အေမရိကန္ႏိုင္ငံအေနနဲ႔Covid-19 ကုသေဆး သန္း ၃၀၀ ႀကိဳတင္မွာယူ

အေမရိကန္အစိုးရအေနနဲ႔ လက္ရွိအခ်ိန္မွာ စမ္းသပ္မႈျပဳလုပ္ေနၿပီး ေအာက္တိုဘာလမွာ အေစာဆုံး ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားတဲ့ AstraZeneca နဲ႔ ေအာက္စ္ဖိုဒ့္တၠသိုလ္တို႔ ပူးေပါင္းျပဳလုပ္ေနတဲ့ ကုသေဆးဝါး သန္း ၃၀၀ ခန႔္ကို ႀကိဳတင္မွာယူထားတယ္လို႔ ၾကာသာပေတးေန႔က က်န္းမာေရးနဲ႔လူအရင္းအျမစ္ဌာနက ေျပာဆိုလိုက္ပါတယ္။

အဆိုပါ ေဆးဝါးကို AstraZeneca နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုထုတ္လုပ္စမ္းသပ္ေနတာျဖစ္ၿပီးေတာ့ အက်ိဳးအာနိသင္ စိတ္ခ်ရဖို႔ ေမွ်ာလင့္ေနၿပီး ၂၀၂၁ ခုႏွစ္မွာ ကမာၻတစ္ဝန္းက်ယ္က်ယ္ျပန႔္ျပန႔္ရရွိႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ဆိုပါတယ္။အေမရိကန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ Covid-19 ဒဏ္ကို အဆိုး႐ြားဆုံး ထိခိုက္ခံစားေနရတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ကူးစက္မႈစုစုေပါင္း ၁.၅ သန္းနဲ႔ ေသဆုံးသူ ၉၃၀၀၀ ေက်ာ္ရွိတယ္လို႔ ဂြၽန္ေဟာ့ကင္းတကၠသိုလ္ကထုတ္ျပန္ခ်က္ေတြအရ သိရွိရပါတယ္။

ကမာၻတစ္ဝန္းမွာေတာ့ လူေပါင္း ၅ သန္းေက်ာ္ ကူးစက္ခံရၿပီးျဖစ္ကာ ေသဆုံးသူစုစုေပါင္းကေတာ့ ၃၂၉၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ အေမရိကန္က ကူးစက္မႈအမ်ားဆုံးနဲ႔ ေသဆုံးမႈအမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ၎ရဲ႕ေနာက္မွာေတာ့ ႐ုရွားနဲ႔ ဘရာဇီးက ကပ္လိုက္လ်က္ရွိပါတယ္။ဥေရာကတစ္ခြင္မွာေတာ့ Covid-19 ကူးစက္မႈျပန္လည္ၿငိမ္သက္ေနၿပီျဖစ္ၿပီး စပိန္၊အီတလီ၊ျပင္သစ္ အစရွိတဲ့ ႏိုင္ငံေတြအေနနဲ႔ ကန႔္သတ္ခ်က္ေတြကို ဖယ္ေလွ်ာ့လိုက္ၿပီး စီးပြားေရးလုပ္ငန္းေတြနဲ႔ အျခား ျပည္သူ႔ဝန္ေဆာင္မႈ လုပ္ငန္းေတြကို ျပန္လည္စတင္ေနၿပီျဖစ္ပါတယ္။

Credit We Media

UNICODE

အမေရိကန်အစိုးရအနေနဲ့ လက်ရှိအချိန်မှာ စမ်းသပ်မှုပြုလုပ်နေပြီး အောက်တိုဘာလမှာ အစောဆုံး ရရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့ AstraZeneca နဲ့ အောက်စ်ဖိုဒ့်တ္ကသိုလ်တို့ ပူးပေါင်းပြုလုပ်နေတဲ့ ကုသဆေးဝါး သန်း ၃၀၀ ခန့်ကို ကြိုတင်မှာယူထားတယ်လို့ ကြာသာပတေးနေ့က ကျန်းမာရေးနဲ့လူအရင်းအမြစ်ဌာနက ပြောဆိုလိုက်ပါတယ်။

အဆိုပါ ဆေးဝါးကို AstraZeneca နဲ့စာချုပ်ချုပ်ဆိုထုတ်လုပ်စမ်းသပ်နေတာဖြစ်ပြီးတော့ အကျိုးအာနိသင် စိတ်ချရဖို့ မျှောလင့်နေပြီး ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုပါတယ်။အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ Covid-19 ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကူးစက်မှုစုစုပေါင်း ၁.၅ သန်းနဲ့ သေဆုံးသူ ၉၃၀၀၀ ကျော်ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ကထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ လူပေါင်း ၅ သန်းကျော် ကူးစက်ခံရပြီးဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၃၂၉၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ အမေရိကန်က ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပြီး ၎င်းရဲ့နောက်မှာတော့ ရုရှားနဲ့ ဘရာဇီးက ကပ်လိုက်လျက်ရှိပါတယ်။ဥရောကတစ်ခွင်မှာတော့ Covid-19 ကူးစက်မှုပြန်လည်ငြိမ်သက်နေပြီဖြစ်ပြီး စပိန်၊အီတလီ၊ပြင်သစ် အစရှိတဲ့ နိုင်ငံတွေအနေနဲ့ ကန့်သတ်ချက်တွေကို ဖယ်လျှော့လိုက်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အခြား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။

Credit We Media

Leave a Comment