဲေျဖလႊာစစစ္တဲ့ ေန႔ကစလို႔ ေအာင္စာရင္းျပဳစုတဲ့အခ်ိန္ထိ အခ်ိန္ကာလ (၆၃)ရက္အခ်ိန္ယူၿပီးဒီႏွစ္မွာေတာ့ (၅၅)ရက္နဲ႔ (၆၀)ရက္ၾကားမွာ အၿပီးလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ အခုမွ ေျဖလႊာစစ္ေဆးမႈကိုစတင္ေဆာင္႐ြက္ေနတာျဖစ္လို႔ ေအာင္စာရင္းထုတ္ျပန္မယ့္ရက္ကိုေတာ့ အစိုးရကပဲ တရားဝင္ထုတ္ျပန္မွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။

တကၠသိုလ္ဝင္တန္းေအာင္စာရင္းထုတ္ျပန္မယ့္ရက္ကို အစိုးရကတရားဝင္ေၾကညာပါလိမ့္မယ္။ အခုမွ ေျဖလႊာစစ္ေဆးမႈအပိုင္းေတြစတင္လုပ္ေဆာင္မွာဆိုေတာ့ အခ်ိန္ကာလအားျဖင့္ (၂)လေက်ာ္ေလာက္ၾကာပါတယ္။ အားလုံးစစ္ေဆးၿပီးရင္ေတာင္ အထက္ကတာဝန္ရွိသူေတြျပန္လည္ စိစစ္တာနဲ႔ ေအာက္ကိုျပန္လည္ၫႊန္ၾကားတာနဲ႔ဆို ဆရာတို႔ခန႔္မွန္းေျခအရဆိုရင္ေတာ့ ၾသဂုတ္လလယ္ေလာက္မွထြက္ႏိုင္မွာပါ” လို႔ ဦးတင္ေမာင္ဝင္းကေျပာပါတယ္။ စာစစ္က႑အပိုင္းမွာေတာ့ ယခင္ႏွစ္ေတြကအတိုင္း ဆရာ၊ဆရာမအင္အားကို ပုံမွန္သုံးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၉-၂၀၂၀ပညာသင္ႏွစ္ရဲ႕ တကၠသိုလ္ဝင္စာေမးပြဲႀကီးကို မတ္လ(၁၁)ရက္ေန႔ကေန (၂၀)ရက္ေန႔ထိ က်င္းပခဲ့တာျဖစ္ၿပီး ေက်ာင္းသား၊ေက်ာင္းသူ (၇)သိန္းေက်ာ္ဝင္ေရာက္ေျဖဆိုခဲ့တာလည္းျဖစ္ပါတယ္။ပုံမွန္အားျဖင့္ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္ေတြကို ဇြန္လအတြင္းမွာ ထြက္ရွိေလ့ရွိၿပီး COVID -19ကပ္ေရာဂါေၾကာင့္ ဒီႏွစ္မွာ အေျခခံေက်ာင္းေတြလည္း ဖြင့္ရက္ေနာက္က်ခဲ့သလို တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္စာရင္းထြက္ရွိတဲ့ရက္ပါ ေနာက္က်ခဲ့တာျဖစ္ပါတယ္။

Credit Duwun

UNICODE

ဇွန်လ(၅)ရက်နေ့ကစပြီး ဖြေလွှာတွေကို စစ်ဆေးတော့မှာပါ။တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်စာရင်းများကို သြဂုတ်လလယ်လောက်မှသာထွက်ရှိနိုင်မှာဖြစ်ပြီး ဇွန်လ(၅)ရက်နေ့ကစတင်ကာ အဖြေလွှာတွေကို စစ်တော့မယ်လို့သိရပါတယ်။စာမေးပွဲဖြေလွှာစစစ်တဲ့ နေ့ကစလို့ အောင်စာရင်းပြုစုတဲ့အချိန်ထိ အချိန်ကာလ (၆၃)ရက်အချိန်ယူပြီးဒီနှစ်မှာတော့ (၅၅)ရက်နဲ့ (၆၀)ရက်ကြားမှာ အပြီးလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုမှ ဖြေလွှာစစ်ဆေးမှုကိုစတင်ဆောင်ရွက်နေတာဖြစ်လို့ အောင်စာရင်းထုတ်ပြန်မယ့်ရက်ကိုတော့ အစိုးရကပဲ တရားဝင်ထုတ်ပြန်မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်စာရင်းထုတ်ပြန်မယ့်ရက်ကို အစိုးရကတရားဝင်ကြေညာပါလိမ့်မယ်။ အခုမှ ဖြေလွှာစစ်ဆေးမှုအပိုင်းတွေစတင်လုပ်ဆောင်မှာဆိုတော့ အချိန်ကာလအားဖြင့် (၂)လကျော်လောက်ကြာပါတယ်။ အားလုံးစစ်ဆေးပြီးရင်တောင် အထက်ကတာဝန်ရှိသူတွေပြန်လည် စိစစ်တာနဲ့ အောက်ကိုပြန်လည်ညွှန်ကြားတာနဲ့ဆို ဆရာတို့ခန့်မှန်းခြေအရဆိုရင်တော့ သြဂုတ်လလယ်လောက်မှထွက်နိုင်မှာပါ” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။ စာစစ်ကဏ္ဍအပိုင်းမှာတော့ ယခင်နှစ်တွေကအတိုင်း ဆရာ၊ဆရာမအင်အားကို ပုံမှန်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မတ်လ(၁၁)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ (၇)သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်တွေကို ဇွန်လအတွင်းမှာ ထွက်ရှိလေ့ရှိပြီး COVID -19ကပ်ရောဂါကြောင့် ဒီနှစ်မှာ အခြေခံကျောင်းတွေလည်း ဖွင့်ရက်နောက်ကျခဲ့သလို တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ရှိတဲ့ရက်ပါ နောက်ကျခဲ့တာဖြစ်ပါတယ်။

Credit Duwun

Leave a Comment