ရုပ်ရှင်အစည်းအရုံးရဲ့လှူတန်းမှုကို ငွေထပ်စိုက်ပြီး လိုအပ်နေသူတွေကို ထပ်မံလှူတန်းခဲ့တဲ့ ဒိန်းဒေါင်




Credit Cele Zone
Photo – Dain Daung

UNICODE

ပရိသတ်တွေကိုပျော်ရွှင်အောင်ဖန်တီးပေးတဲ့ ဟာသ သရုပ်ဆောင်ဒိန်းဒေါင်ဟာ ပျော်ရွှင်အောင် ဖန်တီးပေးရုံမကဘဲ လိုအပ်နေသူတွေ အတွက် ဝမ်းစာပြည့်ဖို့ကိုလည်း တတ်နိုင်တဲ့ဖက်က ကူညီတတ်ပါသေးတယ်။ ဒီနေ့မှာလည်း ရုပ်ရှင်အစည်းအရုံးက လှူတန်းတဲ့ ဆန် ဆီ ပဲနဲ့ ငွေတစ်သောင်းကို လိုအပ်သူတွေအတွက် ပြန်လည်လှူတန်းပေးခဲ့ပါသေးတယ်။

ရုပ်ရှင်လောကသားတွေအတွက် ထောက်ပံ့တဲ့အစီအစဉ်ဖြစ်လို့ ထောက်ပံ့မှုကိုလက်ခံခဲ့ပြီး တကယ်လိုအပ်နေတဲ့သူတွေအတွက် ငွေထပ်စိုက်ပြီး လှူတန်းခဲ့ပါတယ်။ အခုလိုအချိန်မှာ လိုအပ်နေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက်လေး ကူညီတာဟာလည်း ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။

သူ့ရဲ့အလှူလေးကို ” ရုပ်ရှင်အစည်းရုံးက ဆန် ဆီ ပဲ ငွေတစ်သောင်းအား ဒါရိုက်တာ တစ်ယောက်အဖြစ် အသိမှတ်ပြုပြီးပေးခဲ့ပါတယ် အလှူရှင်လဲကုသိုလ်ရကိုယ်လဲကုသိုလ်ရ အောင် ဆီတစ်ဗူးထပ်စိုက်ပြီး မရှိတဲ့ မုဆိုးမနှစ်ဦးကိုပြန်လှူခဲ့ပါတယ်နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit Cele Zone
Photo – Dain Daung

Leave a Comment