လူထုအခမ္းအနားမ်ားမွ ကင္ဂ်ဳံအန္းျပန္လည္ ေပ်ာက္ကြယ္ေနတာ သုံးပတ္ၾကာၿပီ

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ ၿပီးခဲ့တဲ့ သုံးပတ္အတြင္း လူထုအခမ္းအနားေတြကေန ေပ်ာက္ကြယ္ေနခဲ့ပါတယ္။လူထုအခမ္းအနားေတြမွာ သူမတက္တာ မွန္ေပမယ့္ ဒီႏွစ္လအတြင္း ႏိုင္ငံပိုင္ မီဒီယာေတြမွာ သူ႔႐ုပ္ပုံကို မေတြ႕ရတာ သုံးပတ္ရွိၿပီလို႔ ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားဟာ COVID-19 အတည္ျပဳလူနာ အခုထိ မေတြ႕ရေသးဘဲ ေခါင္းေဆာင္ ကင္ ဘယ္ေရာက္ေနလဲဆိုတာလည္း ႏိုင္ငံတကာမီဒီယာေတြမွာ အတည္မျပဳႏိုင္ေသးပါဘူး။

ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာဟာ ကင္ရဲ႕ပုံကို ေမ ၁ ရက္ေန႔က ဓာတ္ေျမဩဇာစက္႐ုံဖြင့္ပြဲတခုမွာ ေဖာ္ျပခဲ့တာကို ႐ိုက္တာသတင္းက ေရးသားထားပါတယ္။ေျမာက္ကိုရီးယားဟာ လူဦးေရ ၂၅ ဒသမ ၅ သန္းရွိၿပီး န်ဴလက္နက္ပိုင္ဆိုင္တဲ့ ႏိုင္ငံတခု ျဖစ္ပါတယ္။

Credit The Lifestyle Myanmar

UNICODE

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြီးခဲ့တဲ့ သုံးပတ်အတွင်း လူထုအခမ်းအနားတွေကနေ ပျောက်ကွယ်နေခဲ့ပါတယ်။လူထုအခမ်းအနားတွေမှာ သူမတက်တာ မှန်ပေမယ့် ဒီနှစ်လအတွင်း နိုင်ငံပိုင် မီဒီယာတွေမှာ သူ့ရုပ်ပုံကို မတွေ့ရတာ သုံးပတ်ရှိပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြောက်ကိုရီးယားဟာ COVID-19 အတည်ပြုလူနာ အခုထိ မတွေ့ရသေးဘဲ ခေါင်းဆောင် ကင် ဘယ်ရောက်နေလဲဆိုတာလည်း နိုင်ငံတကာမီဒီယာတွေမှာ အတည်မပြုနိုင်သေးပါဘူး။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဟာ ကင်ရဲ့ပုံကို မေ ၁ ရက်နေ့က ဓာတ်မြေဩဇာစက်ရုံဖွင့်ပွဲတခုမှာ ဖော်ပြခဲ့တာကို ရိုက်တာသတင်းက ရေးသားထားပါတယ်။မြောက်ကိုရီးယားဟာ လူဦးရေ ၂၅ ဒသမ ၅ သန်းရှိပြီး နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

Credit The Lifestyle Myanmar

Leave a Comment