“ဧရာဝတီတိုင္းေဒသႀကီးရဲ႕အိမ္ေျခ(၇၀၀)ကသူေတြအတြက္ သိန္း(၇၀)ကုိ သြားေရာက္လႉဒါန္းခဲ့တဲ့ ဇာတ္ခီနဲ႔ FCPNအဖြဲ႔သားမ်ား”

ခီေမာင္ႏွံလို႔ ပရိသတ္ေတြက ခ်စ္စႏိုးအျဖစ္တင္စား​ေခၚေဝၚခဲ့ၾကတဲ့ မင္းသားေခ်ာ ဇာဏ္ခီနဲ႔ ဒါ႐ုိက္တာခရစၥတီးနားခီတို႔နဲ႔အထူးတလည္မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ သူတို႔ဇနီးေမာင္ႏွံကေတာ့ အႏုပညာေလာကထဲကုိစဝင္လာကတည္းက အႏုပညာကုိ တကယ့္အခ်စ္စစ္မွန္တာေၾကာင့္ ထြက္သမ်ွ႐ုပ္႐ွင္တိုင္းက ေအာင္ျမင္မႈေတြရ႐ွိပုိင္ဆိုင္ေနတဲ့သူေတြဆိုလည္း မမွားေလာက္ပါဘူးေနာ္။ Covid-19ေရာဂါစျဖစ္ကတည္းက လိုအပ္ေနတဲ့ျပည္သူေတြကုိ လႉဒါန္းဖို႔အတြက္ FCPNေဖာင္းေဒး႐ွင္းေထာင္ကာ ကုိယ္တိုင္သြားေရာက္လႉဒါန္းတဲ့ ပရဟိတဇနီးေမာင္ႏွံပဲျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ခီေမာင္ႏွံက”ဧရာဝတီတိုင္း၊ အိမ္မဲၿမိဳ့ရွိ အက်ပ္အတည္းျဖစ္ေနေသာျပည္သူမ်ားအတြက္ FCPN မွ အိမ္ေျခ(၇၀၀)စာ ေငြက်ပ္(၇၀)သိန္းကို တာဝန္ယူျဖန္႔ေဝေပးမည့္ “နယ္စည္းမျခားစာနာသူမ်ား” ပရဟိတအဖြဲ႕အား We Love Yangon Headquarter ၌ ယေန႔ (၂၂.၅.၂၀၂၀ ေသာၾကာေန႔)တြင္ ေပးအပ္လွူဒါန္းခဲ့ပါသည္။ နယ္စည္းမျခားစာနာသူမ်ားအဖြဲ႕ ႏွင့္ We Love Yangon volunteer မ်ားေပါင္းစည္း၍ အိမ္ေျခ(၇၀၀) အတြက္စာအိတ္မ်ားကို စနစ္တက် ျဖန္႔ေဝေပးသြားမွာျဖစ္ပါသည္။ဂုဏ္ျပဳမွတ္တမ္းလႊာမွ နက္ရွိူင္းေသာေက်းဇူးတင္စကားကိုလည္း အလွူ႔ရွင္မ်ားဝမ္းသာၾကည္ႏူး သာဓုေခၚနိုင္ရန္တင္ျပလိုက္ပါသည္။

“COVID19 ကပ္ကာလအတြင္း အတိဒုကၡေရာက္ၾကေသာ ျမန္မာျပည္သူလူထုအတြက္ လူသားခ်င္းစာနာေထာက္ထာမွုစိတ္ဓာတ္ျဖင့္ ရက္ေရာစြာ ေပးကမ္းလွူဒါန္းမွု့အေပၚ အထူးပင္ေက်းဇူးတင္ရွိပါသည္။လူႀကီးမင္းတို့၏ျပည့္ဝေသာေမတၱာတရား၊ သဒၶါတရားအေပၚ ဤဂုဏ္ျပဳမွတ္တမ္းသည္ ေသးငယ္ပါးလႊာေသာ္ျငားလည္း ဤစာလႊာပါးထဲတြင္ျပည္သူျပည္သားမ်ား၏ ေက်းဇူးတင္ျခင္း၊ ဝမ္းသာၾကည္ႏူးျခင္းမ်ား သိပ္သည္းစြာျပည့္ဝပါဝင္ေနပါလိမ့္မည္။ ေသာကမ်က္ရည္မ်ားကို သုပ္ေပးခြင့္ရေသာ လူႀကီးမင္းတို့အၾကင္နာလက္မ်ားအတြက္ ဤဂုဏ္ျပဳမွတမ္းလႊာကို ေပးအပ္ခြင့္ရေသာ နယ္စည္းမျခားစာနာသူမ်ားပရဟိတအဖြဲ႕မွလည္း ေက်းဇူးတင္ဝမ္းေျမာက္ဂုဏ္ယူပါတယ္”လို႔ဆိုကာ ပရိသတ္​ေတြအတြက္ျပန္လည္ၿပီးမ်ွ​ေဝ​ေပးလိုက္ပါတယ္​။ ပရိသတ္ႀကီးကလည္း ခီေမာင္ႏွံနဲ႔အတူ ပါဝင္လႉဒါန္းေပးတဲ့အလႉ႐ွင္ေတြအတြက္ သာဓုေခၚဆိုေပးခဲ့ၾကအုံးေနာ္။

Soure…Zenn Kyi’s Facebook
Credit CeleConnections

UNICODE

ခီမောင်နှံလို့ ပရိသတ်တွေက ချစ်စနိုးအဖြစ်တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ မင်းသားချော ဇာဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့နဲ့အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အနုပညာလောကထဲကိုစဝင်လာကတည်းက အနုပညာကို တကယ့်အချစ်စစ်မှန်တာကြောင့် ထွက်သမျှရုပ်ရှင်တိုင်းက အောင်မြင်မှုတွေရရှိပိုင်ဆိုင်နေတဲ့သူတွေဆိုလည်း မမှားလောက်ပါဘူးနော်။ Covid-19ရောဂါစဖြစ်ကတည်းက လိုအပ်နေတဲ့ပြည်သူတွေကို လှူဒါန်းဖို့အတွက် FCPNဖောင်းဒေးရှင်းထောင်ကာ ကိုယ်တိုင်သွားရောက်လှူဒါန်းတဲ့ ပရဟိတဇနီးမောင်နှံပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခီမောင်နှံက”ဧရာဝတီတိုင်း၊ အိမ်မဲမြို့ရှိ အကျပ်အတည်းဖြစ်နေသောပြည်သူများအတွက် FCPN မှ အိမ်ခြေ(၇၀၀)စာ ငွေကျပ်(၇၀)သိန်းကို တာဝန်ယူဖြန့်ဝေပေးမည့် “နယ်စည်းမခြားစာနာသူများ” ပရဟိတအဖွဲ့အား We Love Yangon Headquarter ၌ ယနေ့ (၂၂.၅.၂၀၂၀ သောကြာနေ့)တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။ နယ်စည်းမခြားစာနာသူများအဖွဲ့ နှင့် We Love Yangon volunteer များပေါင်းစည်း၍ အိမ်ခြေ(၇၀၀) အတွက်စာအိတ်များကို စနစ်တကျ ဖြန့်ဝေပေးသွားမှာဖြစ်ပါသည်။ဂုဏ်ပြုမှတ်တမ်းလွှာမှ နက်ရှိူင်းသောကျေးဇူးတင်စကားကိုလည်း အလှူ့ရှင်များဝမ်းသာကြည်နူး သာဓုခေါ်နိုင်ရန်တင်ပြလိုက်ပါသည်။

“COVID19 ကပ်ကာလအတွင်း အတိဒုက္ခရောက်ကြသော မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထာမှုစိတ်ဓာတ်ဖြင့် ရက်ရောစွာ ပေးကမ်းလှူဒါန်းမှု့အပေါ် အထူးပင်ကျေးဇူးတင်ရှိပါသည်။လူကြီးမင်းတို့၏ပြည့်ဝသောမေတ္တာတရား၊ သဒ္ဓါတရားအပေါ် ဤဂုဏ်ပြုမှတ်တမ်းသည် သေးငယ်ပါးလွှာသော်ငြားလည်း ဤစာလွှာပါးထဲတွင်ပြည်သူပြည်သားများ၏ ကျေးဇူးတင်ခြင်း၊ ဝမ်းသာကြည်နူးခြင်းများ သိပ်သည်းစွာပြည့်ဝပါဝင်နေပါလိမ့်မည်။ သောကမျက်ရည်များကို သုပ်ပေးခွင့်ရသော လူကြီးမင်းတို့အကြင်နာလက်များအတွက် ဤဂုဏ်ပြုမှတမ်းလွှာကို ပေးအပ်ခွင့်ရသော နယ်စည်းမခြားစာနာသူများပရဟိတအဖွဲ့မှလည်း ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါတယ်”လို့ဆိုကာ ပရိသတ်တွေအတွက်ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ခီမောင်နှံနဲ့အတူ ပါဝင်လှူဒါန်းပေးတဲ့အလှူရှင်တွေအတွက် သာဓုခေါ်ဆိုပေးခဲ့ကြအုံးနော်။

Soure…Zenn Kyi’s Facebook
Credit CeleConnections)

Leave a Comment