ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအတြက္ အာမ မခံႏိုင္ဟု အေမရိကန္သိပၸံပညာရွင္သတိေပး

ကမာၻတစ္ဝန္းတြင္ ကိုဗစ္-၁၉ ကူးစက္ခံရသူဦးေရသည္ ၾကာသပေတးေန႔၌ ငါးသန္းေက်ာ္သြားစဥ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘယ္ေသာအခါမွ် ရွာေတြ႕ႏိုင္မည္မဟုတ္ေၾကာင္း HIV/AIDS ႏွင့္ကင္ဆာေရာဂါမ်ားကို ေရွးဦးသုေတသနျပဳခဲ့သည့္ ထိပ္တန္းအေမရိကန္သိပၸံညာရွင္ William Haseltine က သတိေပးေျပာၾကားလိုက္သည္။ကိုဗစ္-၁၉ ကာကြယ္ေဆးက ထြက္ေပၚလာႏိုင္ေပမယ့္ အားကိုးလို႔မျဖစ္ဘူး” ဟု သိပၸံပညာရွင္ William Haseltine က ေျပာသည္။ ေလာ့ေဒါင္းမ်ားျပန္လည္စတင္လုပ္ေဆာင္ေနသည့္ႏိုင္ငံမ်ားသည္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ရန္ ကူးစက္မႈေျခရာခံျခင္းႏွင့္ တင္းက်ပ္ေသာ သီးသန႔္ေနျခင္းစီမံခ်က္မ်ား လုပ္ေဆာင္သင့္သည္ဟု Haseltine က ႐ိုက္တာသတင္းဌာနကို ေျပာသည္။

ထိုနည္းလမ္းမ်ားသည္ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ေရာဂါပ်ံ႕ႏွံ႔မႈကို သက္သာေစၿပီး ေအာင္ျမင္ေၾကာင္း သာဓကရွိေသာ္လည္း တစ္ကမာၻလုံးအတိုင္းအတာႏွင့္ ကူးစက္သူအေရအတြက္မွာ ဆက္လက္ျမင့္တက္ေနဆဲျဖစ္သည္။ ၾကာသပေတးေန႔မနက္ပိုင္းထိစာရင္းအရ ကိုဗစ္-၁၉ ေၾကာင့္ေသဆုံးသူ ၃၂၈ ၀၀၀ ထက္မနည္းရွိၿပီး ၅ ၀၀၁ ၄၉၄ ဦး ကူးစက္ခံထားရေၾကာင္း ဂြၽန္ေဟာ့ပ္ကင္းစ္တကၠသိုလ္က ထုတ္ျပန္ထားသည္။ အေမရိကန္တြင္ ေသဆုံးသူ ၉၅ ၀၀၃ ဦးႏွင့္ ေရာဂါကူးစက္သူေပါင္း ၁.၅ သန္းေက်ာ္ရွိသည္။

တစ္ကမာၻလုံးတြင္ ကာကြယ္ေဆးမ်ားကို အၿပိဳင္အဆိုင္စမ္းသပ္ေနၾကၿပီး ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွ ၎တို႔စမ္းသပ္မႈေအာင္ျမင္ပါက စက္တင္ဘာလတြင္ ကာကြယ္ေဆးရႏိုင္မည္ဟု ဆိုထားသလို မက္ဆာခ်ဴးဆက္အေျခစိုက္ ဇီဝနည္းပညာကုမၸဏီ Moderna ကလည္း ၎တို႔၏ ကာကြယ္ေဆး ပထမအဆင့္စမ္းသပ္မႈသည္ ဒုတိယအဆင့္စမ္းသပ္မႈ ဆက္လုပ္ႏိုင္ေလာက္ေအာင္ ေအာင္ျမင္သည္ဟု ယခုသီတင္းပတ္တြင္ ေၾကညာခဲ့သည္။ေရာဂါကူးစက္ႏႈန္းမ်ားမွာလည္း ေၾကာက္ခမန္းလိလိျဖစ္ေနၿပီး ၂၄ နာရီအတြင္းတြင္ ကမာၻအဝွမ္း၌ ကူးစက္သူ ၁၀၆ ၀၀၀ ဦးရွိသည္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ဗုဒၶဟူးေန႔တြင္ ေျပာသည္။

သို႔ေသာ္ ယခင္က ကို႐ိုနာဗိုင္းရပ္စ္အမ်ိဳးအစားအတြက္ထုတ္ခဲ့ေသာ ကာကြယ္ေဆးမ်ားသည္ ဗိုင္းရပ္စ္ က လူ႔ခႏၶာကိုယ္ထဲ ဝင္ေရာက္ရာေနရာျဖစ္သည့္ ႏွာေခါင္းအတြင္းရွိ ခြၽဲအေျမႇးပါးကို မကာကြယ္ေပးႏိုင္ဟု Haseltine ဆိုသည္။ တိရစာၦန္မ်ားျဖင့္ စမ္းသပ္ထားေသာ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားသည္ အဆုတ္ကဲ့သို႔ေသာ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားတြင္ ဗိုင္းရပ္စ္ပမာဏ ေလ်ာ့သြားသည္ကို ေတြ႕ရွိႏိုင္ေသာ္လည္း ကူးစက္မႈမွာ ဆက္ျဖစ္ေနေသးသည္။ ထိေရာက္ေသာကုသမႈႏွင့္ ကာကြယ္ေဆးမရွိပါက ဗိုင္းရပ္စ္ကူးစက္သူမ်ားကို အတည္ျပဳကာ သီးသန႔္ထားျခင္းျဖင့္ ထိန္းခ်ဳပ္ႏိုင္ေၾကာင္း၊ လူမ်ားသည္ ႏွာေခါင္းစည္းတပ္ျခင္း၊ လက္ေဆးျခင္း၊ အရာဝတၳဳမ်က္ႏွာျပင္မ်ားသန႔္ရွင္းျခင္းႏွင့္ ခပ္ခြါခြါေနျခင္းမ်ား လုပ္သင့္ေၾကာင္း Haseltine က အႀကံျပဳေျပာဆိုထားသည္။

ကိုဗစ္-၁၉ နာလန္ထလူနာမ်ားလႉဒါန္းထားေသာ ေသြးရည္ၾကည္မ်ားကို ဗိုင္းရပ္ကူးစက္ခံရေသာလူနာမ်ားအတြက္ အသုံးျပဳေနၾကၿပီး hyperimmune globulin ေခၚ သန႔္စင္ထားေသာ ေသြးရည္ၾကည္ပုံစံအသစ္ျဖင့္ ထုတ္လုပ္ရန္ ေဆးဝါးထုတ္လုပ္သူမ်ားက ႀကိဳးစားေနၾကသည္။

Credit mizzimaburmese

UNICODE

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေသည် ကြာသပတေးနေ့၌ ငါးသန်းကျော်သွားစဉ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘယ်သောအခါမျှ ရှာတွေ့နိုင်မည်မဟုတ်ကြောင်း HIV/AIDS နှင့်ကင်ဆာရောဂါများကို ရှေးဦးသုတေသနပြုခဲ့သည့် ထိပ်တန်းအမေရိကန်သိပ္ပံညာရှင် William Haseltine က သတိပေးပြောကြားလိုက်သည်။ကိုဗစ်-၁၉ ကာကွယ်ဆေးက ထွက်ပေါ်လာနိုင်ပေမယ့် အားကိုးလို့မဖြစ်ဘူး” ဟု သိပ္ပံပညာရှင် William Haseltine က ပြောသည်။ လော့ဒေါင်းများပြန်လည်စတင်လုပ်ဆောင်နေသည့်နိုင်ငံများသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ကူးစက်မှုခြေရာခံခြင်းနှင့် တင်းကျပ်သော သီးသန့်နေခြင်းစီမံချက်များ လုပ်ဆောင်သင့်သည်ဟု Haseltine က ရိုက်တာသတင်းဌာနကို ပြောသည်။

ထိုနည်းလမ်းများသည် အချို့နိုင်ငံများတွင် ရောဂါပျံ့နှံ့မှုကို သက်သာစေပြီး အောင်မြင်ကြောင်း သာဓကရှိသော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကူးစက်သူအရေအတွက်မှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ကြာသပတေးနေ့မနက်ပိုင်းထိစာရင်းအရ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၃၂၈ ၀၀၀ ထက်မနည်းရှိပြီး ၅ ၀၀၁ ၄၉၄ ဦး ကူးစက်ခံထားရကြောင်း ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်က ထုတ်ပြန်ထားသည်။ အမေရိကန်တွင် သေဆုံးသူ ၉၅ ၀၀၃ ဦးနှင့် ရောဂါကူးစက်သူပေါင်း ၁.၅ သန်းကျော်ရှိသည်။

တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေးများကို အပြိုင်အဆိုင်စမ်းသပ်နေကြပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ၎င်းတို့စမ်းသပ်မှုအောင်မြင်ပါက စက်တင်ဘာလတွင် ကာကွယ်ဆေးရနိုင်မည်ဟု ဆိုထားသလို မက်ဆာချူးဆက်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna ကလည်း ၎င်းတို့၏ ကာကွယ်ဆေး ပထမအဆင့်စမ်းသပ်မှုသည် ဒုတိယအဆင့်စမ်းသပ်မှု ဆက်လုပ်နိုင်လောက်အောင် အောင်မြင်သည်ဟု ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။ရောဂါကူးစက်နှုန်းများမှာလည်း ကြောက်ခမန်းလိလိဖြစ်နေပြီး ၂၄ နာရီအတွင်းတွင် ကမ္ဘာအဝှမ်း၌ ကူးစက်သူ ၁၀၆ ၀၀၀ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

သို့သော် ယခင်က ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအတွက်ထုတ်ခဲ့သော ကာကွယ်ဆေးများသည် ဗိုင်းရပ်စ် က လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ရာနေရာဖြစ်သည့် နှာခေါင်းအတွင်းရှိ ချွဲအမြှေးပါးကို မကာကွယ်ပေးနိုင်ဟု Haseltine ဆိုသည်။ တိရစ္ဆာန်များဖြင့် စမ်းသပ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် အဆုတ်ကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဗိုင်းရပ်စ်ပမာဏ လျော့သွားသည်ကို တွေ့ရှိနိုင်သော်လည်း ကူးစက်မှုမှာ ဆက်ဖြစ်နေသေးသည်။ ထိရောက်သောကုသမှုနှင့် ကာကွယ်ဆေးမရှိပါက ဗိုင်းရပ်စ်ကူးစက်သူများကို အတည်ပြုကာ သီးသန့်ထားခြင်းဖြင့် ထိန်းချုပ်နိုင်ကြောင်း၊ လူများသည် နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ အရာဝတ္ထုမျက်နှာပြင်များသန့်ရှင်းခြင်းနှင့် ခပ်ခွါခွါနေခြင်းများ လုပ်သင့်ကြောင်း Haseltine က အကြံပြုပြောဆိုထားသည်။

ကိုဗစ်-၁၉ နာလန်ထလူနာများလှူဒါန်းထားသော သွေးရည်ကြည်များကို ဗိုင်းရပ်ကူးစက်ခံရသောလူနာများအတွက် အသုံးပြုနေကြပြီး hyperimmune globulin ခေါ် သန့်စင်ထားသော သွေးရည်ကြည်ပုံစံအသစ်ဖြင့် ထုတ်လုပ်ရန် ဆေးဝါးထုတ်လုပ်သူများက ကြိုးစားနေကြသည်။

Credit mizzimaburmese

Leave a Comment